တစ်ယောက်သောသူအကြောင်းပြောရင်း
ညညဆို ကြယ်တွေဆီခေါင်းထိုးပြီးငိုရ။အပြိုင်စကြာဝဠာကို ယုံလား
အဲ့ဒီမှာ ငါတို့နီးနေနိုင်လား။အခုချိန်ထိ မိုးရွာရင်ပျော်နေတုန်းလား
ဘာသာစကားတွေ
ကြိုးစားသင်ယူနေတဲ့ ကောင်လေးဟာ
အခုတော့လည်း ငါမရှိတဲ့ကမ္ဘာဘက်ခြမ်းမှာ။လူချင်းနီးတော့ဘာလုပ်ရမှာလဲ
စိတ်ချင်းဟာ ဘယ်လိုဆက်ဆက်
ပြန်မဆက်တော့တဲ့ ချည်မျှင်စလေး။နေခဲ့ပါ့မယ်...နေခဲ့ပါတယ်
ဘူတာအိုလေးမယ်
ငါရပ်နေခဲ့ပါတယ်။ဘယ်အချိန်ပြန်လာမှန်းမသိ
ဘယ်အချိန်လာဆိုက်မယ်မှန်းမသိတဲ့
ရထားလေးကိုလည်း ငါစောင့်နေခဲ့ပါတယ်။လူတစ်ယောက်တည်းကို
တမြတ်တနိုးချစ်ဖူးလား။
ဒီလူ့ကိုစိတ်ထဲထည့်ပြီး
ခရီးတွေဆက်ဖူးလား။
တစ်နေ့တော့ဆိုတဲ့မျှော်လင့်ချက်ကို
ဆုပ်ကိုင်ဖူးလား။မင်းမရှိတဲ့နောက် ဆိုတဲ့သီချင်းလေးကိုညည်း
ကြယ်တွေကနှစ်သိမ့်တယ်
လက်လွှတ်လိုက်ပါတော့ တဲ့။ကံမကုန်ရင် ပြန်ဆုံမှာပေါ့
ဘယ်အချိန်မှန်းမသေချာလည်း
တနေ့နေ့တော့ ဒီရထားလေးဟာ
ဒီဘူတာကို ခဏတဖြုတ်ပြန်လာဆိုက်မှာပဲမဟုတ်လား။ကြယ်တွေကို ငါကမေးတယ်
အပြိုင်စကြာဝဠာ ကို ယုံလား
အဲ့ဒီမှာ ငါတို့နီးနေလောက်လား။ ။#Meldian
#05oct2020*****
တစ္ေယာက္ေသာသူအေၾကာင္းေျပာရင္း
ညညဆို ၾကယ္ေတြဆီေခါင္းထိုးၿပီးငိုရ။အၿပိဳင္စၾကာဝဠာကို ယုံလား
အဲ့ဒီမွာ ငါတို႔နီးေနနိုင္လား။အခုခ်ိန္ထိ မိုး႐ြာရင္ေပ်ာ္ေနတုန္းလား
ဘာသာစကားေတြ
ႀကိဳးစားသင္ယူေနတဲ့ ေကာင္ေလးဟာ
အခုေတာ့လည္း ငါမရွိတဲ့ကမၻာဘက္ျခမ္းမွာ။လူခ်င္းနီးေတာ့ဘာလုပ္ရမွာလဲ
စိတ္ခ်င္းဟာ ဘယ္လိုဆက္ဆက္
ျပန္မဆက္ေတာ့တဲ့ ခ်ည္မွ်င္စေလး။ေနခဲ့ပါ့မယ္...ေနခဲ့ပါတယ္
ဘူတာအိုေလးမယ္
ငါရပ္ေနခဲ့ပါတယ္။ဘယ္အခ်ိန္ျပန္လာမွန္းမသိ
ဘယ္အခ်ိန္လာဆိုက္မယ္မွန္းမသိတဲ့
ရထားေလးကိုလည္း ငါေစာင့္ေနခဲ့ပါတယ္။လူတစ္ေယာက္တည္းကို
တျမတ္တနိုးခ်စ္ဖူးလား။
ဒီလူ႕ကိုစိတ္ထဲထည့္ၿပီး
ခရီးေတြဆက္ဖူးလား။
တစ္ေန႕ေတာ့ဆိုတဲ့ေမွ်ာ္လင့္ခ်က္ကို
ဆုပ္ကိုင္ဖူးလား။မင္းမရွိတဲ့ေနာက္ ဆိုတဲ့သီခ်င္းေလးကိုညည္း
ၾကယ္ေတြကႏွစ္သိမ့္တယ္
လက္လႊတ္လိုက္ပါေတာ့ တဲ့။ကံမကုန္ရင္ ျပန္ဆုံမွာေပါ့
ဘယ္အခ်ိန္မွန္းမေသခ်ာလည္း
တေန႕ေန႕ေတာ့ ဒီရထားေလးဟာ
ဒီဘူတာကို ခဏတျဖဳတ္ျပန္လာဆိုက္မွာပဲမဟုတ္လား။ၾကယ္ေတြကို ငါကေမးတယ္
အၿပိဳင္စၾကာဝဠာ ကို ယုံလား
အဲ့ဒီမွာ ငါတို႔နီးေနေလာက္လား။ ။#Meldian
#05oct2020