အပိုင်း-၁၇ .(Uni)

1.8K 62 0
                                    


ဓနလိုအပ်သော စာအုပ်များကိုရှာရန် ကျောင်းမှအစောထွက်လာခဲ့သည်။
ကျောင်းကနေထွက်လာတဲ့ အချိန်ကနေစ၍ သူ့နောက်ကို လူတစ်ယောက်လိုက်လာတာကို သတိထားမိသည်။
ဓနသတိထားမိတဲ့အချိန်က စာအုပ်တိုက်တစ်ခုကိုဝင်တော့ maskတပ်ထားသော ထိုလူဝင်လိုက်လာခြင်းမရှိပဲ ကားပေါ်မှာကျန်နေရစ်ခဲ့သည်။ အခုမြို့ထဲအထိ နောက်ကနေတကောက်ကောက်လိုက်လာတာကို သူသိသည်။ မဟုတ်လောက်ပါဘူးဆိုတဲ့ သူ့သံသယကိုဖျောက်ကာ  သွားလာမြဲသွားနေခဲ့သည်။ အခုတော့သူ့သံသယဟာ ပို၍ပင်ခိုင်မာလာခဲ့သည်။ ဘာလို့ဆိုအခု ဓနသူသွားမယ့်လမ်းကြောင်းပြောင်းကာ ကုန်တိုက်တစ်ခုထဲသို့ဝင်လာခဲ့သည်။ နောက်မှထပ်ချပ်မကွာလိုက်လာသော အမည်မသိလူတစ်ယောက်ကြောင့် ဓနအတော်စိတ်အိုက်လို့လာသည်။ ဓနနောက်မှလိုက်လာသော လူကိုမျက်ခြေဖြတ်ရန် အကြံထုတ်နေမိသည်။
အများသုံးtoiletထဲသို့ ဝင်လိုက်လျှင် အိမ်သာထဲမှာ လူပြည့်နေသည်ထင် တံခါးတစ်ခုမှဖွင့်မရပေ။ နောက်မှလိုက်လာသော မျက်နာစိမ်းလူဟာ သူပျောက်တာတာနဲ့ ချက်ချင်းလိုက်ရှာနေမှာကို သူသိသည်။ Toiletထဲတွင် လူအနည်းငယ်ရှင်းနေးတာကို ဓနသတိထားမိသည်။
ထိုအချိန် အိမ်သာတံခါးပွင့်လာတာနဲ့ ဓနအလျှင်အမြန်ဝင်လိုက်ကာ တံခါးပေါက်ကိုပိတ်လိုက်သည်။ အိမ်သာထဲမှ ထွက်လာသောလူကို ဓနပါးစပ်ကို လက်နဲ့ဖိပိတ်ထားမိလိုက်သည်။ ဓနလက်နဲ့ပါးစပ်ကို ဖိပိတ်ထားခံရသော လူမှာရုန်းနေသော်လည်း ဓနလက်ကိုဖယ်မပေးအားသေး။ သူတို့ရှိရာ တံခါးကိုလာခေါက်သံကြောင့် ထိုလူကိုအသံမထွက်စေရန် သူကိုယ်နဲ့အသာဖိကာ အသံမထွက်ရန် ခေါင်းခါကာ သတိပေးမိသည်။

"တောက်
ဘယ်ရောက်သွားလဲမသိဘူး။ မျက်စိရှေ့ကနေပျောက်သွားရတယ်လို့ကွာ။"

တောက် တစ်ချက်ခပ်ပြင်းပြင်းခေါက်သံနဲ့အတူ ဓနနောက်မှလိုက်လာသော မျက်နာစိမ်းလူရဲ့ မကျေမနပ်သံကို သူကြားလိုက်ရသည်။ အချိန်အတော်ကြာအထိ အသံတိတ်ဆိတ်သွားတာကို ဓနသတိထားမိလိုက်သည်။

"မင်းလက်ကို ငါ့ပါးစပ်ပေါ်ကနေဖယ်ပေးလို့ရပြီလား။"

    အသားဖြူဖြူပါးဖောင်းဖောင်းနဲ့ ကောင်လေးစကားကြောင့် ဓနသတိဝင်ကာ လက်ကိုယောင်ရမ်းကာ ဖယ်ပေးမိလိုက်သည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now