ဝေလငါးတွေ ပင်လယ်ကိုကူးတော့
သောင်ပြင်မှာ ငါမင်းကိုစောင့်ခဲ့တယ်။ရေသူမတွေငိုတော့
ပုလဲတွေမလိုအပ်ဘူး လို့ပြောရင်းနှစ်သိမ့်ပေးခဲ့တယ်။ကျန်ခဲ့ခဲ့၊ ချန်ခဲ့ခဲ့၊
အဆုံးသတ်ဟာ တစ်ယောက်တည်းပဲ။မင်းဘယ်သူ့ကို ချစ်သွားမှာ။
ငါမင်းကို ဘယ်အချိန်မှာမေ့သွားမှာ။မသိချင်တော့တဲ့ အဖြေတွေပါ
တမြေ့မြေ့နဲ့ ဆွေးရတာကို
ငါကြိုက်ပါတယ် သော်ယန်။ကျန်ခဲ့လည်း အဲ့ဒီအပေါ်မှာ
ငါတာဝန်ကျေချင်ပါတယ်။မင်းပြောနေကျအတိုင်း
ကတိတွေတည်တတ်တဲ့အမျိုးသမီးလေးပဲ။စောင့်ခဲ့တယ်။
စောင့်နေတယ်။
စောင့်နေတုန်းပဲ။ရင်နာစရာပါ
ထားခဲ့ခံရတာတောင်
ငါဟာ ကတိတွေတည်ချင်နေတုန်း။- Meldian -
#7Aug2021******
ေဝလငါးေတြ ပင္လယ္ကိုကူးေတာ့
ေသာင္ျပင္မွာ ငါမင္းကိုေစာင့္ခဲ့တယ္။ေရသူမေတြငိုေတာ့
ပုလဲေတြမလိုအပ္ဘူး လို႔ေျပာရင္းႏွစ္သိမ့္ေပးခဲ့တယ္။က်န္ခဲ့ခဲ့၊ ခ်န္ခဲ့ခဲ့၊
အဆံုးသတ္ဟာ တစ္ေယာက္တည္းပဲ။မင္းဘယ္သူ႔ကို ခ်စ္သြားမွာ။
ငါမင္းကို ဘယ္အခ်ိန္မွာေမ့သြားမွာ။မသိခ်င္ေတာ့တဲ့ အေျဖေတြပါ
တေျမ့ေျမ့နဲ႔ ေဆြးရတာကို
ငါႀကိဳက္ပါတယ္ ေသာ္ယန္။က်န္ခဲ့လည္း အဲ့ဒီအေပၚမွာ
ငါတာဝန္ေက်ခ်င္ပါတယ္။မင္းေျပာေနက်အတိုင္း
ကတိေတြတည္တတ္တဲ့အမ်ိဳးသမီးေလးပဲ။ေစာင့္ခဲ့တယ္။
ေစာင့္ေနတယ္။
ေစာင့္ေနတုန္းပဲ။ရင္နာစရာပါ
ထားခဲ့ခံရတာေတာင္
ငါဟာ ကတိေတြတည္ခ်င္ေနတုန္း။- Meldian -
#7Aug2021