58

75 7 0
                                    

ချစ်တယ် လို့လည်းမဆိုချင်
မချစ်ဘူး လို့လည်းမငြင်းချင်။
သူငယ်ချင်း ဆိုတဲ့ခေါင်းစဥ်အောက်မှာ
ဒီလိုပဲ ငြိမ်ငြိမ်သက်သက်။

အရောင်အစင်းကလှတယ်
သို့ပေမဲ့ အဖြူကိုပိုကြိုက်တယ်။

နင့်အပြုံးက လ လိုလှတယ် တဲ့
နင့်သွားတက်တွေကတော့
ကြယ် လိုလှတယ် လို့ပြောဖူးတယ်။

လ ဖြစ်ဖြစ်၊ ကြယ်ဖြစ်ဖြစ်၊
အဆုံးသတ်ဟာ အဖြူလွှမ်းတာပဲ။

ကျောင်းလည်းတူတူသွားတယ်
ကျောင်းလည်းတူတူပြန်တယ်။

လာပိုးပန်းတဲ့ကောင်လေးတွေရှေ့ဆို
သူကဒေါသထွက်ပြတယ်။
လာပိုးပန်းတဲ့ကောင်မလေးတွေရှေ့ဆို
ကိုယ်ကစိတ်ကောက်ပြတယ်။

ပိုင်ရှင်မရှိလည်း လွင့်ချင်ရာလွင့်တဲ့
စွန်ငယ်တွေတော့ မဟုတ်ကြဘူး။
နင်ကငါ့အပိုင် လို့အပြန်အလှန်မဖွင့်ဆိုဖူးပေမဲ့လည်း
ဒီလက်တွေကိုတော့ သေချာပေါက်မလွှတ်ဖြစ်ခဲ့ဘူး။

အိမ်စာတွေဝိုင်းကူးပေးခဲ့ဖူးတယ်
ဗယ်လင်တိုင်းဒေးမှာ တစ်ယောက်ကိုတစ်ယောက် ချောကလက်တွေ ဝယ်ကျွေးခဲ့ကြဖူးတယ်။

ခရီးတွေသွားပြီး ပြန်လာတဲ့အခါ
သူ့အတွက်၊ ကိုယ့်အတွက်
လက်ဆောင်ဟာမပါမဖြစ်။

သူငယ်ချင်း လို့အမည်တပ်ပြီး
ဆင်တူသော့ချိတ်လေးထားဖူးတယ်။

ခပ်ဆိုးဆိုးကောင်လေးဆိုပေမဲ့လည်း
စာဂျပိုးမလေးရှေ့ရောက်ရင်
အေးအေးချမ်းချမ်းလေးဖြစ်သွားပြန်ရော။

အခင်ဆုံးသူငယ်ချင်း လို့ခေါင်းစဥ်တပ်ရမလား
ဒါမှမဟုတ်...
အချစ်ဦး လို့ခေါင်းစဥ်တပ်ရမလား။

တိမ်တွေလိုဖြူစင်တဲ့အရွယ်မှာ
တိမ်တွေလိုချစ်ခဲ့ကြဖူးတယ်။

အသက်တွေကြီးလာတဲ့အထိ၊
နောက်ဆုံး အဆက်အသွယ်တွေပြတ်သွားတဲ့အထိ၊
ချစ်တဲ့အကြောင်းကို
တစ်ခွန်းတလေ မဆိုမိအောင်
ကိုယ်တို့နှစ်ယောက်လုံးနှုတ်ဆိတ်နေခဲ့ကြဖူးတယ်။

ဘယ်လိုပဲပြောပြော
သူကတော့လှပတဲ့ပန်းလေးတစ်ပွင့်အဖြစ်
ကိုယ့်ရင်ထဲမှာ အမြဲကျန်ရှိနေတော့မှာ။

ပြန်တွေးမိတိုင်း ပြုံးရတဲ့
ငယ်ဘဝလေးအဖြစ်။
ပြန်လွမ်းမိတိုင်း ချစ်ရတဲ့
အချစ်ဦးလေးအဖြစ်။

အဲ့ဒီလို...သူကလှပတဲ့အမှတ်တရလေးအဖြစ်။     ။

#Meldian
#17Aug2020

ခ်စ္တယ္ လို႔လည္းမဆိုခ်င္
မခ်စ္ဘူး လို႔လည္းမျငင္းခ်င္။
သူငယ္ခ်င္း ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ
ဒီလိုပဲ ၿငိမ္ၿငိမ္သက္သက္။

