အပိုင်း-၁၀ .(Uni)

2.3K 100 0
                                    

"သားရေ ဒီနေ့ဘယ်ကိုသွားစရာရှိလို့ အခုလိုဝတ်စားထားရတာလဲ။ ဒေါ်ကေသီ သားဖြစ်သူကိုတစ်ချက်ကြည့်ကာမေးလိုက်သည်။"

မေမေအမေးကြောင့်သွင်ဘယ်လိုဖြေရမလဲအခက်တွေ့နေစဥ် အိမ်ရှေ့မှကားဟွန်းတီးသံကို ကြားလိုက်ရသည်။

"တီ တီ..."

မေမေသားသွားတော့မယ်။ နောက်မှပြောပြမယ်နော်။ သွင်အိမ်ရှေ့သို့ အလျှင်အမြန်ပြေးထွက်လာခဲ့သည်။

"မေမေကိုလိမ်သလိုဖြစ်သွားမလား။ မေမေတို့ကို အမှန်တိုင်းဖွင့်မပြောခဲ့တာကို မေမေတို့သိသွားခဲ့ရင် အရမ်းစိတ်မကောင်းလိမ့်ဖြစ်မယ်ထင်တယ်။"

"ကားပေါ်ကနေဆင်းကာ သွင်အထွက်လာကိုစောင့်နေသော မောင့်ကိုလှမ်းမြင်လိုက်ရသည်။ အဝေးကနေလှမ်းကြည့်တာတောင် သွင့်မျက်လုံးထဲမောင်ဟာ ပုဆိုးအကွက်စိပ်အနက်ရောင်နဲ့အဝါရောင်အိကျင်္ီလက်ရှည်ဟာ မောင့်ရဲ့ဝင်းဝါနေတဲ့အသားအရည်နဲ့လိုက်ဖက်လွန်းလှသည်။
မြန်မာလူငယ်များအကြားမရှိသလောက် ရှားသော အရပ်ခြောက်ပေခပ်စွန်းစွန်းဟာ စတိုင်ပင်ဘောင်းဘီဖြင့်မြင်နေကျဖြစ်သော်လည်း ရှည်သောအရပ်ကြောင့် မောင်ဟာပုဆိုးနဲ့လဲကြည့်ကောင်းလှသည်။ ဆံပင်ကိုဆီလှုးကာနောက်သို့လှန်ဖီးထားတာမဟုတ်ပဲ ရေချိုးပြီးဆံပင်ကိုခြောက်အောင်သုတ်ထားသောကြောင့် ခပ်အုပ်အုပ်ပုံစံဖြစ်နေသည်။"

မောင်ဟာ သွင့်ကိုလက်ကမ်းကာကြိုနေသည်။  မောင့်ဆီလျှောက်လှမ်းသွားသော သွင်ခြေလှမ်းတွေယိုင်မသွားအောင်ထိန်းကာ ရင်ခုန်ခြင်းများစွာနဲ့လျှောက်လာခဲ့သည်။

"သွင်..."

"Sheinသူ့အနားရောက်လာသော သွင့်အမည်နာမကိုထုတ်ခေါ်လိုက်သည်။ "

မောင်စောင့်နေရတာကြာသွားတာတော့မဟုတ်ပါဘူးနော်။ သွင်သက်သေသဘောမျိုးနဲ့ လက်ကနာရီကိုမြောက်ကာပြလိုက်သည်။

မောင့်ကိုညကပြန်ရောက်ရင်ဖုန်းဆက်ပါလို့သေချာပြောထားတာကို ဘာလို့ဖုန်းမဆက်တာလဲ။

"ဒီလောက်ဆိုသွင်သဘောပေါက်ပြီ။ မောင်စိတ်ကောက်နေတာမဟုတ်လား။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now