အပိုင်း-၂၃ .(Unicode)

1.6K 66 4
                                    

လူမသိသူမသိမူးနေချင်းမဟုတ် ကကောင်းရုံအခြေအနေကို နည်းနည်းကျော်လွန်တာလေးကလွဲရင် အကုန်အဆင်ပြေသည်။၊

ကောင်မလေးတွေကလဲ ဟာရနဲ့တစ်ယောက်ပြီးတစ်ယောက်တွဲကာ ကနေကြသည်။ ကောင်မလေးတွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားသော်လဲ ဟာရကမပြောင်းလဲပဲ ကမြဲကနေသည်။

ရွှေရည်တို့အနားကိုရောက်လာသော လူတစ်ယောက်ကြောင့် နန်းဆန်နဲ့အတူရွှေရည်ပါ နှုတ်မှယောင်ရမ်းကာ နာမည်ခေါ်လိုက်မိသည်။

"စီနီယာဓန"

"စီနီယာဓန"

နှစ်ယောက်သား ဓနနာမည်ကိုပြိုင်တူခေါ်လိုက်မိသည်။

လူအုပ်ကြားထဲကွေးနေအောင်ကနေသော ကြောက်ပေါက်ကိုသူအသာကြည့်နေသည်။

"စီနီယာတို့က ဘယ်ကနေဘယ်လိုဒီကိုရောက်လာတာလဲ။"

"ကိုယ်တို့က ကလပ်လာလို့မရလို့လား။"

"မဟုတ်ပါဘူး။"

နှစ်ယောက်သား ခေါင်းအတူခါကာငြင်းဆန်လိုက်သည်။

ဒီကိုရောက်နေတာကြာပြီလားနန်းဆန်။

"သိပ်တော့မကြာသေးပါဘူးစီနီယာ။"

စီနီယာအာကာကြောင့် အမေးကိုရွှေရည်က လျှင်မြန်စွာပြန်ဖြေလိုက်သည်။

"ဓနဒါကရွှေရည် ၊ ဒီဘက်ကတော့နန်းဆန်း။ ဟိုမှကနေတဲ့တစ်ယောက်က အာဟာရ။"

"ငါသိပါတယ်သူတို့သုံးယောက်နာမည်တွေကို"

"ဒါနဲ့ ညီမတို့ကလဲအကိုတို့ကို စီနီယာတွေဘာတွေထည့်ခေါ်မနေနဲ့။ ရင်းရင်းနှီးနှီးခေါ်စေချင်တယ်။ "

"ဟုတ်ကဲ့"

နန်းဆန်တို့နှစ်ယောက်သားရဲ့ တုန့်ပြန်မှု့က "ဟုတ်ကဲ့"ဆိုတဲ့ စကားလုံးတစ်လုံးထဲပင်။

"ဟို ညီမတို့ဟာရကို သွားခေါ်လိုက်ပါဦးမယ်။"

နန်းဆန်ကိုအသာလက်ကာပြကာ ဓနဟန့်တားလိုက်သည်။

"နေပါစေ သူအဆင်ပြေနေတာကို ဒီအတိုင်းလွှတ်ထားလိုက်ပါ။"

ရွှေရည်တို့နှစ်ယောက် သောက်ထားသော အပျော့စားအရက်ကလေးရီဝေဝေတောင် ဘယ်နားရောက်သွားလဲမသိတော့။ အကုန်ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now