ဓနလက်မောင်းပေါ် ခေါင်းမှီထားကာ ရင်ခွင်ထဲတိုးဝင်လာသော ဟာရကိုသူပိုတိုးလို့ဖက်ထားမိဆဲ။
"ရေသောက်ချင်တယ်"
ကုတင်ပေါ်မှဓနဆင်းကာ စားပွဲပေါ်မှာတင်ထားတဲ့ ဖန်ခွက်ထဲသို့ရေငဲ့ထည့်ကာ ဟာရရှိရာကုတင်ပေါ်သို့တက်ကာ ရေတစ်ခွက်ကမ်းပေးလိုက်သည်။
"ခင်ဗျားဒီလိုလုပ်တာတော့မကောင်းဘူးဗျာ။"
ဓနဖက်သို့လှည့်ကာပြောရင်း ဟာရရေတစ်မော့သောက်လိုက်သည်။
"ဒါဆိုကိုယ်က ဘယ်လိုလုပ်ပေးရမှာလဲ ကြောင်ပေါက်ကောင်လေကောင်းအောင်။"
အာ ဒီလူနဲ့တော့ခက်ပြီ ဟာရစကားတို့ကို ဓနအဓိပ္ပာယ်တလွဲကောက်လိုက်ကြောင်း သူရိပ်မိလိုက်သည်။
ဟာရဘယ်လိုရှင်းပြရမလဲဆိုတာ ဦးနှောက်ကို အလုပ်ပေးကာအလျှင်အမြန်လှုပ်ရှားနေမိသည်။"အဟွတ်...."
ဟာရပါးစပ်ထဲမှရေများ အပြင်သို့ထွက်ကျကုန်သည်။ သောက်လက်စရေပင်သီးကုန်၏။
"ဘယ်လိုစကားကြီးလဲ"
ကြောင်ပေါက်ကောင်လေးပဲ ကိုယ်လုပ်တာမကောင်းဘူးဆို အဲ့ဒါကြောင့် ကောင်းအောင်ဘယ်လိုလုပ်ပေးရမလဲမေးတာ။
"ဒါကဘယ်သူ့အိမ်လဲ။ တစ်ခါမှကျွန်တော်မရောက်ဖူးဘူးနော်။"
ဟာရအခန်းထဲကို မျက်လုံးဝေ့ကြည့်ကာပြောလိုက်သည်။
"အွန်း ဒါကိုယ်ဝယ်ထားတဲ့အိမ်ဆိုပါတော့ ဒါပေမယ့်ကိုယ့်ပိုက်ဆံနဲ့ဝယ်ထားတာတော့မဟုတ်ဘူး။ ကိုယ့်အဖေက ကိုယ့်အကောင့်ထဲကိုတစ်လတစ်ခါဖုန့်ဖိုးထည့်ပေးတဲ့ပိုက်ဆံနဲ့ဝယ်ထားတာ။"
ဓနဒီအိမ်ကိုဝယ်ထားတာသိပ်မကြာသေးပေ။ အချိန်တိတိကျကျပြောဂမည်ဆိုရင် လွန်ခဲ့တဲ့နှစ်လလောက်ကလို့ပြောရမယ်။ နောင်တစ်ချိန် သူ့ကြောင်ပေါက်လေးနဲ့သူတို့ရဲ့ မင်္ဂလာဦးအိမ်ဆိုလဲမမှားပေ။
အခုတော့ဒီအိမ်ဟာ ကိုဓနနဲ့ဟာရရဲ့မင်္ဂမဆောင်ရသေးတဲ့ မင်္ဂလာဦးအိမ်ဖြစ်သွားခဲ့သည်။
"ချစ်တယ် ကိုယ့်ရဲ့ကြောင်ပေါက်လေး"
ကိုသွင်နဲ့ပတ်သက်တဲ့အပိုင်းအစများအားလုံးကို သူမေ့ပြစ်နိုင်ရန် ဟာရဆိုသောကောင်လေးက ကူညီပေးနိုင်ခဲ့သည်မဟုတ်ပါလား။ သူဒီကောင်လေးကို ချစ်တယ်ဆိုတာထပ်ပိုနေတာမျိုးလား။ ဟာရကောင်လေးတစ်ယောက်နဲ့ ရင်းနှီးစွာပြောဆိုနေမယ်ဆိုရင်တောင် ထိုလူဟာသူပဲဖြစ်ရမည်။ ဟာရချစ်တယ်လို့ပြောတဲ့သူဟာလဲ ဂုဏ်ဓနဆိုသောသူပဲဖြစ်ရမည်မဟုတ်လား။
YOU ARE READING
မောင့်ရဲ့ကြင်ရာတော်👨❤️👨
Romanceပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020