ငါ့နေရာမှာငါကျကျနနထိုင်နေလိုက်တယ်။ ပြီးတော့ စာအုပ်ဖတ်နေချင်ယောင်ဆောင်လိုက်တယ်။ ငါအနောက်ဖက်ကိုတိတ်တဆိတ်ဝေ့၀ဲကြည့်လိုက်တော့ သူတကယ်ဘဲပျောက်သွားတာဘဲ။ တစ်ဖက်မှာတော့ WangXiaoYong ကအနောက်တံခါးကနေခိုးကြောင်ခိုးဝှက်၀င်လာတာတွေ့လိုက်တယ်။အတန်းချိန်ပြီးတဲ့ထိစောင့်ရတာကညှင်းပန်းရာကျတာဘဲ။ငါ WangXiaoYong ကိုမျက်လုံးနဲ့အချက်ပြလိုက်တော့ သူငါ့နားကိုလျှောက်လာပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ပဲ ငါ့နားကိုတိုးတိုးကပ်ပြောခဲ့တယ်။
"LaoDa ကတော့တကယ့်ကိုကျွမ်းကျင်ပညာရှင်ဘဲဗျာ။ ဒီကောင့်ကိုဖျက်ဆီးအဓ္ဓမပြုကျင့်ရုံဘဲမဟုတ်ဘူး။ မောင်းတောင်ထုတ်နိုင်ခဲ့တာဘဲဗျ"ငါတုန်လှုပ်သွားခဲ့တယ်။ "ဘာဖြစ်လို့လဲ။"
WangXiaoYong လဲဒါကအနည်းငယ်ထူးဆန်းတယ်လို့ခံစားမိတယ်။ "ဒါဆို LaoDa ခွင့်ယူထားတဲ့ရက်အနည်းငယ်အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာမသိသေးဖူးပေါ့။ အဲ့ဒီကောင်ကသူ့မိဘနဲ့ဆရာမ Liu ကိုဘာပြောခဲ့လည်းဆိုတာတော့ ကျွန်တော်လဲမသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ
ဒီကောင်အခုတော့ဘေးခန်းကိုပြောင်းသွားပြီ။ ကျွန်တော်ကြားတာတော့ အဲ့ဒီကောင်ကကျောင်းပါပြောင်းချင်ခဲ့တာတဲ့။ ဒါပေမဲ့ ပြောင်းခွင့်တော့မရခဲ့ဘူး။ဆရာမ Liu ကတော့ အတော်လေးစိတ်ဆိုးခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ အဲ့ဒီကောင်ကသူမရဲ့တပည့်အလိမ္မာတွေထဲကတစ်ယောက်ဘဲလေ...ဟဲဟဲ"
ငါ့ရဲ့နှလုံးကစည်းချက်မညီခုန်နေခဲ့တယ်။ ဒါကပျော်ရွှင်မှုလား စိတ်ပျက်မှုလား ဆိုတာငါမပြောနိုင်ခဲ့ဘူး။ ဒါကအရမ်းကိုရှုပ်ထွေးနေတယ်။WangXiaoYong ကစာအိတ်တစ်အိတ်ကိုထုတ်ပေးပြီး ငါ့ကိုထူးထူးဆန်းဆန်းပြောခဲ့တယ်။
"ဒါကအဖိုးတန်ရတနာဘဲ။အိမ်ပြန်သွားပြီးဖြည်းဖြည်းချင်းအရသာခံလိုက်ပါ။"
ငါစာအိတ်ကို ဆုပ်ကိုင်ခဲ့တယ်။ ဒီစာအိတ်ကမီးခဲလိုဘဲငါ့လက်ချောင်းတွေကိုပူလောင်စေခဲ့တယ်။ဒါကြောင့်ငါဒီစာအိတ်ကို ငါ့လွယ်အိတ်ထဲထိုးထည့်ခဲ့တယ်။အဲ့ဒီနေ့ကတမင်တကာပဲဖြစ်ဖြစ်၊မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် ကော်ရစ်တာတလျှောက်လမ်းလျှောက်ပြီးဟိုဟိုသည်သည်ကြည့်ခဲ့တယ်။ ငါဘာကိုကြည့်ချင်ခဲ့တာလည်းဆိုတာ ငါမသိခဲ့ဘူး။ ငါနေ့ရက်တိုင်းကိုအမှတ်တမဲ့နေပြီးကုန်ဆုံးခဲ့တယ်။တစ်ယောက်ယောက်ကစကားလာပြောရင်လည်း တခြားကမ္ဘာကလာတဲ့ မရေရာတဲ့ပုံရိပ်ယောင်လိုဘဲထင်ရတယ်။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.