တစ်ခဏလောက်ငါ့ဘာသာတောင် ငါပြန်မကြားရတော့ဘူး။ငါက" အိုး တောင်းပန်ပါတယ်၊ငါကျန်တာမတွေးမိဘူး။ငါ အရမ်းတွေးခဲ့မိတယ်လို့ပဲ ငါထင်တယ်၊ငါက ငါတို့ဆက်ဆံရေးကိုပြန်ပြေလည်ချင်ရုံသက်သက်ပဲ၊ဒါပေမယ့်ငါသိပါတယ် ၊ငါပြောသမျှကမင်းအတွက် အသုံးမ၀င်ဘူးဆိုတာ။ငါတို့လည်းထပ်မတွေ့ကြတော့ဘူးဆိုတော့ မင်းလည်းဒီပျော်ဖို့မကောင်းတဲ့အတိတ်ကြီးကို မေ့နိုင်ဖို့ပဲ ငါမျှော်လင့်တယ်"လို့ပြောလိုက်တယ်။
အတော်လေးကြာပြီးတော့ ငါပြောတာကို ငါပြန်တွေးမိပြီး ငါပြောလိုက်တာ အတော်လေး လူသားမဆန်ဘူးလို့ခံစားလိုက်ရတယ်။
သူ့မျက်လုံးတွေကထုံထိုင်းနေခဲ့ပြီးတိုးတိုးလေးပြောခဲ့တယ် "ရပါတယ်၊ငါစိတ်ထဲမထားပါဘူး အနာဂတ်မှာပျော်ရွှင်စရာဘ၀လေးနဲ့နေထိုင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"။
ငါတို့ရဲ့နှုတ်ဆက်စကားကဒီလိုနဲ့ပြီးသွားခဲ့တယ်။ငါရထားပေါ်ပြန်ထိုင်လိုက်တဲ့လမ်းမှာတင်ကိုပဲ ငါနှလုံးသားက သေဆုံးသွားတဲ့လူသေကောင်ကို ရှို့ထားတဲ့ အရိုးပြာလိုခံစားနေရတယ်။ငါ Pachelbelရဲ့ "Canon" ကို ခဏခဏ ပြန်နားထောင်နေရင်း ငါမျက်လုံးထဲကမျက်ရည်တွေကျနေတာကလည်း ရပ်မသွားဘဲ ဆက်ကျနေတုန်းပဲ။
ငါ ငါ့ရဲ့အိပ်ဆောင်ကိုပြန်သွားပြီးတော့ ပျင်းရိငိုက်မျဥ်းနေတာ တစ်လကုန်သွားတဲ့အထိပဲ။ အဲ့တာက ငါလုံး၀ကိုစောက်ဂရုမစိုက်တဲ့ ငါရဲ့personalကိစ္စတွေကိုစွန့်လွှတ်ပြီး ငါရဲ့လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပွဲကျင်းပပေးပြီး အမေရိကန်ကို လေယာဥ်နဲ့မသွားခင်အထိပါပဲ။အစကတည်းက ငါတရုတ်မှာရှိတဲ့ ငါ့သူငယ်ချင်းတွေအားလုံးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ။ဒါကတမင်သက်သက်လုပ်ခဲ့တာပါ။သူ ရည်းစားရသွားတာ ဒါမှမဟုတ် လက်ထပ်သွားပြီဆိုတဲ့ သတင်းကြားရမှာကြောက်လို့။ငါကငါ့ကမ္ဘာမှာပဲ ချိုသည်ဖြစ်စေ နာကျင်သည်ဖြစ်စေ နေထိုင်ဖို့ဆန္ဒရှိတာ။ငါက တကယ်အပြင်လောကကို မရင်ဆိုင်ရဲဘူး။
အချိန်အတော်ကြာလာတဲ့အခါ ငါတရုတ်ကိုပြန်လာခဲ့တယ်။
ဒါပေမယ့် သူကတော့မရှိတော့ဘူး။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.