76 ( R A M )

105 14 1
                                    

Search list ထိပ်မှာထားထားပေမယ့်
ဘယ်တော့မှပြန်မသွားဖြစ်တော့မယ့်
အိမ်လေးတစ်အိမ်ရှိတယ်။

ကိုယ့် myday ထဲက others နေရာမှာ
သူရှိနေ‌မယ်ဆိုတာကိုသိနိုင်သလို
သူ့ myday ထဲက others မှာလည်း
ကိုယ်ရှိနေမယ်ဆိုတာ သိပြီးသားပဲ။

စိတ်ချင်းဟာ အနီးဆုံးဖြစ်ပြီး
လူချင်းဟာ အဝေးတကာ့အဝေးဆုံးဖြစ်ခဲ့တယ်
အကြိမ်ပေါင်းများစွာ ဝေးကွာခဲ့ဖူးသလို
အကြိမ်ပေါင်းများစွာ နီးကပ်ခဲ့ဖူးတယ်။

ဘယ်တော့မှပြန်မတွေ့ဘူး
ဘယ်တော့မှပြန်မချစ်ဘူး လို့အဓိပ္ပါယ်ရတဲ့
စကားတွေ အထပ်ထပ်အခါခါပြောခဲ့ဖူးပေမယ့်လည်း
ကိုယ်တို့နှစ်ယောက်ဟာ ဒီသံသရာထဲမှာပဲ
တဝဲလည်လည်ဆက်ရှိနေသေးတဲ့ လိပ်ပြာတွေလို။

အချစ်ဟာ ဒါပါလားလို့သူနဲ့မှ
မျက်မြင်တပ်အပ်တွေ့ခဲ့ရတယ်။
သူ့နှာခေါင်းထိပ်လေးနဲ့
လက်ချောင်း‌လေးတွေဟာ
အမြဲတမ်းလိုလိုအေးစက်‌နေတတ်တယ်။

အမဲရောင်ကိုကြိုက်ပါတယ် ဆိုတဲ့လူက
ကိုယ့်ကိုချစ်ခဲ့တာကျ အကြည်ရောင်သန့်သန့်လေး။

အိပ်မက်ထဲမှာမတော်တဆတွေ့ခဲ့ရင်တောင်
အပြန်အလှန်သဝန်တိုခဲ့ရတဲ့ဆက်ဆံရေးပဲ။

နာရတဲ့စကားတွေလည်း အများကြီးပြောခဲ့ဖူးတယ်
ချစ်ရတဲ့အကြောင်းတွေလည်း အများကြီးပြောခဲ့ဖူးတယ်။
ဒီတခါတကယ်ဝေးပြီ လို့ထင်ခဲ့လည်း
စိတ်ထဲမှာ သူရှိတုန်း။

ပြန်လိုချင်လားဆို ဟင့်အင်း
ချစ်လား ဆိုချစ်တယ်
အဲ့ဒီလို ... ဖြေရှင်းမရတဲ့ပုစ္ဆာဟာ
သူနဲ့စပြီးကိုယ်နဲ့ဆုံးတယ်။

တကယ်တော့ search list ထိပ်က
အမည်နာမဟာ သူပဲ
သူက အိမ်ငယ်လေးပဲ
ပြန်မသွားဖြစ်တော့မယ့်အိမ်
ပြန်မရောက်ဖြစ်တော့မယ့် အိမ်
ကိုယ်လက်လွှတ်ခဲ့တဲ့အိမ်
နောက်ပြီး ကိုယ့်ကိုမကြိုဆိုတော့တဲ့အိမ် ... ။      ။

#Meldian
#26Jan2021

*-*-*-*-*-*-*-*-*-*

Search list ထိပ္မွာထားထားေပမယ့္
ဘယ္ေတာ့မျွပန္မသြားျဖစ္ေတာ့မယ့္
အိမ္ေလးတစ္အိမ္ရိွတယ္။

ကိုယ့္ myday ထဲက others ေနရာမွာ
သူရိွေန‌မယ္ဆိုတာကိုသိႏိုင္သလို
သူ႔ myday ထဲက others မွာလည္း
ကိုယ္ရိွေနမယ္ဆိုတာ သိၿပီးသားပဲ။

စိတ္ခ်င္းဟာ အနီးဆံုးျဖစ္ၿပီး
လူခ်င္းဟာ အေဝးတကာ့အေဝးဆံုးျဖစ္ခဲ့တယ္
အႀကိမ္ေပါင္းမ်ားစြာ ေဝးကြာခဲ့ဖူးသလို
အႀကိမ္ေပါင္းမ်ားစြာ နီးကပ္ခဲ့ဖူးတယ္။

ဘယ္ေတာ့မျွပန္မေတြ့ဘူး
ဘယ္ေတာ့မျွပန္မခ်စ္ဘူး လို႔အဓိပၸါယ္ရတဲ့
စကားေတြ အထပ္ထပ္အခါခါေျပာခဲ့ဖူးေပမယ့္လည္း
ကိုယ္တို႔ႏွစ္ေယာက္ဟာ ဒီသံသရာထဲမွာပဲ
တဝဲလည္လည္ဆက္ရိွေနေသးတဲ့ လိပ္ျပာေတြလို။

အခ်စ္ဟာ ဒါပါလားလို႔သူနဲ႔မွ
မ်က္ျမင္တပ္အပ္ေတြ့ခဲ့ရတယ္။
သူ႔ႏွာေခါင္းထိပ္ေလးနဲ႔
လက္ေခ်ာင္း‌ေလးေတြဟာ
အၿမဲတမ္းလိုလိုေအးစက္‌ေနတတ္တယ္။

အမဲေရာင္ကိုႀကိဳက္ပါတယ္ ဆိုတဲ့လူက
ကိုယ့္ကိုခ်စ္ခဲ့တာက် အၾကည္ေရာင္သန႔္သန႔္ေလး။

အိပ္မက္ထဲမွာမေတာ္တဆေတြ့ခဲ့ရင္ေတာင္
အျပန္အလွန္သဝန္တိုခဲ့ရတဲ့ဆက္ဆံေရးပဲ။

နာရတဲ့စကားေတြလည္း အမ်ားႀကီးေျပာခဲ့ဖူးတယ္
ခ်စ္ရတဲ့အေၾကာင္းေတြလည္း အမ်ားႀကီးေျပာခဲ့ဖူးတယ္။
ဒီတခါတကယ္ေဝးၿပီ လို႔ထင္ခဲ့လည္း
စိတ္ထဲမွာ သူရိွတုန္း။

ျပန္လိုခ်င္လားဆို ဟင့္အင္း
ခ်စ္လား ဆိုခ်စ္တယ္
အဲ့ဒီလို ... ေျဖရွင္းမရတဲ့ပုစၧာဟာ
သူနဲ႔စၿပီးကိုယ္နဲ႔ဆံုးတယ္။

တကယ္ေတာ့ search list ထိပ္က
အမည္နာမဟာ သူပဲ
သူက အိမ္ငယ္ေလးပဲ
ျပန္မသြားျဖစ္ေတာ့မယ့္အိမ္
ျပန္မေရာက္ျဖစ္ေတာ့မယ့္ အိမ္
ကိုယ္လက္လႊတ္ခဲ့တဲ့အိမ္
ေနာက္ၿပီး ကိုယ့္ကိုမႀကိဳဆိုေတာ့တဲ့အိမ္ ... ။      ။

#Meldian
#26Jan2021

Rechel's Where stories live. Discover now