အပိုင်း-၁၃ .(Uni)

1.8K 82 0
                                    

သွင်ဖေဖေနဲ့မေမေ့ကို ခရီးမသွားခင်ကန်တော့လိုက်သည်။ မိဘနှစ်ဦးစလုံးရဲ့ ဆုပေးသံတသီတတန်းကြီးနဲ့ ခရီသွားလို့စိတ်မချစွာမှာတမ်းချွေနေကြသည်။

"သားဟိုရောက်ရင် ရေအရမ်းမဆော့နဲ့နော်။ သားကရေထိတာကြာရင်ဖျားတက်တာမျိုး။ အပေါင်းအသင်းတွေဆုံလို့ ဘီယာသောက်ရင်တောင် မေမေ့သားလေးက မူးတက်တာ။ လေစိမ်းတွေနဲ့ အိကျင်္ီခပ်ထူထူဝတ်ပြီးမှ အပြင်ထွက်နော်သား။"

ဟုတ်ကဲ့ပါသားအတွက်စိတ်မပူနဲ့နော်။ ကျောင်းသားဦးရေစစ်ရမှာနဲ့လိုအပ်တာလေးတွေ ပြင်ဆင်ရအုံးမှာမို့ သားသွားတော့မယ်နော်။

"ချစ်တယ်ဖေဖေ"

"ချစ်တယ်မေမေ အာဘွား"

သွင်ခရီးဆောင်အိတ်ကလေးကိုသယ်ကာ အိမ်ရှေ့တွင်ငှားထားသော Grab Taxiကရောက်လို့နေသည်။ သွင်ကားပေါ်တက်လိုက်ပြီးတာနဲ့ ကားသမားက သွင်သွားချင်သောနေကို ပို့ဆောင်ပေးသည်။ ကျသင့်ငွေကိုရှင်းပေးကာ သွင်ကျောင်းသားများရှိသော ကားနေရာသို့လမ်းလျှောက်ခဲ့သည်။

"ဟယ် "

သွင်မောင်လေးလာလာ မသက်တို့ကစောင့်နေတာ။ သွင်ရောက်မလာသေးလို့ စိတ်ပူနေတာ။ မလိုက်တော့ဘူးလို့တောင်ထင်နေတာ။ ကျန်ဆရာ၊ ဆရာမတွေကသိပ်မပါပေမယ့် ကိုယ့်လူရင်းတွေကြည့်ပဲ ခရီးသွားမှာဆိုတော့ တော်သေးတာပေါ့။ နောက်မိနစ်အနည်းငယ်ကြာရင် ကားစထွက်မယ်။ ကလေးတွေနာမည်ခေါ်ပြီးကာပေါ်တက်ခိုင်းနေပြီ။"

"မဇင်မာလဲမတွေ့ပါလား မသက်။"

"ကားပေါ်မှာ ဇင်ကနေရာချပေးနေတယ်လေ။ ဇင်ကမလိုက်မှာပူမနေနဲ့ သူကဒီထဲမှာအတက်ကြွဆုံးဖြစ်နေတာ သွင်မသိလို့။"

မသက်စကားကြောင့် သွင်အနည်းငယ်ပြုံးမိလိုက်သည်။

"သက်ဘာတွေပြောနေတာလဲ သွင်နဲ့ဇင်အကြောင်းပြောနေတာမဟုတ်လား။ ဇင်ကားပေါ်ကဆင်းလာတော့ အမှတ်တမဲ့ကြားလိုက်တယ်။"

"သွင်ကဇင်ရောက်ကိုမတွေ့လို့မေးနေလို့ မသက်ကကားပေါ်မှာကလေးတွေကိုနေရာချပေးနေတာလို့ပြောနေတာပါ။ ဒါနဲ့ဓနမရောက်သေးဘူးနော် ကားထွက်မယ့်အချိန်ကနီးနေပြီ။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now