ငါရှိတဲ့အရပ်မှာပဲနေလို့ ပြောချင်ပေမဲ့
ငြင်းဆန်မှာသိတဲ့အဖြေတစ်ခုအတွက်
မေးခွန်းတွေမလိုအပ်ဘူးထင်ပါရဲ့။အချစ်ခံရတဲ့အရပ်မှာနေပါ
တစ်ဖက်သတ်ချစ်ပြီး တစ်ဖက်သတ်နာရတဲ့ဇာတ်တွေဟာ
သိပ်ကိုကြေကွဲဖွယ်ကောင်းကြောင်း
မျက်မြင်တွေ့ခဲ့သူက စကားဆို,ရင်ယုံပါ။ငါ့ချစ်ခြင်းတစ်စုံဟာ
မိုးကုပ်စက်ဝိုင်းအောက် မင်းရှိနေသရွေ့
လုံခြုံနွေးထွေးနေစေမှာ အသေအချာ။တချို့ကတော့ တချို့ဘဝမှာ ပြုံးလို့ရွှင်လို့
တချို့ကတော့ တချို့ဘဝမှာ ငိုလို့ပြိုလို့။မနက်ဖြန်ပြန်ဆုံမယ် အထင်နဲ့
ရှေ့ဆက်ပါတယ်
မနက်ဖြန်တွေဟာ တကယ်မရှိကြောင်း
ခပ်ရေးရေးလေးသတိထားမိလာတယ်။အဆင်မပြေဘူး လို့ပြောပြီး
တိုးဝင်နေကျ ရင်ခွင်လေးမှာ
အခုတော့ ပိုင်ရှင်ရှိလို့။သွားတော့မယ် လို့မပြောလည်း
ထထွက်ခဲ့ရတယ်
အချိန်အကြာကြီးအတူတူရှိခဲ့လည်း
သူကတော့မေ့လောက်ပြီပေါ့။ကြယ်ကြွေတာမြင်တော့ ငါငိုတာပဲ
တောင်းတဲ့ဆုတွေမပြည့်တဲ့အခါ
ငမိုက်သားဟာ အမှောင်ထဲပြေးပြေးဝင်။မိုးလေကင်းလွတ်ခွင့်ကို
မင်းရှိတဲ့အရပ်မှာပဲ ပေးသနားချင်တယ်။မင်းအပြုံးပန်းတွေပွင့်ရဖို့ဆို
ငါ့မျက်ရည်နဲ့ သွန်လောင်းရလည်းဖြစ်တယ်။ထိုက်ထိုက်တန်တန်ဆုလာဘ်တွေ
ကြီးကြီးကျယ်ကျယ်မရခဲ့ပေမဲ့
ပြင်းပြင်းထန်ထန်ပြစ်ဒဏ်တွေတော့ရခဲ့ပါတယ်။ဘာကြောင့်များ လမ်းတွေချော်ခဲ့ရသလဲ ရီလွန်
ဒီခရီးကိုနှစ်ယောက်အတူတူ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချင်ခဲ့တာမဟုတ်လားကွယ်။ဘာကြောင့်များ...
တွဲလက်တွေမင်းဖြုတ်ချရက်ခဲ့လဲ။#Meldian
ငါရွိတဲ့အရပ္မွာပဲေနလို႔ ေျပာခ်င္ေပမဲ့
ျငင္းဆန္မွာသိတဲ့အေျဖတစ္ခုအတြက္
ေမးခြန္းေတြမလိုအပ္ဘူးထင္ပါရဲ႕။အခ်စ္ခံရတဲ့အရပ္မွာေနပါ
တစ္ဖက္သတ္ခ်စ္ၿပီး တစ္ဖက္သတ္နာရတဲ့ဇာတ္ေတြဟာ
သိပ္ကိုေၾကကြဲဖြယ္ေကာင္းေၾကာင္း
မ်က္ျမင္ေတြ႕ခဲ့သူက စကားဆို,ရင္ယုံပါ။ငါ့ခ်စ္ျခင္းတစ္စုံဟာ
မိုးကုပ္စက္ဝိုင္းေအာက္ မင္းရွိေနသေ႐ြ႕
လုံၿခဳံႏြေးေထြးေနေစမွာ အေသအခ်ာ။တခ်ိဳ႕ကေတာ့ တခ်ိဳ႕ဘဝမွာ ၿပဳံးလို႔႐ႊင္လို႔
တခ်ိဳ႕ကေတာ့ တခ်ိဳ႕ဘဝမွာ ငိုလို႔ၿပိဳလို႔။မနက္ျဖန္ျပန္ဆုံမယ္ အထင္နဲ႕
ေရွ႕ဆက္ပါတယ္
မနက္ျဖန္ေတြဟာ တကယ္မရွိေၾကာင္း
ခပ္ေရးေရးေလးသတိထားမိလာတယ္။အဆင္မေျပဘူး လို႔ေျပာၿပီး
တိုးဝင္ေနက် ရင္ခြင္ေလးမွာ
အခုေတာ့ ပိုင္ရွင္ရွိလို႔။သြားေတာ့မယ္ လို႔မေျပာလည္း
ထထြက္ခဲ့ရတယ္
အခ်ိန္အၾကာႀကီးအတူတူရွိခဲ့လည္း
သူကေတာ့ေမ့ေလာက္ၿပီေပါ့။ၾကယ္ေႂကြတာျမင္ေတာ့ ငါငိုတာပဲ
ေတာင္းတဲ့ဆုေတြမျပည့္တဲ့အခါ
ငမိုက္သားဟာ အေမွာင္ထဲေျပးေျပးဝင္။မိုးေလကင္းလြတ္ခြင့္ကို
မင္းရွိတဲ့အရပ္မွာပဲ ေပးသနားခ်င္တယ္။မင္းအၿပဳံးပန္းေတြပြင့္ရဖို႔ဆို
ငါ့မ်က္ရည္နဲ႕ သြန္ေလာင္းရလည္းျဖစ္တယ္။ထိုက္ထိုက္တန္တန္ဆုလာဘ္ေတြ
ႀကီးႀကီးက်ယ္က်ယ္မရခဲ့ေပမဲ့
ျပင္းျပင္းထန္ထန္ျပစ္ဒဏ္ေတြေတာ့ရခဲ့ပါတယ္။ဘာေၾကာင့္မ်ား လမ္းေတြေခ်ာ္ခဲ့ရသလဲ ရီလြန္
ဒီခရီးကိုႏွစ္ေယာက္အတူတူ
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ခ်င္ခဲ့တာမဟုတ္လားကြယ္။ဘာေၾကာင့္မ်ား...
တြဲလက္ေတြမင္းျဖဳတ္ခ်ရက္ခဲ့လဲ။#Meldian