#တစ်ဦးတည်းပိုင်နှလုံးသား🧡၁၇

811 37 0
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၁၇)

နောက်နေ့မနက်
Mewအစောကြီးနိုးနေသည်
ညကတည်းကအပျော်လွန်ပြီး
အိပ်မရတာဆိုပိုမှန်လိမ့်မည်
ငါNong ကိုတကယ်ချစ်သူတော်ရတာပါလား😊

ငါငေးနေရတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ
ပါးပြည့်ပြည့်လေးတွေ
ဘယ်သူနဲ့မှ မတူ တဲ့ကကြီးပုံ
နှုတ်ခမ်းလေးရှိတဲ့
ကမ္ဘာပေါ်မှာအချောဆုံးကောင်လေးက
ငါ့ချစ်သူတဲ့လား
တွေးရင်းပါးစပ်မစိနိုင်အောင်ရယ်လျက်
ကုတင်ပေါ်မှာ ခေါင်းအုံးကြီးကိုဖျစ်ညှစ်နေတာ
ခေါင်းအုံးကလူသာဆို ထရိုက်နေလောက်ပြီ

အင်းNong ဆီ သွားရမယ်
အမြန်ထပြင်ဆင်မှ
ရေမိုးချိုး အသန့်ဆုံးအခန့်ဆုံးပြင်ထားပြီး
အောက်ထပ်ဆင်းလာတော့

Mew Mom>>>ဟယ်သား
အစောကြီးပါလား
ပိတ်ရက်ကို
အထူးအဆန်း
ညကလဲနောက်ကျတယ်မို့လား

Mew>>>ဟုတ်မဲ
သားသွားစရာလေးရှိလို့ပါ

Mew Mom>>>လာလေBreakfastစားသွားလေ

Mew>>>မစားတော့ဘူးမဲ
ချိန်းထားတာသူငယ်ချင်းစောင့်နေလို့မဲ
မဲကိုသူငယ်ချင်းလို့သာပြောလိုက်သည်
ခုချိန်မှာတော့ပြောပြဖို့ မလိုသေးဘူးမို့လား
သွားပြီမဲ

Mew Mom>>>အေးအေး

Nong ဆီရောက်တော့
Nongလဲပြင်ဆင်ပြီးနေပြီ
သူ့လိုပဲ Nongလဲညကအိပ်မပျော်ဘူးလား

Mew>>>Nongညကအိပ်ပျော်ရဲ့လား
ကိုယ့်အကြောင်းတွေတွေးပြီး
အိပ်မပျော်ဘူးမို့လား

Gulf>>>ဘာလို့အိပ်မပျော်ရမှာလဲPhiရဲ့
Phiပြန်သွားကတည်းကအိပ်တာ
ခုနမှနိုးတာလေ

Mew>>>ဟွန်း ကိုယ်ကတော့Nongအကြောင်းတွေးရင်း
ကောင်းကောင်းအိပ်မပျော်ပါဘူး
Nongကိုပဲတွေ့ချင်နေမိလို့မိုးမြန်မြန်လင်းဖို့
ဆုတောင်းနေတာ
Nongကကျအိပ်ပျော်တယ်တဲ့လား

ဒီလူကြီးဟာချွဲကိုချွဲချင်နေတာ
Gulf>>>ကဲPhi အပြင်သွားအုံးမှာလား
ဒီမှာပဲစကားပြောမှာလား

Mew>>>သွားမယ်သွားမယ်
ပြောရင်း Nongပါးအိအိလေးကို
လှမ်းနမ်းလိုက်သည်
မွ😘
Morning Kiss Nong

#တစ်ဦးတည်းပိုင်နှလုံးသား🧡 حيث تعيش القصص. اكتشف الآن