#တစ်ဦးတည်းပိုင်နှလုံးသား🧡 ၃၅

718 46 0
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၃၅)

Auntyပန်>>>Mildမင်းက
သူပြောတာတွေယုံလို့လား
သူမသိဘူးဆိုရအောင်
သူ့ဖုန်းကနေဝင်လာတာလေ

Mild>>>ကျွန်တော်လဲ အစကမယုံပါဘူးအန်တီ
သူ့ပုံစံကြည့်ရတာအရမ်းကိုခံစားနေရပြီး
ဘာမှမသိတဲ့ပုံကလိမ်နေတာနဲ့မတူတော့လို့ပါ

Auntyပန်>>>Mild ရယ်
သားကခုမှစိတ်အနည်ထိုင်ခါစပါ
မျက်ကြည်လွှာအစားထိုးဖို့လဲ
ခုမှ သဘောတူတာမဟုတ်ဘူးလား
သူ့ဘဝသူ ပစ်စလက်ခတ်
ဘာမှပြန်မမြင်ချင်ဘူးဆိုပြီး
နှစ်နှစ်လုံးလုံးဒီလိုနေလာတာ
အန်တီဘယ်လောက်စိတ်ပူရလဲ
ခုမှ အနည်ထိုင်ခါစမှာ
ဒီလူကပေါ်လာပြီး
ဘာတွေအစပြန်ပျိုးချင်နေရတာလဲ

Mild>>>ကျွန်တော်လဲGulf အတွက်
အစ်ကိုတစ်ယောက်အနေနဲ့ရော
သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ
စိတ်ပူရပါတယ် အန်တီ
ဒါပေမယ့်Gulfလေးရင်ထဲမှာလဲ
ဒီလူကိုတစ်ကယ်မေ့လို့ရနေတာ
မဟုတ်ဘူးဆိုတာ
အန်တီရောသားပါအသိဆုံးပါ
ဒါကြောင့်
အန်တီအရင်ဆုံးသူရှင်းပြတာလေး
နားထောင်ပြီး
ဆုံးဖြတ်ကျရင်မကောင်းဘူးလား
တကယ်သူတို့ကြားမှာအလွဲတွေရှိနေရင်
သူတို့နှစ်ဦးစလုံးဘာမှမသိဘဲ
အထိအခိုက်ခံနေရတာ
နစ်နာပါတယ်အန်တီရယ်

Aunty ပန်>>>Mildရယ်
Gulf လေးလောက်တော့
စိတ်ရောလူရော သူထိခိုက်လို့လား
ငါ့ရဲ့သားလေးGulfမှာသာ
ထိခိုက်မှုတွေပိုကြီးမားခဲ့တာပါ

Mild>>>သားသိတာပေါ့အန်တီရယ်
အရင်ဆုံးသူပြောတာလေးနားထောင်ပြီး
ပြန်စဥ်းစားကြည့်ရအောင်နော်အန်တီ

Aunty ပန်>>>ကောင်းပြီလေ
သူကိုဒီကိုတော့ခေါ်မလာခဲ့နဲ့
မနက်ဖြန်ကျ
သူ့အခန်းရှေ့က
ဥယျာဉ်လေးမှာစကားပြောမယ်လို့
ပြီးတော့သေချာပြောလိုက်ပါ
ညကျ သားလေးခြံထဲဆင်းလမ်းလျှောက်ရင်
အနားကိုမကပ်ပါနဲ့လို့
ပြောတဲ့အတိုင်းမလုပ်ရင်
တွေ့ခွင့်ပေးမှာပြန်ပြင်ရလိမ့်မယ်လို့

Mild>>>ဟုတ်အန်တီ

ဒေါက်~ဒေါက်~ဒေါက်

တံခါးခေါက်သံကြောင့်
Mewလျင်မြန်စွာဖွင့်ပေးလိုက်သည်

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Where stories live. Discover now