59 ( Ram )

91 9 0
                                    

" နောက်တစ်ခါငါ့မျက်စိရှေ့ပေါ်မလာနဲ့ " လို့
စိတ်ဆိုးမာန်ဆိုးပြောလိုက်တဲ့နေ့က
ကျွန်မချစ်ရတဲ့ ကြောင်ငယ်လေး
ဘဝထဲကအပြီးပျောက်သွားတဲ့နေ့ပဲ။

သူကအားငယ်တတ်တယ်
သူ့အပေါင်းအဖော်တွေ၊ သူ့မိသားစုဝင်တွေနဲ့
အဆင်မပြေတဲ့အခါ ကျွန်မကိုယ်ပေါ်ခုန်ပေါက်
ပြေးတက်လာလေ့ရှိတဲ့ ကြောင်ငယ်လေးပဲ။

အဆင်မပြေကြောင်းတွေကြားသိရပါတယ်
ဒါပေမဲ့ သူဟာ ကျွန်မရှေ့
နောက်တစ်ခါထပ်ပေါ်မလာတော့ဘူး။

အသံတွေမကြားရတော့တဲ့အထိ ပျောက်ကွယ်သွားခဲ့တာ ကျွန်မအဲ့စကားပြောခဲ့တဲ့နေ့ကတည်းက။

ချောင်တစ်နေရာရာမှာ သူခွေအိပ်နေမှာ
ကျွန်မဆီဖုန်းခေါ်ဖို့၊ ကျွန်မကိုဆက်သွယ်ဖို့
သူအကြိမ်ပေါင်းများစွာ ကြိုးစားခဲ့မှာ။

ကျွန်မအတွက်တော့ ကြောင်ငယ်သာသာလေးဆိုပေမဲ့လည်း
သူ့ဟာနဲ့သူတော့ မာနလေးရှိဦးမယ်ထင်ပါရဲ့။

"ငါနင့်ကိုမုန်းတယ်" တဲ့။
တခါမှမပြဖူးတဲ့အစွယ်တွေ အားကြိုးမာန်တက်ပြရင်း
လှည့်ထွက်သွားလိုက်တာ အခုဆို ၃လ။

နေ့ဘက်မှာ
တခြားမိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းကိုနမ်းရင်း
ညဘက်မှာ ကျွန်မကိုလွမ်းနေလိမ့်မယ်။
သူက ကျွန်မအကြောင်းအကုန်သိမလိုနဲ့
ကျွန်မကသာ သူ့အကြောင်းအကုန်သိခဲ့ရတယ်။

လိုက်ရှာမယ်အထင်နဲ့ ပုန်းနေတဲ့ကြောင်ပေါက်လေးကို
ကျွန်မလိုက်မရှာဖြစ်တော့ဘူး။
သူပြောခဲ့တဲ့ "ငါနင့်ကိုမုန်းတယ်" ဆိုတဲ့စကားဟာ
စိတ်ရင်းအမှန်ဖြစ်ချင်မှဖြစ်လိမ့်မယ်။

ကျွန်မပြောခဲ့တဲ့
"နောက်တခါငါ့မျက်စိ​ရှေ့ပေါ်မလာနဲ့" ဆိုတဲ့
စကားကတော့ စိတ်ရင်းအမှန်ပါပဲ။

မြင်နေရရင်ပင်ပန်းမှာလေ။
သူမသိလောက်ပေမဲ့
ကျွန်မအနေနဲ့လည်း လုံလုံလောက်လောက်ပင်ပန်းခဲ့ပြီးပါပြီ။
လွမ်းတာဟာ စိတ်ထဲမှာပါပဲ
လမ်းပေါ်မှာတောင် ဖြတ်ခနဲ​ပြန်မဆုံချင်တော့ဘူး။

ဒီလိုမျိုး ကျွန်မလိုက်မရှာတာကိုသာ သူသိရင်
သေးငယ်တဲ့ကြောင်ပေါက်လေးဟာ
ကျွန်မကို မုန်းပြီးရင်းမုန်းနေတော့မှာပဲ။

