#တစ်ဦးတည်းပိုင်နှလုံးသား🧡Zawgyi21

389 13 2
                                    

တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၂၁)

Gulfသင်တန်းကလဲဒီနေ့ပြီးပြီမို့
အိမ်ပြန်ရင်ကောင်းမလားစဥ်းစားလိုက်သည်
Phiလဲပြန်မလာသေး
နောက်လဆိုရင်အလုပ်ကလဲဝင်ရတော့မယ်
အားတုန်းလေးပြန်ထားမှ
တွေးပြီးအိမ်ပြန်ရန် ထည့်စရာရှိတာ
နည်းနည်းပါးပါးထည့်လိုက်သည်

တီတောင် တီတောင်
ဟင်Phiလား
Gulfတံခါးအမြန်ဖွင့်ပေးလိုက်သည်
မြင်လိုက်ရသူက
မျှော်နေသူမဟုတ်
အဲ Champ

Champ>>>ပျောက်ချက်သားကောင်းနေလို့
လာရှာတာGulf ရေ

Gulf>>>အင်းသင်တန်းနဲ့မအားလို့ပါကွာ
ခုတောင် သင်တန်းပြီးလို့အိမ်ခဏပြန်မလို့
မနက်ဖြန်

Champ>>>ဟာမပြန်နဲ့အုံး
မင်းကိုငါ့ချစ်သူနဲ့မိတ်ဆက်ပေးမလို့
ပြီးတော့နောက်နှစ်လနေငါတို့လက်ထပ်ကျတော့မှာ

Gulf>>>တကယ်လားChamp
မမြန်လွန်းဘူးလား
မမြန်ပါဘူးကွ

Gulf>>>မင်းအိမ်ကရော

Champ>>>အိမ်ကတော့မကန့်ကွက်ပေမယ့်
သဘောတူတယ်လဲမဟုတ်ဘူး
အဲဒါကြောင့်ငါတို့နှစ်ယောက်ပဲ
သူ့အသိ ကိုယ်အသိ
Company ကလူလောက်နဲ့
လက်ထပ်မှာ
မင်းလာခဲ့ရမှာနော်

အဲဒါမနက်ဖြန်
မင်းနဲ့အရင်ရင်းနှီး​အောင်မိတ်ဆက်ပေးမလို့
မင်းအိမ်မပြန်နဲ့အုံး

Gulf>>>အေးပြီးရောလေ
မနက်ဖြန်ဆုံမယ်

Gulf လဲအိမ်သိပ်မပြန်ချင်သေးတာနဲ့
Champချိန်းတာလက်ခံလိုက်သည်
အမှန်တော့Phiပြန်လာရင်သူ့ကိုမတွေ့မှာ
စိုးလို့လဲပါသည်
Phiကိုမျှော်နေမိသည်
Champတို့တော့အခိုင်အမာ
တွေစီစဥ်နေပြီ ကျွန်တော်တို့ရော
ဘယ်လိုရှေ့ဆက်ဖြစ်ကျမှလဲ Phi
Phiပါမယ့်အနာဂတ်ကိုကြိုမြင်ချင်လိုက်တာ
လွမ်းတယ် Phi

အိမ်ရောက်တော့ရေမိုးချိူး
အိပ်ခါနီးဖုန်းလေးကိုင်ကာ
Phiဆီကစာလေးများဝင်လာမလား
မျှော်နေမိသော်လည်းပေါ်မလာ
ဒီလူကြီးလွန်လွန်းပြီ
အချိန် တစ်မိနစ်လေးစာပို့ဖို့တောင်မအားဘူးလား
ဒါမှ မဟုတ် ဘာများအဆင်မပြေဖြစ်နေလဲ
စိတ်ဆိုးလိုက် စိတ်ပူလိုက်နဲ့
Gulfတစ်ယောက် အိပ်ပျော်သွားတော့သည်
သူ့အိမ်မက်လေးထဲမှာတော့
သူရဲ့Phiကသူ့နဖူးလေးနမ်းနေလေရဲ့
အိပ်ပျော်နေတဲ့ Gulfမျက်နှာလေးဟာ
ပြုံးနေတော့သည်~~~

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Where stories live. Discover now