#တစ်ဦးတည်းပိုင်နှလုံးသား🧡၁၀

863 41 1
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၁၀)

Gulf ပိတ်ရက် Projectကိစ္စတွေလုပ်ရင်း
Phiကိုလဲသတိရမိသည်
အရင်ကတစ်ယောက်တည်းနေသားကျတတ်ပေမယ့်
ခုတော့ပျင်းနေသလို
ကျောင်းတက်တုန်းကလဲ
အပေါင်းသင်းဆိုလို့ Champတစ်ယောက်ကလွဲ
ကျန်တာ လမ်းတွေနှုတ်ဆက်ရုံသာ
ခုChampကလဲတစ်ခြားcompanyတစ်ခုမှာ
Internဆင်းနေလေရဲ့

Phiပြောတဲ့အလုပ်လုပ်ဖို့ကလဲစဥ်းစားရမည်
တစ်ခြားမှာအလုပ်ရှာရင်လဲကျောင်းပြီးစ
အလုပ်ကမလွယ်
တစ်ခါတစ်လေလောက်
ဘယ်သူ့အမြင်မှမတွေးပဲ
Phiပြောသလို
Phiဆီမှာလုပ်တာပဲကောင်းပါတယ်လေ
ဘာသာစကားသင်တန်းလဲတတ်ဖို့စုံစမ်းရအုံးမယ်
ကျောင်းလဲသွားရအုံးမယ်
ဟူး
Phiရှိရင်ကောင်းမှာ
ခုတလောစိတ်ထဲလဲ Phi Phiဖြစ်နေတော့တာပဲ
Gulfကိုယ့်ဘာသာတွေးရင်းသဘောကျနေမိသည်

ပိတ်ရက်ပြီးလို့
ရုံးတတ်တော့Phi ကပြန်မလာသေး
လေးရက်ကြာမယ်ပြောတာပဲလေ
Gulf အလုပ်ထဲသာစိတ်နှစ်ထားလိုက်သည်
ထမင်းစားချိန်ရောက်တော့
canteenမှာထမင်းသွားစားပြီး
ခေါင်းမိုးထပ်လဲမရောက်ဖြစ်

နောက်တစ်ရက်ကြာတော့
Mewပြန်ရောက်လာသည်
ဟိုက ဆွေးနွေးခဲ့တဲ့အကြောင်းတွေ
ရှယ်ယာရှင်တွေကို အစည်းအဝေးပြန်လုပ်နှင့်
တစ်နေကုန်အလုပ်ရှုပ်နေခဲ့သည်

Gulf လဲ Phi ပြန်ရောက်နေမှန်းသိလိုက်သည်
Phiတော်တော်အလုပ်ရှုပ်နေတာနေမှာ

ညနေရုံးဆင်းတော့
ကား parkingက Gulf ကားနား
Phiကိုတွေ့ရသည်

Gulf>>>အဲ Phi
ဘာလုပ်တာလဲကျွန်တော်ကားနား

Mew>>>ဟော ရန်တွေ့ဖို့ကအရင်ကွာ
Nongကိုသတိရလို့လေ
မတွေ့ရတာဘယ်လောက်ကြာပြီလဲ

Gulf မျက်နှာလေးရဲသွားသည်
အွီ ငါကဘာတွေရှက်
Gulfစိတ်ထိန်းစမ်း

Gulf>>>Phiရာရုံးဆင်းချိန်သူများတွေမြင်နေမှ
phဆက်လိုက်ပေါ့တစ်နေရာလာတွေ့မှာပေါ့

Mew>>>မသိဘူး ခုတွေ့ချင်နေတာ
ကိုယ့်ကားလဲအိမ်ပြန်ခိုင်းလိုက်ပြီ
ခုNongနဲ့လိုက်မလို့

Gulf>>>ဘယ် ဘယ်ကိုလိုက်မှာလဲ
Gulfအံ့သြစွာ

Mew>>>ခင်တာကြာပြီလေ
Nong Condoလဲကိုယ်မရောက်ဘူးဘူး

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Opowieści tętniące życiem. Odkryj je teraz