63 ( 🥀 )

97 10 0
                                    

ချောင်မှာဝင်ခွေနေတဲ့ကြောင်ပေါက်လေးလိုငယ်ဟာ​​ပြဿနာတွေများလာတဲ့အခါ အလိုလိုတိတ်ဆိတ်သွားလေ့ရှိတယ်။ စီးကရက်တွေလည်းသောက်ချင်သောက်နေတာ။ နောက်ပြီးအယ်လ်ကိုဟောတွေလည်းသောက်ချင်သောက်နေတာ။ အခုနေငိုပြီးခဏနေပြန်ရီသွားတတ်တဲ့ ငယ့်စိတ်ကလေးဟာ အတက်အကျသိပ်မြန်လွန်းတယ်။

ငယ့်လိုအရွယ်ကောင်မလေးဟာ ဒဏ်ရာတွေများတဲ့ကြောင်ပေါက်လေးပဲ။ ငယ့်မှာလူတကာမြင်ရတဲ့ဒဏ်ရာတွေရှိသလို အတွင်းကြေဒဏ်ရာတွေလည်းရှိတယ်။ ငယ်ကအရယ်အပြုံးများတဲ့မိန်းကလေး။ သူကိုယ်တိုင်က အေးစက်နေတာတောင်လူတကာအပေါ်နွေးထွေးပေးလေ့ရှိတယ်။ ဘာဖြစ်နေလဲမေးရင် ဒီလိုပါပဲ လို့မျက်လုံးငြိမ်ငြိမ်လေးနဲ့ ပြန်ဖြေတတ်တဲ့ကြောင်ပေါက်လေးဟာ ကြည့်လိုက်တာနဲ့ ကိုယ်ပါလိုက်ငိုချင်စရာ။

ဒဏ်ရာတွေကိုပန်းချီတစ်ချပ်လို ငယ့်အခန်းနံရံမှာ ချိတ်ဆွဲထားပြန်တယ်။ တစ်ခါတလေ တလောကလုံးမှာ သူကကံအကောင်းဆုံးမိန်းမ လို့ကြွေးကြော်တတ်ပြီး တစ်ခါတလေ တလောကလုံးမှာ သူသိမ်အဖျင်းဆုံးလို့ လက်သည်းဖွက်ထားတဲ့ကြောင်ငယ်လေးလို ပြောနေပြန်ရော။

အပြာရောင်ကိုကြိုက်တယ်ပြောပြီး ခန္ဓာကိုယ်ထဲကသွေးတွေထွက်လာအောင်လုပ်နေပြန်တယ်။ ကော်ဖီကိုတစ်ခွက်ပြီးတစ်ခွက်သောက်တယ်။ သူ့အနားကထွက်သွားတဲ့သေလူတွေ၊ ရှင်လူတွေကို တွေးမျှော်နေလေ့ရှိတယ်။ ဘဝဟာညနေခင်းဆည်းဆာတစ်ခုလို့ရေရွတ်ရင်း ပြန်နိုးမလာချင်တော့ကြောင်းကြောက်စရာကောင်းအောင် ပြောလာပြန်တယ်။

သူငယ်ချင်းတွေနဲ့ရယ်မောနေတုန်းမှာပဲ ချက်ချင်းငြိမ်ကျသွားတဲ့အထိ ငယ့်ဒဏ်ရာတွေကစိုးရိမ်ရတယ်။ငိုရတာထက်မငိုရတာကပိုပင်ပန်းတာသိလား လို့မေးပြီးလည်ပင်းတွေအောင့်တဲ့အထိ မျက်ရည်တွေထိန်းထားပြန်ရော။ ငယ့်ဘဝဟာ ဘယ်အထိဆက်နစ်မလဲမသိနိုင်သလို ငယ်ဘယ်အချိန်မှာ
စိတ်ရင်းအမှန်နဲ့ရယ်နေမလဲဆိုတာလည်းမသိနိုင်ဘူး။

လိမ်တာကိုမုန်းတယ်ပြောပြီး
သူကိုယ်တိုင်အပြုံးတုတွေနဲ့။ ပြန်မလာနိုင်တော့တဲ့လူတွေကို
ငယ်ကတနင့်တပိုးကြီးစောင့်နေတယ်။ သူပင်ပန်းနေပြီ ဆိုတဲ့အကြောင်းမပြောဘူး။ ကိုးထပ်တိုက်ပေါ်ကခုန်ချချင်တဲ့ စိတ်ကလေးက​တော့တကယ်ရှိတယ်။ ငယ်ကဒဏ်ရာတွေနည်းအောင်
ကြိုးစားနေပေမဲ့နောက်ကျောဓားထိုးတာတွေ၊တနည်း..အတုအယောင်တွေနဲ့ပဲကြုံနေတော့ ငယ့်ဒဏ်ရာတွေဟာနက်သထက်နက်လာတယ်။ ဒီနွံဟာ ရုန်းလေနစ်လေဖြစ်လာတယ်။

Rechel's Where stories live. Discover now