အပိုင်း-၂၂ .(Unicode)

1.5K 59 4
                                    

"ဟိတ် ဘယ်လိုဖြစ်ပြီးပြုံးပြုံးကြီးပြန်လာရတာလဲ။"

"ဟာရနင့်ကိုငါမေးစရာတစ်ခုရှိတယ်။ နင်အမှန်တိုင်းဖြေရမယ်။"

"ဘာလဲ"

နန်းဆန်အမေးကိုဟာရအဖြေမပေးနိုင်သေး။ ရွှေရည်မေးမယ်ဆိုသော မေးခွန်းကိုသာ သူစိတ်ဝင်စားမိသည်။

"နင်စီနီယာဓနကိုစိတ်ဝင်စားနေတာလား။ "

"နင်ဘယ်လိုထင်လို့လဲရွှေရည်"

ဟာရဆီကအဖြေဟာ ဘာဖြစ်မလဲဆိုတာကို ရွှေရည်တင်သိချင်တာမဟုတ်၊ နန်းဆန်လဲသိချင်နေမိသည်။

"ငါစိတ်ဝင်စားတာထပ်ပိုနေတယ်ဆိုရင် နင်ဘာပြောမလဲရွှေရည်။"

"ငါ ငါလဲစီနီယာဓနကို တစ်ဖက်သတ်စိတ်ဝင်စားနေတယ်။ ဒါပေမယ့် သူဖုန်းပေါ်ကပုံကြောင့်သာ မဟုတ်ရင်ငါအခုချိန်ဆိုဖွင့်ပြောလိုက်ပြီ။ ငါထင်တာမမှားဘူးဆိုရင် သူလဲယောကျ်ားလေးချင်းချစ်နေမယ်ထင်တယ်။"

"နင်ပြောတော့ ငါ့ကိုကြွေနေတာဆိုမိရွှေရည် အခုကျစီနီယာဓနစီကိုတဲ့လား။ သိပ်အပြောင်းအလဲမြန်တယ်နော်။"

"ငါကနင့်ကိုဒီအတိုင်း သူငယ်ချင်းမလို့စလိုက်တာ။"

"နင်ပဲအမျိုးမျိုးတက်လဲတက်နိုင်ပါ့ နင်တို့မိန်းကလေးတွေ။"

"နင်နောက်ဆုတ်ပေးလို့ရမလား ဟာရ။"

"ငါနောက်ဆုတ်ပေးလို့မရတော့ဘူးရွှေရည်။ ငါသူ့ကိုရင်အခုန်ကြီးခုန်နေမိပြီ။"

ဟာရရယ်သွမ်းကာ စကားဆိုလိုက်သောကြောင့် ရွှေရည်မျက်နာကြီးရှုံ့မဲ့လို့သွားသည်။ ဒါကိုသဘောပေါက်တဲ့ နန်းဆန်ကပင် သူတို့နှစ်ယောက်ကြား ဆုံးဖြတ်ချက်ချပေးလေသည်။

"ကဲ ရွှေရည်လေးကလဲနောက်ဆုတ်လိုက် ဟာရလေးကလဲရှေ့ဆက်တိုးဟုတ်ပြီလား။ ငါကတော့ စီနီယာဓနနဲ့ ဟာရလေးကိုသဘောတူတယ်။ သူတို့နှစ်ယောက်ကလဲ လိုက်ဖက်လွန်းပါတယ်။ ရွှေရည်ကလဲ ကိုယ့်သူငယ်ချင်းလေးအတွက်ပဲ အလျော့ပေးလိုက်ပါ။"

နန်းဆန်စကားကြောင့် ရွှေရည်စိတ်လျှော့လိုက်သည်ထင်။

"အေးလေ ကိုယ့်မောင်လေးဟာရလေးအတွက်ပဲ ဒီကမမကြီးကနောက်ဆုတ်ပေးရမှာပေါ့။ မဟုတ်ဘူးလား နန်းဆန်"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Wo Geschichten leben. Entdecke jetzt