လေတွေတိုက်လာပြီဆို
သူကကိုယ့်ဆီဖုန်းခေါ်တယ်။
ကော်ဖီတွေဖျော်နေပြီဆို
ကိုယ်ကသူ့ဆီဖုန်းခေါ်တယ်။စာသင်နေရင်း
အိပ်ငိုက်မိတဲ့အခါ
ရေးခြစ်မိလိုက်တဲ့နာမည်တစ်စုံဟာ
သူ့နာမည်ဖြစ်နေပြန်တယ်။စိတ်ပူအောင်လုပ်မိရင်း ဆူငေါက်ခံရလည်း
ထူးထူးဆန်းဆန်းအပြစ်မမြင်တာကို
အချစ်လို့ခေါင်းစဉ်တပ်ရမလား။သူမိုးမိရင် ကိုယ်ဒီမှာစိတ်ဆိုးတယ်
သူခေါင်းကိုက်ရင် ကိုယ်ဒီမှာမူးလဲမတတ်ပဲ။
ပတ်ဝန်းကျင်အနှောင်အဖွဲ့ကြားထဲမှာနေရပေမဲ့
သူကအပြည့်အဝကာကွယ်ပေးရှာတယ်။ချစ်လားလည်းမမေးမိဘူး
ချစ်တယ်လည်းဖွင့်မပြောဘူး။
ဒါပေမဲ့တစ်ယောက်ကိုတစ်ယောက်ကပိုင်တယ်။အချစ်ကိုချစ်တယ်လို့ပြောမှ
အချစ်ဖြစ်မှာလား။
ချစ်တယ်လို့်မပြောဘဲ ချစ်နေရခြင်းဟာ
ပိုပြီးသက်သောင့်သက်သာဖြစ်တာကိုသိလား။ကိုယ်ကတိမ်တွေလိုလွတ်လပ်ချင်တယ် ပြောတော့
သူကမိုးပျံပူဖောင်းလို
ကိုယ်ဖော့ပေးတယ်။အချစ်ကိုချစ်တယ် လို့မပြောတော့ဘူး။
ကိုယ်မပြောလည်း သူသိပြီးသား၊
သူမပြောလည်း ကိုယ်သိပြီးသားပဲမဟုတ်ဘူးလား။လုံလောက်ပါတယ်။
#meldian
( အချစ်ကိုချစ်တယ်မပြောကြေး )ေလေတြတိုက္လာၿပီဆို
သူကကိုယ့္ဆီဖုန္းေခၚတယ္။
ေကာ္ဖီေတြေဖ်ာ္ေနၿပီဆို
ကိုယ္ကသူ႕ဆီဖုန္းေခၚတယ္။စာသင္ေနရင္း
အိပ္ငိုက္မိတဲ့အခါ
ေရးျခစ္မိလိုက္တဲ့နာမည္တစ္စုံဟာ
သူ႕နာမည္ျဖစ္ေနျပန္တယ္။စိတ္ပူေအာင္လုပ္မိရင္း ဆူေငါက္ခံရလည္း
ထူးထူးဆန္းဆန္းအျပစ္မျမင္တာကို
အခ်စ္လို႔ေခါင္းစဥ္တပ္ရမလား။သူမိုးမိရင္ ကိုယ္ဒီမွာစိတ္ဆိုးတယ္
သူေခါင္းကိုက္ရင္ ကိုယ္ဒီမွာမူးလဲမတတ္ပဲ။
ပတ္ဝန္းက်င္အႏွောင္အဖြဲ႕ၾကားထဲမွာေနရေပမဲ့
သူကအျပည့္အဝကာကြယ္ေပးရွာတယ္။ခ်စ္လားလည္းမေမးမိဘူး
ခ်စ္တယ္လည္းဖြင့္မေျပာဘူး။
ဒါေပမဲ့တစ္ေယာက္ကိုတစ္ေယာက္ကပိုင္တယ္။အခ်စ္ကိုခ်စ္တယ္လို႔ေျပာမွ
အခ်စ္ျဖစ္မွာလား။
ခ်စ္တယ္လို႔္မေျပာဘဲ ခ်စ္ေနရျခင္းဟာ
ပိုၿပီးသက္ေသာင့္သက္သာျဖစ္တာကိုသိလား။ကိုယ္ကတိမ္ေတြလိုလြတ္လပ္ခ်င္တယ္ ေျပာေတာ့
သူကမိုးပ်ံပူေဖာင္းလို
ကိုယ္ေဖာ့ေပးတယ္။အခ်စ္ကိုခ်စ္တယ္ လို႔မေျပာေတာ့ဘူး။
ကိုယ္မေျပာလည္း သူသိၿပီးသား၊
သူမေျပာလည္း ကိုယ္သိၿပီးသားပဲမဟုတ္ဘူးလား။လုံေလာက္ပါတယ္။
#Meldian