Extra-1 .(Zawgyi)

1.5K 19 2
                                    

"သွင်မင်းသူ့ဆီကိုမသွားပါနဲ့ မောင်တောင်းပန်ပါတယ်။ "

မောင့်ဆီကဝမ်းနည်းသံတစ်ဝက်နဲ့ ပြောလာသောစကားကြောင့် သွင့်ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။

"ဓနစိတ်ကိုသိနေတယ်ဆိုရင် သွင်ဘယ်ပြောမလဲ။"

မောင့်အပြောကြောင့် သွင့်အနည်းငယ်ထိတ်လန့်လို့သွားခဲ့သည်။
သွင်လာပြောရမလဲ စဉ်းစားလို့မရအောင် တွေးလို့မရစိတ်တို့ရှုပ်ထွေးလို့နေသည်။ မောင်သူကိုအထင်လွဲကာ သံသယဝင်နေတာများလား။ မောင့်မျက်နာကို မော့ကြည့်လိုက်တော့ သူ့ကိုမသွားပါနဲ့ဟူသော အဓိပ္ပါယ်တို့က မျက်လုံးမှာထင်ဟပ်နေသည်။

"မောင့်ကို သွင်ရှင်းပြပါရစေ"

မောင်လက်ကိုဆုပ်ကိုင်ရင်း သွင်ပြောလိုက်သည်။

"သွင့်ကိုဓနကချစ်တယ်လို့ဖွင့်ပြောခဲ့ဖူးတယ်မောင်။ ဒါပေမယ့်သွင်ငြင်းဆန်ခဲ့ပါတယ်။ သွင့်မှာချစ်ရမယ့်သူရှိနေတာကြောင့်။"

သွင်စကားဆုံးတာနဲ့ မောင်မျက်နာလေးပြန်လည် ကြည်စင်ဝင်းပလို့လာကာ ပြုံးလာခဲ့သည်။

"သွင်တကယ်ပြောတာလား"

သွင်ခေါင်းညိတ်ပြလိုက်သည်။

"မောင့်ကိုသွင်ပြောမပြခဲ့တာကလဲ မောင့်စိတ်ညစ်မှာဆိုးတာကြောင့် သွင်မပြောပြခဲ့တာ။ သွင်တောင်းပန်ပါတယ်။"

တကယ်လဲသွင်ကြောင့်နဲ့ မောင်စိတ်ညစ်မှာကို မလိုလားသောကြောင့် ဖွင့်မပြောပဲ ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဒီအတွက်ကြောင့်လဲ သွင်စိတ်တို့မလုံဖြစ်ခဲ့ရသည်။

သွင်မီးပုံပွဲတွင် ဓနကိုမတွေ့ရတော့ပေ။ ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်သော်လည်း အရိပ်အယောင်တောင်ရှာမတွေ့။

"မောင်တို့ကမ်းခြေဖက်ကို လမ်းလျှောက်ထွက်ကျမလား။"

"မောင်သဘောလေ"

သွင်လက်ကိုဆုပ်ကိုင်ထားရင်း Sheinတို့ကမ်းခြေဖက်သို့ လှမ်းလျှောက်ထွက်လာခဲ့သည်။

သွင်လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသော မောင့်လက်တို့သည် အဝေးသို့ထွက်ပြေးမည်ဆိုးသည့်အလားပင်။ ရေပြင်ကိုတိုက်ခတ်လာသော လေညင်းတို့သည် အတားအဆီးမဲ့စွာပြေးဝင်လာသောကြောင့် တစ်ချက်တစ်ချက်လူကို ခိုက်ခိုက်တုန်အောင်ချမ်းလာခဲ့သည်။
ဒီဇင်ဘာလရဲ့အလယ်ဖြစ်သောကြောင့် ဆောင်းတွင်းရဲ့ သရုပ်မှန်ကိုဖော်ပြနေလေသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now