#တစ်ဦးတည်းပိုင်နှလုံးသား🧡၃၇

769 44 1
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၃၇)

Gulf တို့ Green Houseရောက်ပြီး
နောက်တစ်နေ့
Phiဆီကစာတွေဝင်လာခဲ့သည်

Gulf ဖုန်းဆက်တော့ဖုန်းမကိုင်
စာတွေသာပို့နေသည်
Gulfမယုံပါ Phiကဒီလိုလုပ်မည့်သူမဟုတ်
သို့သော် ဖိတ်စာပုံတွေ
စေ့စပ်တယ်ဆိုတဲ့နှစ်ဖက်မိဘစုံလင်စွာနှင့်ပုံတွေကြောင့်ဇဝေဇဝါဖြစ်လာရသည်
Gulfမျက်နှာပျက်နေသည်ကို
မဲသိသော်လည်းမမေး
Phi Mild ကတော့မေးလာခဲ့သည်

Mild>>>Gulf လေးဘာတွေဖြစ်နေတာလဲ

Gulfပထမတော့မပြော
သူ့အပေါ်ဘယ်လောက်ချစ်ကြောင်းတွေ
သူပြောပြထားသည်မဟုတ်လား
ခုလို စာတွေမြင်ရင်
Phi Mild ဘယ်လိုထင်မလဲ
ရှက်ရွံ့နေမိသည်

Gulf>>>ဘာမဖြစ်ပါဘူးPhi Mild
ပြောသာနေသည်
မျက်ရည်တွေကထိန်းမရ

Mild>>>ဟေး
Gulf ဒီလောက်ရုပ်ပျက်နေတာ
အန်တီပန်သိရင်လဲမကောင်းဘူး
တစ်ယောက်တည်းကျိတ်မခံစားနဲ့
ငါ့ကိုပြောပြနော် Gulfလေး

Gulf>>>Phi Mild
သူ သူ သူ
Gulfလဲစာတွေသာပြလိုက်တော့သည်

Mild>>>ဆိုးလိုက်တာကွာ
ဘယ်လို အခြေအနေကြီးလဲ
Gulfလေးကိုသူစော်ကားလိုက်တာလဲ

Gulf>>>ကျွန်တော်မယုံဘူး
Phi Mild
Phiကအဲ့လိုလုပ်မယ့်သူမဟုတ်ဘူး
ကျွန်တော်ခုဘန်ကောက်ကိုပြန်မယ်
Phiနဲ့လူချင်းတွေ့ပြောမယ်

Mild>>>ဟေးGulf
သူ့ဖုန်းကနေဝင်နေတဲ့စာတွေလေ
မင်းဖုန်းဆက်တာလဲပြန်မကိုင်တာ
အဖြေကရှင်းနေပြီလေ

Gulf>>>ကျွန်တော်ဘန်ကောက်ကိုပြန်တော့မယ်
Phi Mild
မဲမေးရင်အလုပ်ကကိစ္စရှိလို့လှမ်းခေါ်တာမို့
ပြန်သွားတယ်ပြောပေးနော်

Mild>>>Gulf လေးစိတ်လျှော့ပါအုံး
မှောင်လဲမှောင်နေပြီ
ခုလိုစိတ်နဲ့ကားမောင်းလို့ရမှာမဟုတ်ဘူး
မနက်မှPhi ပါလိုက်ခဲ့ပေးမယ်နော်
ခုတစ်ညတော့ခဏလေးသည်းခံနော်
အန်တီပန်သိရင်စိတ်မကောင်းဖြစ်နေမယ်လေနော်

Gulfခဏစဥ်းစားပြီးတော့
Gulf>>>အင်းပါ Phi Mild
မနက်ကျ မှကျွန်တော်ပြန်လိုက်ပါ့မယ်

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Where stories live. Discover now