ငါ့နှလုံးသားထဲက ဗလာဖြစ်နေတဲ့အပေါက်ကကြီးသထက်ကြီးလာတယ်။ ဒါပေမယ့် အဲ့ဒါကိုဖာထေးနိုင်မယ့်နည်းလမ်းမရှိခဲ့ဘူး။ ငါတက္ကသိုလ်တတိယနှစ်မှာ နောက်ထပ်မိန်းကလေးချစ်သူထပ်ထားခဲ့တယ်။ အတန်းထဲမှာ အကုန်လုံးကဆိုကြကကြနဲ့ပေါ့။ ငါ့အလှည့်ရောက်တဲ့အခါမှာ ငါက "ငါမင်းကိုကြိုက်မိသွားရုံပါ" ဆိုတဲ့သီချင်းကိုဆိုခဲ့တယ်။ သီချင်းဆုံးခါနီးမှာ ရုတ်တရက်ကြီးငါ့ခံစားချက်တွေကိုထိန်းချုပ်ဖို့ခက်ခဲလာပြီး ကတိုက်ကရိုက်နဲ့ပဲသီချင်းကိုအဆုံးသတ်ခဲ့ရတယ်။ ပြီးတာနဲ့ နောက်မှာ၀င်ထိုင်လိုက်ပြီး ငါ့မျက်နှာကိုလက်တွေကြားထဲထည့်ထားလိုက်ပြီး မော့မကြည့်ဖြစ်တော့ဘူး။ ဘယ်သူမှသတိမထားမိကြဘူး။ မိန်းကလေးတစ်ယောက်ကပဲငါ့ကိုတိတ်တဆိတ်ကြည့်နေခဲ့တယ်။ သူမကငါ့ရဲ့တက္ကသိုလ်မှာထားခဲ့တဲ့နောက်ဆုံးရည်းစားပဲ။နောက်တော့ငါတို့အတန်းထဲတူတူရှိတဲ့အချိန်မှာ ဂရုစိုက်စွာနဲ့ပြောလာတယ်။ သူမရဲ့ပင်ကိုယ်သိစိတ်အရ ငါဒီသီချင်းကိုဆိုတာက အတိတ်ကအချစ်ပုံပြင်ဟောင်းတစ်ခုကြောင့်နေမယ်တဲ့လေ။ သူမကပြောသေးတယ်။ အဲ့ချိန်တုန်းကငါ့အမူအရာအရဝေဖန်ပိုင်းခြားရမယ်ဆိုရင် ငါကအဲ့လူကိုတော်တော်နက်နက်ရှိုင်းရှိုင်းချစ်မယ့်ပုံပဲတဲ့။ နောက်ဆုံးမှာ သူမကပေါ့ပေါ့ပါးပါးပုံစံနဲ့ အဲ့မိန်းကလေးကတော်တော်ပျော်ရွှင်ရမှာပဲလို့အဆုံးသတ်ပြောခဲ့တယ်။ သူမလေသံထဲမှာမနာလိုနေတဲ့ခံစားချက်အရိပ်အယောင်ကဖုံးမရနိုင်ဖြစ်နေသလိုငါကြားလိုက်ရတယ်။ ဒါပေမယ့် ငါဘာမှပြောစရာမရှိဘူး။ အမှန်တရားကိုသာသူမသိသွားခဲ့ရင်ဘယ်လိုတွေးမလဲဆိုတာငါတကယ်မသိတော့ဘူး။
နောက်ဆုံးမှာတော့ သူမနဲ့ငါကအတူတူမရှိနေနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့သူမကငါရေးခဲ့တဲ့အဲ့စာတွေကိုတိတ်တိတ်လေးခိုးဖတ်နေလို့ပဲ။ သူမအဲ့လိုလုပ်ခဲ့တာကိုသိသိချင်းပဲ ငါအေးစက်စွာနဲ့ပဲအရင်လမ်းခွဲခဲ့လိုက်တယ်။ သူမလုပ်တာမှားသွားမှန်းသူမ သိသွားတယ်။ သူမထင်တာ ဒီစာတွေထဲမှာဘာလျို့၀ှက်ချက်မှမရှိဘူးလို့ပေါ့။ ပြီးတော့စာထဲကအကြောင်းအရာတွေကလဲ သူငယ်ချင်းကောင်းတစ်ယောက်ကိုနှုတ်ဆက်ရုံကလွဲပြီးတခြားဘာမှရေးထားတာမရှိဘူး။ ဒီစာတွေကိုဘာလို့မပို့တာလဲလို့တောင်သူမငါ့ကိုတောင်မေးလိုက်သေးတယ်။ ငါကတစ်ခုခုပြန်ပြောဖို့တောင်အရမ်းပျင်းနေတယ်။ ငါသိတာကငါတို့ကလမ်းခွဲပြီးပြီပဲ။ သူမကငါ့ကိုတကယ်ချစ်ခဲ့တာ။ တကယ့် တကယ်ကို ချစ်ခဲ့တာပါ။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.