"မေမေသားတို့ လက်ထပ်တော့မယ်။"
နေရှိန်မင်းစကားကြောင့် မိခင်ဖြစ်သူဒေါ်မြတ်မို့ သွေးတက်ချင်သလိုခံစားလိုက်ရသည်။
Sheinအခုလိုမှဖွင့်မပြောတော့ရင်မဖြစ်တော့တာမို့ဖွင့်ပြောလိုက်ရသည်။ သွင်နဲ့သူချစ်သူသက်တမ်းကနှစ်အတော်ကြာခဲ့ပြီမဟုတ်ပါလား။
ဒီလောက်နှစ်တွေကြာအောင်တွဲလာခဲ့ခြင်းအားဖြင့် သူတို့အချစ်ဟာ ဘယ်လိုပင်ဖြတ်ဖြတ်မပြတ်နိုင်တော့ဘူးဆိုတာ မေမေကိုသိစေချင်သည်။ အခုလိုနှစ်တွေကြာအောင်တွဲလာရခြင်းကြောင့် သွင့်ကိုသူအားနာမိသည်။ မေမေခွင့်ပြုချက်ရမှာ သူတို့လက်ထပ်ပွဲကို ကျင်းပမည့်စကားကြောင့် မေမေလက်ခံနိုင်အောင် သွင်အမျိုးမျိုးကြိုးစားခဲ့ရသည်မဟုတ်ပါလား။
"မေမေအခုချိန်ထိသားကို အဲ့ဒီကောင်လေးနဲ့သဘောမတူနိုင်သေးဘူးသား။
အချိန်တန်ရင်သားစိတ်တွေပြောင်းလဲလာပြီး မိန်ကလေးတစ်ယောက်နဲ့ လက်ထပ်မယ်လို့မေမေထင်နေတာ။""သားတို့အချစ်ကလွယ်လွယ်နဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးမေမေ။ သားတို့ကိုဒီလောက်နဲ့ ခွင့်ပြုပေးစေချင်တယ်။"
ဒေါ်မြတ်မိုးသားဖြစ်သူကို ဘယ်လိုပင်တားတား သားဖြစ်သူကဒီကောင်လေးမှ ဒီကောင်လေးဖြစ်နေပြန်သည််။
"မင်းဘာလို့လရောင်သွင်ဆိုတဲ့ကောင်ကိုမှ ချစ်မိနေရတာလဲ။ အခြားလူဆိုငါလက်ခံပေးနိုင်တယ်။"
"မေမေကဘာလို့သွင့်ကို အဲ့ဒီလောက်မုန်းတီးနေရတာလဲ"
Sheinဒီအဖြေကိုအရမ်းသိချင်နေမိသည်။ မေမေသွင်အပေါ် ဒီလောက်ခါးခါးသီးသီးငြင်းဆန်လိမ့်မယ်လို့ တစ်ခါမှသူတွေးမထားမိ။
"ငါသူ့ကိုမုန်းတာမဟုတ်ဘူး။ ငါ့တို့အသိုင်းအဝိုင်းထဲကို သူ့ကိုဝင်မလာစေချင်တာ။ မိဘမျိုးရိုးက ဘယ်သူဘယ်ဝါမှန်းမသိ။ မျိုးရိုးမကောင်းခဲ့ရင် ငါတို့မိသားစုသိက္ခာအကုန် မြှောင်းထဲကျကုန်လိမ့်မယ်။"
"ဒါဆိုကျွန်တော်ကကော ကျွန်တော်လဲမိဘမဲ့တစ်ယောက်။ မိဘမျိုးရိုးမရှိခဲ့ဘူး။"
YOU ARE READING
မောင့်ရဲ့ကြင်ရာတော်👨❤️👨
Romanceပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020