သွင်မျက်လုံးတို့ဖွင့်မရအောင် ကျိမ်းစက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးပါ လှုပ်မရအောင် ညောင်းကိုက်လို့နေသည်။"ရေ ရေတိုက်ပါ...."
သွင်လည်ချောင်းတစ်ခုလုံးကွဲအက်နေသလားလို့ပင် ထင်ရအောင်နာကျင်လွန်းလှသည်။
"ကိုသွင်ရေရပြီ။"
သွင်ပါးစပ်နားရောက်လာသော ရေခွက်ကို အငမ်းမရမော့သောက်လိုက်သည်။
"ဖြေးဖြေးသောက်ပါကိုသွင်။ "
သွင်မျက်လုံးတို့ဖွင့်မရသည့်တိုင် အသံပိုင်ရှင်ကို သွင်သိသည်။
ဓန ကိုသွင်မျက်လုံးတွေဖွင့်မရဘူး။ ဘာမှလဲမမြင်ရဘူး။ ကိုမျက်လုံးကန်းသွားတာလား။ ကိုသွင်ကိုပြောပြပါ။ ကိုယ်သတိမေ့နေတာ ဘယ်နှစ်ရက်လောက်ရှိနေပြီလဲ။"
"တပတ်ပြည့်ပြီ ကိုသွင်သတိမေ့နေတာ။"
ဓနအပြောကြောင့် သွင်စိုးရိမ်စိတ်တို့တားဆီးမရပေ။
"ဒါဆိုကိုသွင့် မိသားစုကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြရမယ်။ ပြီးတော့မောင်။ မောင်က ကိုသွင့်ဆီကိုဖုန်းခေါ်နေတော့မှာ။ မောင် ကိုသွင့်ကိုဖုန်းခေါ်မရရင် စိတ်ပူနေတော့မှာ ကိုသွင့်ကိုဖုန်းပေးပါဓန။"
"ကိုသွင်မိသားစုကိုတော့ ကျွန်တော်ဖုန်းဆက်ပြီးအကြောင်းကားထားပါတယ်။ အခုက ကိုသွင်အရမ်းအားနည်းနေတယ်။ ဆရာဝန်ကလဲ အားပြန်ပြည့်လာအောင် အနားယူခိုင်းထားတယ်။ "
"မောင်ကိုဖုန်းခေါ်ပေးပါ ဓန။ ကိုသွင်မောင့်နဲ့ဖုန်းပြောချင်တယ်။"
"အခုချိန်မှာတော့ ကျွန်တော်ကိုနားလည်ပေးပါ ကိုသွင်။ ကိုသွင်နဲ့သူ ဘာတွေဖြစ်ခဲ့သလဲ။ ကိုသွင်အခုလောက်အထိဖြစ်သွားတာသူကြောင့်ပဲ။ အခုတော့ပြန်အားပြည့်အောင် တရေးလောက်ပြန်အိပ်လိုက်ပါ။"
ဓန ကိုသွင်ကိုအိပ်ယာပေါ်တွင် ပြန်လည်အနားယူခိုင်းကာ ဧည့်ခန်းကိုထွက်လာခဲ့သည်။
ကိုသွင်ကျွန်တော်အပေါ်ကို ရက်စက်လွန်းတယ်။"လွန်ခဲ့သောတစ်လခန့်က...."
ဓနအကိုနဲ့တွေ့ချင်တယ်ဆိုတာက အရေးတကြီးပြောစရာရှိလို့လား။ အရမ်းအရေးကြီးရင် ကျောင်းကိုလိုက်လာလဲရတာကို။
ESTÁS LEYENDO
မောင့်ရဲ့ကြင်ရာတော်👨❤️👨
Romanceပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020