ငါအသက်၁၈နှစ်၊အထက်တန်းကျောင်းသားဘ၀တုန်းကပေါ့။ငါ့အမှတ်တွေက သိပ်မကောင်းဘူး။ဒါပေမယ့်ငါက ရန်ဖြစ်တဲ့နေရာမှာတော်တယ်လေ။အ့ဲတာရဲ့ရလာဒ်ကတော့ ငါကသစ္စာရှိတဲ့သူငယ်ချင်းအများကြီးရှိပြီးသူတို့က ငါကို LaoDa လို့ခေါ်ကြပြီး ငါ့စကားနားထောင်ကြတယ်။နေ့တိုင်း သူတို့ရဲ့ထောက်ခံပေးမှုတွေနဲ့လေးစားမှုတွေအောက် မှာငါကတော့ငါကိုယ်ငါ အကောင်ကြီးကြီးလို့ ထင်ခဲ့တာပေါ့။ငါ့အမေကငါငယ်ငယ်လေးကတည်းကဆုံးသွားပြီး ငါ့အဖေကနောက် မိန်းမယူပြီးအမေရိကား ထွက်သွားတယ်။သူကငါကိုအသိအမှတ်မပြုချင်ပေမယ့်လည်း ငါကသူသားပဲလေ။သူကငါကိုတစ်ခါတစ်လေ ငွေပို့ပေးပြီးတော့ ငါကလည်းသုံးချင်တဲ့နေရာမှာစိတ်ကူးပေါက်သလို သုံးလိုက်တာပဲ။ငါ့ရဲ့သူငယ်ချင်းမိသားစုတွေက မချမ်းသာကြဘူး။ဒါကြောင့်ငါက တစ်ခါတစ်လေ သူတို့ကိုအရသာရှိတဲ့မုန့်တွေ၀ယ်ကျွေးပြီး သူတို့ကလည်း ငါကိုကျေးဇူးတင်ကြတယ်။လူတိုင်းကကျောင်းထဲမှာပဲဖြစ်ဖြစ် ကျောင်းအပြင်ဘက်ပဲဖြစ်ဖြစ် သိကြတဲ့အထိ ငါကနာမည်ကြီးတယ်။ကုန်ကုန်ပြောရရင် ဆရာမတွေကတောင် ငါကိုရန်စသလိုလိုနဲ့ မကြည်သလို မလုပ်ရဲကြဘူး။ဘယ်လိုပဲပြောပြော အဲ့ဒိီစကားက ငါတို့ရဲ့အတန်းခေါင်းဆောင် LiZhenYun အတွက်ကလွဲပြီးမှန်ခဲ့ပါသေးတယ်။
ငါတို့ရဲ့ ပြဿနာက အစပိုင်းတုန်းက အရမ်းမကြီးမားပါဘူး။ငါ့စာသင်ခန်းထဲ စရောက်တုန်းကဆိုငါ့သူ့အပေါ်အမြင်ကောင်းကောင်းရှိခဲ့တာ။သူကရုပ်လည်းအရမ်းချောတယ်၊ယဥ်ယဥ်ကျေးကျေးပဲ ပြုမူဆက်ဆံတယ်။သူ့ကြည့်ရတာအမြဲရှက်နေသလိုပဲ။အ့တာကြောင့်ပဲ သူကအမြဲစကားနည်းပြီးသီးခြားနေတတ်တယ်။
သူကစကားအများကြီးမပြောဘဲသီးခြားနေပေမယ့်လည်းသူကအမှတ်တွေအရမ်းကောင်းတယ်။ပြီးတော့ လူတိုင်းကသူကိုကြိုက်ကြတယ်။အထက်တန်းနှစ်စကတည်းက အတန်းခေါင်းဆောင်နေရာအတွက် လူတိုင်းကသူ့ကိုတင်မြှာက်ပြီး သူပဲအတန်းခေါင်းဆောင်ဖြစ်လာတယ်။အခြားတစ်ဖက် မှာတော့ ငါ့ရဲ့သူအပေါ်ထားတဲ့အမြင်ကောင်းလေးကပျောက်ဆုံးသွားတာပဲ။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.