Wang XiaoYong ကငါ့တို့၂ယောက်ကို တူတူဆိုဖို့အကြံပေးတယ်။ငါအတော်ကို ကို့ရိုးကယားနိုင်သလို ခံစားလိုက်ရတယ်၊ငါ သူ့ရည်ရွယ်ချက်ကိုသိနေတယ်၊ကောင်လေးတွေကြားက အရင်ကပြဿနာက နှစ်တွေကြာလာရင် ဟာသတစ်ခုဖြစ်သွားမှာပဲ။သူက ငါတို့အရင်ကပြဿနာကိုဖြေရှင်းဖို့ အဲ့ဒီနည်းသုံးစေချင်နေတာ၊ငါကြောက်တာက Li ZhenYun ကငါ ကို့ရိုးကားယားဖြစ်နေတာကိုသိသွားမှာကို။သူ့ကြည့်ရတာ ငါထက်တောင်ပိုပြီး ကို့ရိုးကားယားနိုင်နေသလိုပဲ။ငါရုတ်တရက် အစကတည်းက မိုက်ခ် ကို မယူမိတာနောင်တရလာသလိုပဲ။အဲ့တာဆို လူတကာရဲ့စိတ်၀င်စားစရာပစ်မှတ်ဖြစ်လာမှာမဟုတ်ဘူး။
သူတို့ကငါကိုဆွဲခေါ်နေရုံတင်မက သူ့ကိုပါဆွဲခေါ်နေကြတယ်။ငါ ယဥ်ကျေး၊အားနည်းပြီး ဘယ်ညာရှောင်တိမ်းနေရတဲ့ ကောင်လေး(Li ZhenYun)ကိုမြင်ခဲ့တယ်။ဒါပေမယ့် သူက ဖျော့တော့တဲ့အပြုံးကိုပြုံးထားတုန်းပဲ။အဲ့ဒီအပြုံးက နှစ်တွေအများကြီးမမေ့နိုင်ခဲ့တဲ့ အပြုံးပဲ။အဲ့အချိန်မှာငါတစ်ခုခုပြောဖို့လှုံ့ဆော်ခံလိုက်ရသလိုပဲ။ငါသူတို့ကိုပြောချင်တယ်"ဒါကငါချစ်ရတဲ့သူ၊သူကလွဲပြီး ငါဘယ်သူမှချစ်မှာမဟုတ်ဘူး"။ဒါပေမယ့်ငါနှုတ်ခမ်းကိုလှုပ်ရုံပဲလှုပ်နိုင်ခဲ့တယ်။ငါက အဲ့လို သတ္တိနည်းတဲ့ကောင်ပဲ။
စကားအငြင်းခုန်ပြိုင်ပွဲမှာနောက်ဆုံးငါတို့ပဲရှုံးသွားတယ်။ငါစင်ပေါ်မှာ သူနဲ့တူတူရပ်ပြီး အကုန်လုံးကလည်းတူတူဆိုဖို့ပြောနေကြတယ်။ငါက "Sorry I Love You"ကိုအရင်ဆိုလိုက်တယ်။အဲ့အချိန်တုန်းက ပေါ့ခ်ဘုရင်လေးယောက် က အရမ်းခေတ်စားနေတုန်းပဲ။ငါသီချင်းတွေအများကြီး ဘယ်လိုဆိုရမလဲ မသိပေမယ့် ငါအသံကအရမ်းမဆိုးပါဘူး။ငါဆိုပြီးတော့ သူတို့က ငါ့အတွက်လက်ခုပ်အကျယ်ကြီးတွေ တီးပေးကြတယ်။ငါပြုံးလိုက်ပြီးတော့ အဲ့သီချင်းကိုဘာလို့အများကြီးထဲကရွေးလိုက်တယ်ဆိုတာ ငါပဲသိမယ်ထင်တယ်။အဲ့သီချင်းထဲက စာသားတွေအကုန်လုံးက ငါ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ကိုရည်ညွှန်းနေတယ်ဆိုတာလေ။
ဒါပြီးတော့သူ့အလှည့်ရောက်ပြီ။သူမျက်နှာကအတော်လေးနီနေပေမယ့် သူသီချင်းစဆိုတော့တယ်။ငါအဲ့သီချင်းကို ကြားဖူးပေမယ့် သေချာနားမထောင်ဘူး။ဒါပေမယ့်အခုကတော့ခံစားရတာကွဲပြားတယ်။ငါသူဆိုတာ အရမ်းကောင်းလိမ့်မယ်လို့မထင်ခဲ့တာ တကယ်။သူပထမတစ်ကြောင်းပဲဆိုရသေးတယ် လက်ခုပ်သံတွေကဆူညံနေပြီ။ငါ သူ့ရဲ့အသံထဲမှာ နစ်မြောသွားပြီး သီချင်းသံကအစ နားထဲအရမ်းကိုချိုနေသလိုပဲ။ငါသူ့ကိုပဲကြည့်နေပြီး သူဆိုတာမပြီးသေးခင်အထိ တိတ်တိတ်ဆိတ်ဆိတ်ပဲနေခဲ့တယ်။ငါတို့ ခုံမှာချက်ချင်းပြန်ထိုင်လိုက်ခြင်းမှာပဲ ငါကျောင်းသားတစ်ယောက်ကို အဲ့သီချင်းနာမည်က ဘာလဲလို့မေးလိုက်တယ်။သူက ငါ့ကို အံ့အားသင့်တဲ့ပုံစံနဲ့ကြည့်ပြီး "အဲ့တာက Chen BaiQiang ရဲ့ "ငါမင်းကိုကြိုက်မိသွားရုံပါ"ဆိုတာလေ"လို့ဖြေတယ်။
ဆွေးနွေးပွဲကဘာမှပြောင်းလဲမသွားပါဘူး။ငါသူကိုအစည်းအဝေးပြီးတော့ သီးသန့်သွားရှာဖို့လည်းသတ္တိမရှိခဲ့ဘူး။နောက်မကြာသေးခင်မှာပဲ သူကျောင်းပြန်တက်တယ်။ငါတွေးမိတာ ငါတို့ရဲ့လက်ရှိဘ၀မှာသက်ဆိုင်နေတဲ့ ကံကြမ္မာက အဲ့ဒီတနင်္ဂနွေနေ့ အဲ့လိုမှမဟုတ်ရင် လူအများကြီးရှေ့မှာသီချင်းဆိုလိုက်ရတဲ့ရှားပါးတဲ့အခွင့်အရေး အဲ့တာရယ်ပဲရှိတယ်။
Translator Note
ပေါခ့်ဘုရင်လေးယောက်-အဲ့တာက 20ရာစုမှာကျော်ကြားခဲ့တဲ့ တရုတ်popအဆိုတော်လေးယောက်ကိုဆိုလိုတာပါ။သူတို့ကတော့ Liu De Hua, Zhang Fu Tong, Mei Feng Palace
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.