56 ( gift 🎁 )

146 11 0
                                    

ဒီနေ့ဟာ မိုးရွာမလား
နေသာမလား
သေချာတော့မသိတော့မယ့်
လွန်ခဲ့တဲ့၁၉နှစ်ကတော့
နေသာခဲ့မယ်ထင်တယ်။

လောကကြီးထဲဝင်ရောက်လာတာ ၁၉နှစ်
ချစ်ရတဲ့ပန်းပင်လေးမှာ
အပွင့်လေးတွေ ဖူးလာတယ်။

ရိုးရိုးစင်းစင်းလေးဖြတ်သန်းခဲ့တာတောင်
အမြင့်ကတော့ ပြုတ်ကျဖူးတယ်မဟုတ်လား ချစ်သော။

နာကျင်တဲ့အခါ မငိုပါနဲ့
လိုတယ် ပြောရင်အပြေးလာခဲ့မှာပေါ့။

ကိုယ့်ချစ်ခြင်းမေတ္တာကို သက်ဝင်ယုံကြည်ပါ
လဲကျတဲ့အခါ ပြေးထူမှာထက်
မင်းမလဲဖို့ ဟန့်တားပေးမယ့်လူပါ။

တံတားလေးခင်းထားတယ်
တလှမ်းချင်းလှမ်းပါ
လာနေတယ်ဆိုတဲ့အသိနဲ့တင်နွေးရပါတယ်
ဒီခရီးဟာ မလောလည်းဖြစ်ပါတယ်။

မတည့်စာတွေ ​ရှောင်ပါ
ကော်ဖီတွေ ရှောင်ပါ
ကိုယ့်တောင်းဆိုချက်တွေမင်းငြင်းတဲ့အခါ
ကိုယ်ကတော့ ဆူငေါက်မှာပေါ့။

ချွဲတဲ့တဲ့လုပ်ခြင်း ကို
ကိုယ့်ရင်ခွင်ရပ်ဝန်းမှာပဲခွင့်ပြုပါမယ်
တပါးသူနဲ့ပျော်နေတာတွေ့ရင်လည်း
စိတ်ကောက်ပါမယ်။

မင်းကလွဲရင် ဘယ်သူ့ကိုမှအဖက်မလုပ်ချင်တဲ့ကိုယ်က
မင်းကလွဲရင် ဘယ်သူ့ကိုမှလည်း
အတ္တမကြီးတတ်သူပါ။

သဝန်တိုတာတွေလျှော့ပါ လို့မတောင်းဆိုကြေး
ကိုယ့်ချစ်ခြင်းဟာ ဒီကဖြစ်တည်ပါတယ်။

မနက်ခင်းဟာ နေပူပူ၊ မိုးရွာရွာ
မင်းအတွက်တော့ လှပတဲ့နေ့တစ်နေ့ဖြစ်မှာပါ။

စိတ်ကလေးကြည်ဖို့
မင်းလျှောက်ရာလမ်းတိုင်း
ပန်းပွင့်ပါစေလို့ မြေနတ်မင်းနဲ့တိုင်ပင်ထားတယ်။

၁၉နှစ်ထဲ ရောက်ပြီဆိုတာနဲ့
အထိခိုက် အနာတရဟာ ကင်းဝေးပါစေ။

အပြုံးလေးကိုချစ်တယ်
နောက်ပြီး ရီသံလေးကိုချစ်တယ်
ထို့ကြောင့် ရီပါ
မင်းပျော်ရင် ကိုယ်ပျော်တယ်ဆိုတာမပြောလည်းသိပါ။

ကိုယ့်နားမှာနေ
ကိုယ်ကအပြည့်အဝကာကွယ်ပေးမှာ လို့ပြောရင်
ခေါင်းလေးငုံ့ပြီးရှက်ပါ
ပြီးရင်တော့ ယုံပါ။

Rechel's Where stories live. Discover now