အေရာင္အစင္းကလွတယ္
သို႔ေပမဲ့ အျဖဴကိုပိုႀကိဳက္တယ္။

နင့္အၿပဳံးက လ လိုလွတယ္ တဲ့
နင့္သြားတက္ေတြကေတာ့
ၾကယ္ လိုလွတယ္ လို႔ေျပာဖူးတယ္။

လ ျဖစ္ျဖစ္၊ ၾကယ္ျဖစ္ျဖစ္၊
အဆုံးသတ္ဟာ အျဖဴလႊမ္းတာပဲ။

ေက်ာင္းလည္းတူတူသြားတယ္
ေက်ာင္းလည္းတူတူျပန္တယ္။

လာပိုးပန္းတဲ့ေကာင္ေလးေတြေရွ႕ဆို
သူကေဒါသထြက္ျပတယ္။
လာပိုးပန္းတဲ့ေကာင္မေလးေတြေရွ႕ဆို
ကိုယ္ကစိတ္ေကာက္ျပတယ္။

ပိုင္ရွင္မရွိလည္း လြင့္ခ်င္ရာလြင့္တဲ့
စြန္ငယ္ေတြေတာ့ မဟုတ္ၾကဘူး။
နင္ကငါ့အပိုင္ လို႔အျပန္အလွန္မဖြင့္ဆိုဖူးေပမဲ့လည္း
ဒီလက္ေတြကိုေတာ့ ေသခ်ာေပါက္မလႊတ္ျဖစ္ခဲ့ဘူး။

အိမ္စာေတြဝိုင္းကူးေပးခဲ့ဖူးတယ္
ဗယ္လင္တိုင္းေဒးမွာ တစ္ေယာက္ကိုတစ္ေယာက္ ေခ်ာကလက္ေတြ ဝယ္ေကြၽးခဲ့ၾကဖူးတယ္။

ခရီးေတြသြားၿပီး ျပန္လာတဲ့အခါ
သူ႕အတြက္၊ ကိုယ့္အတြက္
လက္ေဆာင္ဟာမပါမျဖစ္။

သူငယ္ခ်င္း လို႔အမည္တပ္ၿပီး
ဆင္တူေသာ့ခ်ိတ္ေလးထားဖူးတယ္။

ခပ္ဆိုးဆိုးေကာင္ေလးဆိုေပမဲ့လည္း
စာဂ်ပိဳးမေလးေရွ႕ေရာက္ရင္
ေအးေအးခ်မ္းခ်မ္းေလးျဖစ္သြားျပန္ေရာ။

အခင္ဆုံးသူငယ္ခ်င္း လို႔ေခါင္းစဥ္တပ္ရမလား
ဒါမွမဟုတ္...
အခ်စ္ဦး လို႔ေခါင္းစဥ္တပ္ရမလား။

တိမ္ေတြလိုျဖဴစင္တဲ့အ႐ြယ္မွာ
တိမ္ေတြလိုခ်စ္ခဲ့ၾကဖူးတယ္။

အသက္ေတြႀကီးလာတဲ့အထိ၊
ေနာက္ဆုံး အဆက္အသြယ္ေတြျပတ္သြားတဲ့အထိ၊
ခ်စ္တဲ့အေၾကာင္းကို
တစ္ခြန္းတေလ မဆိုမိေအာင္
ကိုယ္တို႔ႏွစ္ေယာက္လုံးႏႈတ္ဆိတ္ေနခဲ့ၾကဖူးတယ္။

ဘယ္လိုပဲေျပာေျပာ
သူကေတာ့လွပတဲ့ပန္းေလးတစ္ပြင့္အျဖစ္
ကိုယ့္ရင္ထဲမွာ အၿမဲက်န္ရွိေနေတာ့မွာ။

ျပန္ေတြးမိတိုင္း ၿပဳံးရတဲ့
ငယ္ဘဝေလးအျဖစ္။
ျပန္လြမ္းမိတိုင္း ခ်စ္ရတဲ့
အခ်စ္ဦးေလးအျဖစ္။

အဲ့ဒီလို...သူကလွပတဲ့အမွတ္တရေလးအျဖစ္။     ။

#Meldian
#17Aug2020

Rechel's Where stories live. Discover now