အပိုင်း-၁၈ .(Unicode)

1.7K 56 0
                                    

"နင်ဒီလောက်တောင်အသုံးမကျရလား ကျော်စိုး။ အခုနင်အလုပ်လုပ်တာ မပိရိလို့ ဟိုအကောင်ဓနရိပ်မိသွားပြီ။"

အမျိုးသမီးတစ်ယောက် ဒေါသထွက်ကာ ကျော်စိုးဆိုတဲ့လူကိုငေါက်နေသည်။

"ကျွန်တော်လည်း သူ့နောက်ကနေ မျက်ခြေမပျက်လိုက်ကြည့်ပါတယ်။ ဂွင်ရရင် တစ်ခါထဲအပြတ်ရှင်းမလို့ပါပဲ။ အဲ့ဒီကောင်ဓနက ဘယ်လိုရိပ်မိသွားလဲဆိုတာ ကျွန်တော်လဲမသိပါဘူးမမ။"

"အခုနင်ဘာမှမလှုပ်ရှားသေးနဲ့ ငြိမ်နေလိုက်အုံး။ ငါဘက်ကမလှုပ်ရှားခိုင်းသ၍ နင်ဘာမှမလုပ်နဲ့နော်။ အခြေအနေတစ်ခုထိ နင်ကိုယ်ဖျောက်နေလိုက်ကျော်စိုး။ ငါပြောတာကြားလား။"

ကျော်စိုး ထိုအမျိုးသမီးရဲ့ စူးရှပြတ်သားတဲ့အသံနဲ့အတူ ခက်ထန်မာကြောသောမျက်နာထားကြောင့် ကျော်စိုးကြောက်မိသည်။

"ဟုတ်ကဲ့မမ။ "

"ရော့ ဒါကနင်အခုတလောသုံးစရာရှိရင် သုံးလို့ရအောင် ဒီငွေယူထားလိုက်။ နင်အသုံးလိုရင် ငါ့ဆီကိုဖုန်းဆက်လိုက် ငါလွှဲပေးလိုက်မယ်။"

"ကျေးဇူးတင်ပါတယ်မမ"

ကျော်စိုး အမျိုးသမီးကမ်းပေးသော ပိုက်ဆံတစ်ထပ်ကို ရိုကျိုးစွာယူလိုက်ပြီး ကျေးဇူးတင်စကားဆိုမိလိုက်သည်။

"နေဦးကျော်စိုး"

ထိုအမျိုးသမီးတားသံကြောင့် ကျော်စိုးခြေလှမ်းများရပ်တန့်သွားခဲ့သည်။

"ဘာများလဲမမ"

"နင့်မျက်နာကို ဓနမြင်သွားသေးလား။"

"ကျွန်တော်maskအမည်းရောင်တပ်ထားတာကြောင့် သူကျွန်တော်မျက်နာကို မမြင်ရပါဘူးမမ။"

"နင်ဘယ်သူမှမရိပ်မိအောင် လုံခြုံတဲ့နေရာမှာနေနော်။ တစ်ခုခုအရေးကြီးပြီဆို ငါနင့်ကိုဖုန်းဆက်လိုက်မယ်။ ဒီကြားထဲနင်ငါ့ကို အဆက်အသွယ်မလုပ်နဲ့ကြားလား။"

အမျိုးသမီးပြောပြီတာနဲ့ စားသောက်ဆိုင်ထဲမှ တစ်လှမ်းချင်းလှမ်းထွက်သွားတော့သည်။ အမျိုးသမီးစားသောက်ခန်းထဲမှ ပျောက်ကွယ်သွားတာနဲ့ ကျော်စိုးတစ်ယောက် သူရှေ့တွင်တင်ထားသော ငွေတစ်ထပ်ကို နမ်းရှုံ့ကာ အကျေနပ်ကြီးကျေနပ်နေသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Donde viven las historias. Descúbrelo ahora