#Meldian #Message

" ေနာက္တစ္ခါငါ့မ်က္စိေရွ႕ေပၚမလာနဲ႕ " လို႔
စိတ္ဆိုးမာန္ဆိုးေျပာလိုက္တဲ့ေန႕က
ကြၽန္မခ်စ္ရတဲ့ ေၾကာင္ငယ္ေလး
ဘဝထဲကအၿပီးေပ်ာက္သြားတဲ့ေန႕ပဲ။

သူကအားငယ္တတ္တယ္
သူ႕အေပါင္းအေဖာ္ေတြ၊ သူ႕မိသားစုဝင္ေတြနဲ႕
အဆင္မေျပတဲ့အခါ ကြၽန္မကိုယ္ေပၚခုန္ေပါက္
ေျပးတက္လာေလ့ရွိတဲ့ ေၾကာင္ငယ္ေလးပဲ။

အဆင္မေျပေၾကာင္းေတြၾကားသိရပါတယ္
ဒါေပမဲ့ သူဟာ ကြၽန္မေရွ႕
ေနာက္တစ္ခါထပ္ေပၚမလာေတာ့ဘူး။

အသံေတြမၾကားရေတာ့တဲ့အထိ ေပ်ာက္ကြယ္သြားခဲ့တာ ကြၽန္မအဲ့စကားေျပာခဲ့တဲ့ေန႕ကတည္းက။

ေခ်ာင္တစ္ေနရာရာမွာ သူေခြအိပ္ေနမွာ
ကြၽန္မဆီဖုန္းေခၚဖို႔၊ ကြၽန္မကိုဆက္သြယ္ဖို႔
သူအႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့မွာ။

ကြၽန္မအတြက္ေတာ့ ေၾကာင္ငယ္သာသာေလးဆိုေပမဲ့လည္း
သူ႕ဟာနဲ႕သူေတာ့ မာနေလးရွိဦးမယ္ထင္ပါရဲ႕။

"ငါနင့္ကိုမုန္းတယ္" တဲ့။
တခါမွမျပဖူးတဲ့အစြယ္ေတြ အားႀကိဳးမာန္တက္ျပရင္း
လွည့္ထြက္သြားလိုက္တာ အခုဆို ၃လ။

ေန႕ဘက္မွာ
တျခားမိန္းမတစ္ေယာက္ရဲ႕ႏႈတ္ခမ္းကိုနမ္းရင္း
ညဘက္မွာ ကြၽန္မကိုလြမ္းေနလိမ့္မယ္။
သူက ကြၽန္မအေၾကာင္းအကုန္သိမလိုနဲ႕
ကြၽန္မကသာ သူ႕အေၾကာင္းအကုန္သိခဲ့ရတယ္။

လိုက္ရွာမယ္အထင္နဲ႕ ပုန္းေနတဲ့ေၾကာင္ေပါက္ေလးကို
ကြၽန္မလိုက္မရွာျဖစ္ေတာ့ဘူး။
သူေျပာခဲ့တဲ့ "ငါနင့္ကိုမုန္းတယ္" ဆိုတဲ့စကားဟာ
စိတ္ရင္းအမွန္ျဖစ္ခ်င္မွျဖစ္လိမ့္မယ္။

ကြၽန္မေျပာခဲ့တဲ့
"ေနာက္တခါငါ့မ်က္စိ​ေရွ႕ေပၚမလာနဲ႕" ဆိုတဲ့
စကားကေတာ့ စိတ္ရင္းအမွန္ပါပဲ။

ျမင္ေနရရင္ပင္ပန္းမွာေလ။
သူမသိေလာက္ေပမဲ့
ကြၽန္မအေနနဲ႕လည္း လုံလုံေလာက္ေလာက္ပင္ပန္းခဲ့ၿပီးပါၿပီ။
လြမ္းတာဟာ စိတ္ထဲမွာပါပဲ
လမ္းေပၚမွာေတာင္ ျဖတ္ခနဲ​ျပန္မဆုံခ်င္ေတာ့ဘူး။

ဒီလိုမ်ိဳး ကြၽန္မလိုက္မရွာတာကိုသာ သူသိရင္
ေသးငယ္တဲ့ေၾကာင္ေပါက္ေလးဟာ
ကြၽန္မကို မုန္းၿပီးရင္းမုန္းေနေတာ့မွာပဲ။

#Meldian #Message

Rechel's Where stories live. Discover now