79 ( ESSAY ) / Zawgyi code

68 5 0
                                    

ငါ့ကောင်းကင်မှာတော့ ဒီတိမ်တွေဟာ ပြိုပြီးသား။

တနေ့မှာရုတ်တရက်ကြီး ကျနော့် Acc ကို Tag တွဲပြီး Post တွေတင်ကြလိမ့်မယ်။ အရင်ဦးဆုံး ကျနော့်မိသားစုက ကျနော်မရှိတော့ကြောင်း အတည်ပြုပေးလိမ့်မယ်။ ကျနော့် contact list ထဲက ချစ်စရာအီမိုဂျီတွေထည့်ထားတဲ့ ကျနော့်သူငယ်ချင်းတွေဆီကို ကျနော့်အိမ်ကအရင်ဖုန်းဆက်ပေးလိမ့်မယ်။ ပြီးရင် ကိုးဆယ့်ခြောက်ပါးသောရောဂါနဲ့ ဘဝကူးသွားကြောင်း ကျနော့်နာရေးဖိတ်စာကို ဓာတ်ပုံရိုက်ပြီး Tag တွဲ၍သော်လည်းကောင်း၊ ကျနော့် Acc ကနေသော်လည်းကောင်း၊ ကျနော့် Friend list ထဲကလူတွေကိုအသိပေးလိမ့်မယ်။ တချို့ကျ “ ဟိုရက်တွေထဲက မြင်တော့မြင်သား ” လို့စိတ်ထဲက ကောက်ချက်ချလိမ့်မယ်။ တချို့ကျ “ ဘာများဖြစ်လို့လဲ၊ ပျော်နေမယ်ထင်တာ ” လို့တအံ့တဩဖြစ်ကြလိမ့်မယ်။ တချို့ကျ “ လွတ်မြောက်သွားပြီပေါ့ ” လို့အားပေးအားမြောက်ပြုကြလိမ့်မယ်။

ကျနော့်နဲ့ရင်းနှီးကျွမ်းဝင်တဲ့အသိတွေက ကျနော့်ကို Tag တွဲပြီး “ အရင်နေ့တွေကထိ ကိုယ့်ဘက်ရပ်တည်ပေးခဲ့တာ၊ ဘယ်လိုဖြစ်ဖြစ်တောင့်ခံနိုင်မယ်လို့ထင်ခဲ့တာ၊ ဟုတ်ရောဟုတ်ရဲ့လား၊ မယုံကြည်နိုင်သေးဘူး ” ဆိုတဲ့စာသားတွေနဲ့ ကျနော်ဆုံးရှုံးသွားတာကို ယူကြုံးမရဖြစ်နေလိမ့်မယ်။ Online ကနေနှစ်ချီပြီးသိခဲ့တဲ့ ကျနော့် Internet Friends တွေက “ ဒီလိုမလုပ်သင့်ဘူးဟာ ” ဆိုတဲ့အစချီစကားတွေနဲ့ သူတို့ရင်ထဲမှာ လစ်ဟာသွားကြောင်းထုတ်ဖော်ပြသလိမ့်မယ်။ သူငယ်ချင်းအရင်းကြီးတွေကျ “ လွတ်မြောက်သွားပြီပေါ့ဟာ၊ နောက်ဘဝလည်းသူငယ်ချင်းဖြစ်ရအောင် ” ဆိုတဲ့စကားတွေနဲ့ ကျနော့်လုပ်ရပ်ကိုနားလည်ပေးကြလိမ့်မယ်။ သူတို့ရှေ့တင် ခဏခဏပြိုလဲခဲ့ဖူးတဲ့ကျနော့်ကို သူတို့ကနားအလည်ဆုံးဖြစ်ကြလိမ့်မယ်။

ကျနော်ချစ်ရတဲ့ အဲ့ဒီလူသားလေးကတော့ ကျနော့်သတင်းကိုကြားကြားချင်း အရုပ်ကြိုးပျက်ဖြစ်သွားမှာသေချာပါတယ်။ အဲ့ဒီသတင်းကို ကျနော့်သူငယ်ချင်းတွေဆီကတဆင့် သူသိလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ သူက ငိုချင်မှလည်းငိုမှာ။ လူတွေဟာ ထုံသွားတဲ့အခါ ဘယ်လောက်နာနာမအော်တတ်တော့ဘူးမလား။ သူတော်တော်လေးဝမ်းနည်းနေမှာပါ။ မချစ်ဘူး လို့ပြောခဲ့တဲ့သူက ကျနော့်ကိုမုန်းတာမှမဟုတ်ပဲလေ။ အခန့်မသင့်ရင် အဖြူထည်အဲ့ဒီလူသားလေးက သူ့ကြောင့်ဆိုပြီး အပြစ်တွေတင်ချင်တင်နေမှာ။ Social media တွေပေါ်ကနေ သူပျောက်ချင်လည်းပျောက်သွားမှာ။ သူကျနော့်ဆီဖုန်းခေါ်ရင်လည်း ခေါ်မှာ။ “ ကိုင်ပါ ” ဆိုတဲ့တုန်တုန်ရီရီစကားတွေနဲ့ ကျနော်ရှိနေသေးတယ်ဆိုတာကို သူအတည်ပြုချင်နေမှာ။ သူ့သူငယ်ချင်းတွေကတော့ ကျနော့်ထက်အရင် သူ့ကိုပြေးပြီးစိတ်ပူနေမှာပါ။ အားလုံးပြီးသွားတဲ့အခါကျရင်တော့ ကျနော်ပိုင်ဆိုင်ခဲ့တဲ့တစ်ခုတည်းသော ကျနော့် Fb acc လေးက “Remembering” ဆိုတဲ့စာတန်းလေးကိုအပြာရောင်ပန်းငယ်လေးနဲ့တကွ ပေါ်နေလိမ့်မယ်။

Rechel's Where stories live. Discover now