66 ( RIP )

112 8 0
                                    

ဒီနေဝင်ချိန်ကို မောင်သိပ်သဘောကျမှာပဲ
ဒီအချိန်ဆို မောင်ရှိရမှာပဲ
တိုးလာတဲ့လေညှင်းလေးက
စိတ်နှလုံးကိုဖြတ်ဖြတ်ရိုက်တယ်။

အော်...ဝေးပြီ တဲ့လား မောင်ရယ်။

ကျန်ခဲ့ရတာကိုပဲ လူတွေမြင်တယ်
သဲ လိုက်ခဲ့ချင်တာကျ သူတို့ကမမြင်ဘူး။
သွားတဲ့လူဟာသွားပြီပဲ...လွှတ်ပေးလိုက်ပါတော့ တဲ့။

ဟုတ်ရဲ့လား မောင်
သဲတို့တကယ်ဝေးကြပြီလား။

အချစ်တွေကျန်နေကြောင်း၊
သံယောဇဥ်တွေမကုန်ခမ်းသေးကြောင်း၊
ဖြစ်နိုင်ရင် မောင်ရေ...
ဖြစ်နိုင်ရင်လေ။
အရင်လို မောင့်ပုခုံးထက်
သဲ ခေါင်းလေးမှီရင်းပြောပြချင်ပါရဲ့။

ထပ်မံပြီးပြောပြချင်ပါသေးတယ်
ဒီရက်တွေထဲ သဲ ဘယ်လိုနေခဲ့ရကြောင်း၊
မောင်မရှိတော့ ဘယ်လောက်ထိလမ်းပျောက်ခဲ့ရကြောင်း၊
မောင်ရေ...မောင်သာသိရင်လေ
အရင်ထွက်သွားမိတာကို
နောင်တရနေလိမ့်မယ်။

သဲကတော့ သိပ်ကိုလိုက်ခဲ့ချင်တာပဲ
တာဝန်တွေကျေပွန်အောင်ထမ်းဆောင်ရပါတယ်
ဒီလမ်းဟာ မောင်လျှောက်စေချင်တဲ့
လမ်းကလေးမဟုတ်လားကွယ်။

အခုနေလိုက်လာရင်
မောင်ကတော့တာဝန်တွေမကျေပွန်ဘူး ဆိုပြီး
ဆူနေတော့မှာပဲ။

အများစုဟာ စောင့်ရှောက်ကြပါတယ်
ဒါမယ့်လည်း မောင်ရယ်
မောင်မှမဟုတ်ပဲ ဆိုတဲ့စိတ်နဲ့
သဲ စိတ်တွေလည်း သေခဲ့ရတာအခါခါ။

ဒီသံသရာမှာဒီလောက်ဆို
နောက်သံသရာမှာတော့ ရှည်ကြာချင်တယ်။
အဲ့ကျရင်တော့ ချစ်ပေးရသူဟာ
သဲဖြစ်ပါရစေ မောင်။

အသက်တွေကြီးတဲ့အထိ
မောင့်လက်ကိုတွဲထားရသူဟာ သဲဖြစ်ပါရစေ။
သိုက်သိုက်ဝန်းဝန်းမိသားစုလေးကို
အေးအေးချမ်းချမ်းလေးပျိုးထောင်မယ်။

နောက်ဘဝကိုမယုံဘူး
မောင့်ကိုယုံတယ်
တခြားကမ္ဘာကိုအရင်ရောက်နှင့်ပြီး
သဲကိုစောင့်နေတယ်မဟုတ်လား မောင်။

#11September2020
#1yearsand6months
#Restinpeace
#Meldian

- This is a special one for @Annie
- do not repost on any page

ဒီေနဝင္ခ်ိန္ကို ေမာင္သိပ္သေဘာက်မွာပဲ
ဒီအခ်ိန္ဆို ေမာင္ရွိရမွာပဲ
တိုးလာတဲ့ေလညွင္းေလးက
စိတ္ႏွလုံးကိုျဖတ္ျဖတ္ရိုက္တယ္။

ေအာ္...ေဝးၿပီ တဲ့လား ေမာင္ရယ္။

က်န္ခဲ့ရတာကိုပဲ လူေတြျမင္တယ္
သဲ လိုက္ခဲ့ခ်င္တာက် သူတို႔ကမျမင္ဘူး။
သြားတဲ့လူဟာသြားၿပီပဲ...လႊတ္ေပးလိုက္ပါေတာ့ တဲ့။

ဟုတ္ရဲ႕လား ေမာင္
သဲတို႔တကယ္ေဝးၾကၿပီလား။

အခ်စ္ေတြက်န္ေနေၾကာင္း၊
သံေယာဇဥ္ေတြမကုန္ခမ္းေသးေၾကာင္း၊
ျဖစ္နိုင္ရင္ ေမာင္ေရ...
ျဖစ္နိုင္ရင္ေလ။
အရင္လို ေမာင့္ပုခုံးထက္
သဲ ေခါင္းေလးမွီရင္းေျပာျပခ်င္ပါရဲ႕။

ထပ္မံၿပီးေျပာျပခ်င္ပါေသးတယ္
ဒီရက္ေတြထဲ သဲ ဘယ္လိုေနခဲ့ရေၾကာင္း၊
ေမာင္မရွိေတာ့ ဘယ္ေလာက္ထိလမ္းေပ်ာက္ခဲ့ရေၾကာင္း၊
ေမာင္ေရ...ေမာင္သာသိရင္ေလ
အရင္ထြက္သြားမိတာကို
ေနာင္တရေနလိမ့္မယ္။

သဲကေတာ့ သိပ္ကိုလိုက္ခဲ့ခ်င္တာပဲ
တာဝန္ေတြေက်ပြန္ေအာင္ထမ္းေဆာင္ရပါတယ္
ဒီလမ္းဟာ ေမာင္ေလွ်ာက္ေစခ်င္တဲ့
လမ္းကေလးမဟုတ္လားကြယ္။

အခုေနလိုက္လာရင္
ေမာင္ကေတာ့တာဝန္ေတြမေက်ပြန္ဘူး ဆိုၿပီး
ဆူေနေတာ့မွာပဲ။

အမ်ားစုဟာ ေစာင့္ေရွာက္ၾကပါတယ္
ဒါမယ့္လည္း ေမာင္ရယ္
ေမာင္မွမဟုတ္ပဲ ဆိုတဲ့စိတ္နဲ႕
သဲ စိတ္ေတြလည္း ေသခဲ့ရတာအခါခါ။

ဒီသံသရာမွာဒီေလာက္ဆို
ေနာက္သံသရာမွာေတာ့ ရွည္ၾကာခ်င္တယ္။
အဲ့က်ရင္ေတာ့ ခ်စ္ေပးရသူဟာ
သဲျဖစ္ပါရေစ ေမာင္။

အသက္ေတြႀကီးတဲ့အထိ
ေမာင့္လက္ကိုတြဲထားရသူဟာ သဲျဖစ္ပါရေစ။
သိုက္သိုက္ဝန္းဝန္းမိသားစုေလးကို
ေအးေအးခ်မ္းခ်မ္းေလးပ်ိဳးေထာင္မယ္။

ေနာက္ဘဝကိုမယုံဘူး
ေမာင့္ကိုယုံတယ္
တျခားကမၻာကိုအရင္ေရာက္ႏွင့္ၿပီး
သဲကိုေစာင့္ေနတယ္မဟုတ္လား ေမာင္။

#11September2020
#1yearsand6months
#Restinpeace
#Meldian

- This is a special one for @Annie
- do not repost on any page

Rechel's Where stories live. Discover now