ငါကျောင်းကနေပြန်ရောက်ပြီးတော့ အိမ်နောက်ဖေးကိုသွားတယ်။ငါအ့တာကိုနေရာတကာ ပတ်ရှာနေတာ ငါအိမ်ထဲသူခိုးတစ်ယောက်က၀င်ပြီး ပတ်ရှာနေသလိုကို ထင်မိတယ်။ကံကောင်းစွာနဲ့ပဲ အဲ့တာက အဲ့နေရာမှာ ရှိနေခဲ့တယ်။ငါ အဲ့ဒီဟာကို သေချာလေးကိုင်ပြီးတော့ ဆပ်ပြာရေထဲစိမ်လိုက်တယ်။ပြီးတော့ ငါသေချာလေး လက်နဲ့လျှော်လိုက်တယ်၊တကယ်တန်းက ငါ့အ၀တ်စားတွေအကုန်လုံးကို ငါစက်နဲ့ပဲလျှော်နေကြပါ။ဒါပေမယ့် သူအ၀တ်စားကိုလျှော်ပေးရတာ ပြောမပြတတ်တဲ့ပျော်ရွှင်မှု ကိုရလိုက်တယ်။ငါသူ့အ၀တ်စားတြွေပန်ပေးလိုက်ရင် ငါသူ့ကိုတွေ့ရမယ်လို့လည်း ခံစားရတယ်။
ငါဒီအသက်အရွယ်အထိ ဒီကိစ္စမတိုင်ခင်က အ၀တ်ကိုလက်နဲ့ တစ်ခါမှ မလျှော်ဖူးသေးဘူး။ငါစိတ်ထဲကနေ XiaoLi ကိုမုန်းလာသလိုပဲ။ငါသူကို ဒီအ၀တ်စားတွေလွှင့်ပစ်လို့ ကောင်းကောင်းကြီးကိုရိုက်နှက်ချင်လာတယ်။ဒါပေမယ့် XiaoLi နဲ့ YiZhenYun ကအတန်းတူတူပဲ။ဒီရုတ်တရက်တွေးလိုက်တဲ့ အတွေးလေးကငါကိုပျော်ရွှင်စေတာပဲ။
နောက်တစ်ရက်ကျ ငါကိုယ်ငါ အားပေးလိုက်ပြီး နောက်အခန်းရှေ့ တံခါးမှာသွားရပ်လိုက်တယ်။
ငါလာတာ XiaoLi ကိုရှာဖို့၊တခြားထူးဆန်းတာဘာမှမရှိဘူး လို့ကိုယ်ဘာသာပြန်ပြောမိတယ်။ငါဘေးကိုလုံးဝမကြည့်ဘဲ XiaoLi ဆီကနေငါအကြည့်မလွှဲဘဲ တည့်တည့်လျှောက်ရင်းသွားလိုက်တယ်။ငါသူနဲ့အရမ်းမဝေးတဲ့ ခုံလွတ်တစ်ခုမှာထိုင်ပြီး အသံကိုလျော့လိုက်ရင်း "ဒီရက်ပိုင်းအတွင်း အဲ့ဒီကောင်လေး အခြေအနေဘယ်လိုလဲ၊အတန်းရောလာတက်လား"လို့မေးလိုက်တယ်။XiaoLi ကဘေးကိုကြည့်လိုက်တယ်။အကုန်လုံးကသူတို့ဘာသာစကားပြောနေပြီး ငါတို့ကိုသတိထားမိပုံမပေါ်ဘူး။သူက လေချွန်ပြီးရယ်နေသလိုဟန်ဆောင်လိုက်ရင်း "သူရုံးခန်းကိုခဏသွားတာပါ၊ဘယ်လိုပဲပြောပြော ဆရာတွေ ဆရာမတွေက သူကိုကြိုက်နေတုန်းပဲ၊ဒါပေမယ့် ပြောရရင် ဒီတစ်ကြိမ်တော့ ကျွန်တော်တို့သူ့ကို ကောင်းကောင်းဆုံးမနိုင်ခဲ့တာပဲ။သူ့ကြည့်ရတာ လူပုံတောင်မပေါက်တော့ဘူး"။
YOU ARE READING
"အကယ်၍များအချိန်ကငါတို့စတွေ့တုန်းခဏတာမှာရပ်နေခဲ့မည်ဆိုသာလျှင်"[translation]
Teen Fiction"ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" "ခပ်ဆိုးဆိုးကောင်လေးနှင့်အတန်းခေါင်းဆောင်တို့ရဲ့ကြားကတစ်ဖက်သတ်အချစ်တစ်ခုအကြောင်း" Fully Credit to Original Author.