Episode 11 (unicode)

2.1K 338 15
                                    


ငါ အမေရိကကိုသွားဖို့အခွင့်အရေးရခဲ့တယ်။ မသွားခင်မှာ ဘာပဲဖြစ်ဖြစ်ငါသူ့ကိုတစ်ကြိမ်လောက်သွားတွေ့ချင်သေးတယ်။ သွားခဲ့ရင်ဘယ်လောက်ကြာမလဲ ဘယ်တော့မှပြန်လာဖြစ်မလဲဆိုတာငါမသိဘူး။ အဲ့အချိန်တွေဘယ်တော့မှရောက်လာမလဲဆိုတာလဲငါမသိဘူး။ အဲ့အချိန်ရောက်ခဲ့ရင်လဲ ဒီပြောင်းလဲမှုမရှိတဲ့မြို့လေးမှာ အချိန်ကငါ့ရဲ့တည်ရှိမှုကိုတိုက်စားသွားလောက်ပြီ။ ကုန်ကုန်ပြောရရင် ငါခန့်မှန်းမိရသလောက် ငါသူ့ကိုပြန်တွေ့နိုင်ဖို့ဆိုတာ တော်တော်ခက်ခဲလိမ့်မယ်။ ငါဒုက္ခအနည်းငယ်ခံပြီးစုံစမ်းလိုက်တဲ့အခါ သူကဒီမြို့နားမှာအလုပ်လုပ်နေတယ်လို့တစ်ယောက်ကပြောတယ်။ အဲ့နေရာက၂နာရီလောက်ပဲဝေးတဲ့နေရာလေးမှာပေါ့။ ငါကားပေါ်မှာထိုင်လိုက်ပြီးသက်ပြင်းချလိုက်တယ်။ ဘာလို့ငါကသူနဲ့အမြဲနီးနေလျက်နဲ့ တစ်ချိန်ထဲမှာပဲသူနဲ့ဝေးနေတယ်လို့ခံစားနေရတာလဲ။

ငါနောက်ဆုံးတော့သူ့ကိုထပ်တွေ့နိုင်ခဲ့ပြီပဲ။

ငါတို့ပြန်တွေ့ကြတဲ့အခါ အခြေအနေကငါထင်ထားသလို ကသိကအောက်တော့ဖြစ်မနေခဲ့ဘူး။ ငါတို့ကရေရေရာရာမရှိပဲ ဟိုရောက်ဒီရောက်ယောင်၀ါး၀ါးစကား​တွေအပြန်အလှ​န်ပြောဖြစ်ခဲ့ကြတယ်။ ငါတွေးနေမိတာက သူငါ့အပေါ်အမုန်းတွေပေါက်ဖွားခဲ့စဥ်ကထဲကဆိုရင် နှစ်အတော်ကြာခဲ့ပြီပဲ။ အချိန်နဲ့အမျှအဲ့အမုန်းတွေလျော့များသွားမလားလို့ငါမျှော်လင့်နေမိတယ်။ သေချာတာကတော့ ဒါကမေ့ပစ်လိုက်ဖို့မဖြစ်နိုင်ဘူး။ ငါကသူ့ဘဝမှာ အမြန်ဖြတ်သန်းသွားတဲ့ခရီးသွားတစ်ယောက်လို ဒါမှမဟုတ် သူအကြည့်လေးတစ်ချက်တောင်ပေးသင့်တဲ့သူမဟုတ်ဘူးလို့ ငါ့ကိုတံဆိပ်တပ်ထားလောက်ပြီ။ ငါတို့၂ယောက်ထဲသီးသန့်ရှိနေပေမယ့် သူနဲ့ပတ်သက်ပြီးမူမမှန်တာရှိတယ်လို့ ငါမပြောနိုင်ဘူး။ သူကစိတ်၀င်စားခြင်းမရှိပဲ ငေးငိုင်နေတဲ့ပုံပေါက်နေတယ်။ ငါတို့ရဲ့ဆက်ဆံရေးကသာမန်လိုပဲ မတွေ့ရတာအတော်ကြာနေတဲ့ကျောင်းအတန်းဖော်တွေတွေ့နေကြသလိုပဲ။

အဲ့နေ့ကငါသူ့အိမ်၀န်းကျင်ကိုကြည့်လိုက်တော့ သူတစ်ယောက်ထဲနေပုံပဲ။ သူ့ပုံစဲအတိုင်းပဲ သန့်ရှင်းပြီးသပ်ရပ်နေတယ်။ ငါသူ့ဆီလာဖို့ဘယ်လောက်ခက်ခက်ခဲခဲလက်မှတ်၀ယ်ခဲ့ရတယ်လို့ကျယ်လောင်စွာပြောနေမိတယ်။ တကယ်တော့ဒါတွေကအရေးကြီးတာလဲမဟုတ်ပါဘူး။ သူကတိတ်တိတ်လေးနားထောင်နေတယ်။ သူသေချာဂရုစိုက်နားထောင်နေတာတော့မဟုတ်ပေမယ့် အာရုံပျံ့လွင့်နေတာလဲမဟုတ်ပြန်ဘူး။ ငါပြောပြီးတဲ့အခါမှာသူကမေးလာတယ်။ "အနာဂတ်မှာမင်းပြန်လာဖို့အစီအစဥ်ရှိလား။"

"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]Where stories live. Discover now