ကိစ္စတွေအားလုံးစီစဥ်လို့ပြီးသွားတဲ့အခါ ငါသူ့ကိုအိမ်ပြန်လိုက်ပို့ဖို့လုပ်လိုက်တယ်။ သူ့စက်ဘီးကိုပါအိမ်ထိသယ်သွားပေးမယ်ပေါ့။ လိုက်ပို့ဖို့ပြင်နေတုန်းမှာ ငါတစ်ခုခုကိုစဥ်းစားမိလိုက်တယ်။ လွယ်အိတ်ထဲကနေ အ၀တ်အစားတွေကိုမြန်မြန်ထုတ်လိုက်ပြီးသူ့ကိုပေးလိုက်တယ်။ သူကငါ့ကိုအံသြသလိုကြည့်လိုက်ပြီး တိတ်တဆိတ်ပဲယူလိုက်တယ်။ ငါဒါကိုသေချာလျှော်ပေးထားတယ်တို့ ဒါမှမဟုတ်တစ်ခုခုတော့ပြောချင်ခဲ့ပေမယ့် နောက်ဆုံးမှာဘာမှမပြောဖြစ်ခဲ့ပဲ ငါ့စက်ဘီးကိုပဲတက်စီးပြီးထွက်လာခဲ့မိတယ်။ငါနောက်ဆုံးတော့သူ့ကိုတစ်ခုခုလုပ်ဖို့ကူညီပေးခဲ့တာပဲ။ အဲ့ဒါကငါ့ရဲ့အပြစ်ရှိတဲ့စိတ်ကိုလျော့အောင်လုပ်ပေးသလိုပဲ။ ဒါပေမယ့်လဲ သူ့ကိုဒီလိုလဲကျအောင်လုပ်မိတဲ့အကြောင်းအရင်းကငါပဲဆိုတာသတိရလိုက်တယ်။ ဒါကငါ့ကိုပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စေတယ်။
သူကျောင်းကိုရက်အတော်ကြာမလာခဲ့ဘူး။ နောက်တစ်ရက်မှာတော့ XiaoLi ကငါ့ကိုလာရှာပြီးပြောတယ်။ LiZhenYun ကသူကတစ်ဆင့်ငါ့ကိုဆေးကုသခပြန်ပေးခိုင်းလိုက်တယ်တဲ့လေ။ အဲ့ဒီ XiaoLi ဆိုတဲ့ကောင်ကတော်တော်ပါးနပ်တာပဲ။ ငါ့ကိုအပိုမေးခွန်းတွေပြန်မမေးဘူး။ ငါလဲဒီဟာကိုငါမလိုလို့ LiZhenYun ကိုပြန်ပေးဖို့ သူ့ကိုပြောလိုက်တယ်။ သူကအိုကေလို့ပြောပြီးထွက်သွားတယ်။
အဲ့ချိန်ကနေစပြီးတော့ ငါ LiZhenYun နဲ့လမ်းမှာတစ်ခါတစ်လေထိပ်တိုက်တွေ့မိတိုင်း သူကငါ့ကိုလျစ်လျူရှုနေတုန်းပဲ။ သူ့အမူအယာကတော့ပိုပျော့ပြောင်းလာသလိုပဲ။
တကယ်တော့နောက်ပိုင်းတော်တော်ကြာမှသိလိုက်တာက XiaoLi ကအဲ့ငွေတွေကိုသူ့ကိုပြန်မပေးပဲ သူ့ဟာသူသုံးဖြုန်းပစ်လိုက်တယ်ဆိုတာပဲ။ အဲ့တုန်းကငါတစ်ကယ်ပဲသူကိုထုရိုက်ပစ်ချင်လိုက်တာဆိုတာ အခုမှတော့လုပ်လဲမထူးတော့ပါဘူးလေ။
ဒီလိုနဲ့ ငါလဲ ၁၁တန်းကနေ ၁၂တန်းကိုတက်နေရပြီ။ အဲ့နှစ်မှာတော့ငါကတည်ငြိမ်ပြီးအေးအေးချမ်းချမ်းနေနေတယ်။ ငါရင်ထဲမှာတော့ မသိကျိုးကျွန်ပြုလို့မရနိုင်တဲ့လစ်ဟာနေမှုကိုအမြဲတမ်းပွေ့ပိုက်ရင်းနဲ့ပေါ့။ ငါစာလေ့လာတာအာရုံစိုက်တာကပဲ ငါ့ကိုအဲ့ဒီနာကျင်မှုကနေသက်သာစေတယ်။ ငါက WangXiaoYong နဲ့ရော အခြားသူတွေနဲ့ရော သူငယ်ချင်းတွေဖြစ်နေကျတုန်းပဲ။ ဒါပေမယ့် အရင်လိုသူတို့နဲ့ မာဖီးယားတို့လိုတိုက်ကြခိုက်ကြတာတော့မလုပ်ဖြစ်တော့ဘူး။ သူတို့ကငါ့ကိုပြောင်းလဲသွားပြီးရုတ်တရက်ကြီး ယဥ်ကျေးလာတယ်လို့မြင်ကြတယ်။ ဆရာမတွေရောကျောင်းသားတွေပါငါတို့ကိုပြောင်းလဲလာတယ်လို့ပြောကြတယ်။ ဆရာမတစ်ယောက်ဆိုငါ့ကိုရင့်ကျက်လာပြီလို့တောင်ချီးကျူးသွားသေးတယ်။ ဒါပေမယ့်ငါပြောင်းလဲသွားတဲ့တကယ့်အကြောင်းအရင်းကိုသူတို့သိမှာမဟုတ်ပါဘူး။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.