Episode 1(zawgyi)

2.9K 150 1
                                    

ငါအသက်၁၈နှစ်၊အထက်တန်းကျောင်းသားဘ၀တုန်းကပေါ့။ငါ့အမှတ်တွေက သိပ်မကောင်းဘူး။ဒါပေမယ့်ငါက ရန်ဖြစ်တဲ့နေရာမှာတော်တယ်လေ။အဲ့တာရဲ့ရလဒ္ကတော့ ငါကသစ္စာရှိတဲ့သူငယ်ချင်းအများကြီးရှိပြီးသူတို့က ငါကို LaoDa လို့ခေါ်ကြပြီး ငါ့စကားနားထောင်ကြတယ်။နေ့တိုင်း သူတို့ရဲ့ထောက်ခံပေးမှုတွေနဲ့လေးစားမှုတွေအောက် မှာငါကတော့ငါကိုယ်ငါ အကောင်ကြီးကြီးလို့ ထင်ခဲ့တာပေါ့။ငါ့အမေကငါငယ်ငယ်လေးကတည်းကဆုံးသွားပြီး ငါ့အဖေကနောက် မိန်းမယူပြီးအမေရိကား ထွက်သွားတယ်။သူကငါကိုအသိအမှတ်မပြုချင်ပေမယ့်လည်း ငါကသူသားပဲလေ။သူကငါကိုတစ်ခါတစ်လေ ငွေပို့ပေးပြီးတော့ ငါကလည်းသုံးချင်တဲ့နေရာမှာစိတ်ကူးပေါက်သလို သုံးလိုက်တာပဲ။ငါ့ရဲ့သူငယ်ချင်းမိသားစုတွေက မချမ်းသာကြဘူး။ဒါကြောင့်ငါက တစ်ခါတစ်လေ သူတို့ကိုအရသာရှိတဲ့မုန့်တွေဝယ်​ကျွေးပြီး သူတို့ကလည်း ငါကိုကျေးဇူးတင်ကြတယ်။လူတိုင်းကကျောင်းထဲမှာပဲဖြစ်ဖြစ် ကျောင်းအပြင်ဘက်ပဲဖြစ်ဖြစ် သိကြတဲ့အထိ ငါကနာမည်ကြီးတယ်။ကုန်ကုန်ပြောရရင် ဆရာမတွေကတောင် ငါကိုရန်စသလိုလိုနဲ့ မကြည်သလို မလုပ်ရဲကြဘူး။ဘယ်လိုပဲပြောပြော အဲ့ဒီစကားက ငါတို့ရဲ့အတန်းခေါင်းဆောင် LiZhenYun အတွက်ကလွဲပြီးမှန်ခဲ့ပါသေးတယ်။

ငါတို့ရဲ့ ပြဿနာက အစပိုင်းတုန်းက အရမ်းမကြီးမားပါဘူး။ငါ့စာသင်ခန်းထဲ စရောက်တုန်းကဆိုငါ့သူ့အပေါ်အမြင်ကောင်းကောင်းရှိခဲ့တာ။သူကရုပ်လည်းအရမ်းချောတယ်၊ယဉ်ယဉ်ကျေးကျေးပဲ ပြောမူဆက်ဆံတယ်။သူ့ကြည့်ရတာအမြဲရှက်နေသလိုပဲ။အ့တာကြောင့်ပဲ သူကအမြဲစကားနည်းပြီးသီးခြားနေတတ်တယ်။

သူကစကားအများကြီးမပြောဘဲသီးခြားနေပေမယ့်လည်းသူကအမှတ်တွေအရမ်းကောင်းတယ်။ပြီးတော့ လူတိုင်းကသူကိုကြိုက်ကြတယ်။အထက်တန်းနှစ်စကတည်းက အတန်းခေါင်းဆောင်နေရာအတွက် လူတိုင်းကသူ့ကိုတင်မြှာက်ပြီး သူပဲအတန်းခေါင်းဆောင်ဖြစ်လာတယ်။အခြားတစ်ဖက် မှာတော့ ငါ့ရဲ့သူအပေါ်ထားတဲ့အမြင်ကောင်းလေးကပျောက်ဆုံးသွားတာပဲ။

အရင်ထဲကငါကသူငယ်ချင်းတွေရဲ့ခေါ်ပုံ လေးစားမှုနဲ့အသားကျနေပြီ။ ငါ့ကိုကြောက်ရွံရိုသေသလိုအကြည့်တဲ့ကြည့်ခံရတာကိုလဲအသားကျနေပြီ(တကယ်တော့အခုချိန်ပြန်တွေးရင်ကြောက်တာပိုများမယ်ထင်တယ်) ဒါပေမယ့် အဲ့တုန်းကနေ့ရက်တွေကခမ်းနားကြီးကျယ်ခဲ့တယ်။
LiZhenYun ကအဲ့တာတွေကိုစိတ်ထဲမထားဘူး။ သူကအဖွဲ့ထဲမှာစည်းကမ်းထုတ်ဖို့တာဝန်ယူပြီး တစ်ခါတစ်လေကျ စိတ်တူကိုယ်တူပြသနာတွေကိုအမြဲရှာနေကြတဲ့သူတွေကို ဆုံးမတဲ့သူပေါ့။သူကမင်းကို မင်းမိဘတွေငွေရှာရတာမလွယ်တဲ့အကြောင်း၊မင်းရဲ့အနာဂတ်ကမင်းအပေါ်မူတည်နေတဲ့အကြောင်း စတဲ့စည်းမျဉ်းသင်ခန်းစာအကြီးကြီးတွေ ပို့ချလိမ့်မယ်။သူကစကားအများကြီးမပြောပေမယ့်လည်း ဒါကဖျားယောင်းနေတာပဲလေ။သူ့ကိုအတုယူပြီးတော့ ချက်ချင်းအမှတ်တွေကောင်းသွားတဲ့အပြင် နောက်ထပ်ပြဿနာမရှာကြတော့တဲ့သူအချို့လည်းရှိတယ်။

"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]Where stories live. Discover now