ဟာရဒီနေ့ကိုကိုအတွက် နေ့လည်စာများကိုလျှင်မြန်စွာချက်ပြုတ်နေမိသည်။ သူနှင့်ကိုဓနတို့ ချစ်သူသက်တမ်းမှာတစ်နှစ်ခွဲကျော်ကာ နှစ်နှစ်ပင်ပြည့်တော့မည်။ ဟာရကတော့ ဓနနဲ့အတူဒီအိမ်ကလေးမီာပဲနေဖြစ်ခဲ့တာ တစ်နှစ်ပြည့်တော့မည်။ နန်းဆန်ကတော့ ရွှေရည်နဲ့အတူနေကြသည်။
ကိုကိုကဒီနှစ်မှာ ဆေးရုံကြီးတွင်အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေသည်။ ဟာရကတော့ ကျောင်းတစ်ဖက်နဲ့အတူဓနအိမ်တွင်နေရင်း ဓနအတွက်အစားအသောက်များကို စီမံချက်ပြုတ်ကာ သူရှိရာဆေးရုံသို့ သွားရောက်ကာပို့ဆောင်ပေးရသည်။ဟာရလက်ကနာရီကိုတစ်ချက်ကြည့်လိုက်သည်။ ထမင်းချိုင့်ကိုအလျှင်အမြန်ထည့်ကာ ကားငှားကာချစ်သူဆေးရုံသို့ ထွက်လာခဲ့သည်။ ဟာရဘယ်လောက်ပင်ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေပါစေ။ ချစ်ရသူအတွက်တော့ နေ့လည်စာကိုကောင်းကောင်းစားစေချင်တာကြောင့် နေ့တိုင်းချက်ပြုတ်ကာ သူကိုယ်တိုင်ဓနတာဝန်ကျရာ ဆေးရုံသို့အမြဲသွားပို့ဖြစ်ခဲ့သည်။
"ရှေ့နားကအဝင်မှာပဲကားကိုရပ်ပေးပါ။"
ဟာရ "ရန်ကုန်ပြည့်သူဆေးရုံကြီး"ဆိုသောစာတန်းကိုတွေ့လိုက်လျှင် အလိုအလျှောက်ပြုံးလာမိသည်။
ဟာရဆေးရုံကြီးထဲသို့လျှင်မြန်စွာခြေချကာ လှမ်းဝင်လာခဲ့သည်။ လူနာများအတွက်ထားရှိရာ ကြက်သွေးရောင်ဆေးခြယ်သထားသော လူနာဆောင်များကိုကျော်လွန်လာခဲ့သည်။ အရိပ်ကောင်းသော မန်ကျီးပင်အောက်တွင် ထိုင်နားရန်ဆောက်ပေးထားသော ခုံအဝိုင်းကြီးတွင် ဟာရထိုင်လိုက်ရင်း ချစ်သူကိုသူရောက်ရှိနေတာကို သိစေရန်စာအချို့ပို့လိုက်သည်။ဓနတာဝန်အတူကျရာ ဆရာမအချို့ကိုနှုတ်ဆက်ကာ ကြောင်ပေါက်လေးရှိရာကို အပြေးအလွှားရောက်ရှိလာခဲ့သည်။
"ကိုကိုအရမ်းပင်ပန်းနေလား။"
ဟာရအလိုက်သိစွာနဲ့ ရေဘူးအဖုံးဖွင့်ကာဓနထံသို့ ကမ်းပေးလိုက်သည်။ ဟာရတစ်ရှုးတစ်စထုတ်ကာ ဓနနဖူးပေါ်မှချွေးစလေးများကို သုတ်ပေးနေမိသည်။
"အခုတော့ ကိုကိုပင်ပန်းတာတွေလဲပျောက်ကုန်ပြီ။"
ဟာရပါးတစ်ဖက်ကို အနမ်းပေးလိုက်ရင်း ဓနစကားဆိုလိုက်သည်။
ESTÁS LEYENDO
မောင့်ရဲ့ကြင်ရာတော်👨❤️👨
Romanceပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020