71 ( Mom 💞 )

158 18 4
                                    

အိမ်

" အိမ်..." တဲ့
အိမ်လို့ပြောရင် အမေ့ကိုမြင်တယ်
အိမ်ကနွေးထွေးတာမဟုတ်ဘူး
အမေကိုက နွေးထွေးနေတာ။

ပြဿနာဖြစ်ပြီဆို အရင်ဆုံး
စစ်ကူတောင်းရတာအဲ့ဒီအမျိုးသမီးလေးပဲ
သူ့ရဲ့ငယ်ရွယ်မှုတွေကို
ကိုယ်တို့နဲ့အတူကုန်ဆုံးခဲ့။

ချောင်ပိတ်မိနေတဲ့ငှက်ငယ်လေးဟာ
အမေဖြစ်မယ်ထင်တယ်
ကိုယ်စောင့်နတ်ထက်
ကိုယ့်အကြောင်းပိုသိပေးတာ
အမေဖြစ်မယ်ထင်တယ်။

အမေလို့ခေါ်တယ်
အိမ်ရောက်ရင်အရင်ရှာတယ်
ချီမှဖြစ်မယ်၊
ကပ်ချွဲရခြင်းဟာ အမေနဲ့ပဲဆိုင်တယ်။

အမေ့ဆီမှာပဲ ဆိုးလို့ရတယ်
တခြားမှာဆိုးရင် အမေကရိုက်တယ်။
ချော့တလှည့်၊ ခြောက်တလှည့်၊
အမေ့ရဲ့သွန်သင်မှုဟာ
အတုယူစရာ။

အမေဟာ အဖေနဲ့စပြီး
သားသမီးတွေနဲ့ဆုံးတယ်
အိပ်တော့မယ်နော် လို့ပြောပြီးမှ
အိပ်ရာဝင်ရတယ်။
ပါးကိုနမ်းလိုက်၊ နဖူးကိုနမ်းလိုက်နဲ့
အဲ့ဒီအမျိုးသမီးဟာ တခါတလေတော့လည်း ချစ်စရာ။

ချစ်တယ် လို့မပြောဘူး
ချစ်ကြောင်းသိတယ်
အမေဖြစ်နေလို့။
သေချာတာတော့အမေဟာ
အားလုံးကိုတန်းတူချစ်ရှာတယ်။

ဘာတွေလိုလဲ ပြောစရာမလိုဘဲ
ဖြည့်စည်းပေးတတ်သော
အမျိုးသမီးဟာ အမေတဲ့။

သူ့ဝမ်းမှာ ကိုးလနေခဲ့ရလို့ထင်တယ်
ကိုယ့်အကြောင်းဆို အကုန်သိ
မျက်နှာတစ်ချက်အပျက်မခံသော
အမျိုးသမီးဟာ အမေတဲ့။

ဘယ်အချိန်ပြန်ပြန် အိမ်ဟာအိမ်ပါပဲ
ဘယ်သူမှမရှိလည်း အမေတော့ရှိနေမှာ
ပြန်ချင်တဲ့အချိန်ပြန်
နွေးထွေးတဲ့လက်တစ်စုံကတော့
ထွေးပွေ့ဖို့စောင့်နေမှာပဲမဟုတ်လား။

#Meldian

******

အိမ္

" အိမ္..." တဲ့
အိမ္လို႔ေျပာရင္ အေမ့ကိုျမင္တယ္
အိမ္ကႏြေးေထြးတာမဟုတ္ဘူး
အေမကိုက ႏြေးေထြးေနတာ။

ျပႆနာျဖစ္ၿပီဆို အရင္ဆုံး
စစ္ကူေတာင္းရတာအဲ့ဒီအမ်ိဳးသမီးေလးပဲ
သူ႕ရဲ႕ငယ္႐ြယ္မႈေတြကို
ကိုယ္တို႔နဲ႕အတူကုန္ဆုံးခဲ့။

ေခ်ာင္ပိတ္မိေနတဲ့ငွက္ငယ္ေလးဟာ
အေမျဖစ္မယ္ထင္တယ္
ကိုယ္ေစာင့္နတ္ထက္
ကိုယ့္အေၾကာင္းပိုသိေပးတာ
အေမျဖစ္မယ္ထင္တယ္။

အေမလို႔ေခၚတယ္
အိမ္ေရာက္ရင္အရင္ရွာတယ္
ခ်ီမွျဖစ္မယ္၊
ကပ္ခြၽဲရျခင္းဟာ အေမနဲ႕ပဲဆိုင္တယ္။

အေမ့ဆီမွာပဲ ဆိုးလို႔ရတယ္
တျခားမွာဆိုးရင္ အေမကရိုက္တယ္။
ေခ်ာ့တလွည့္၊ ေျခာက္တလွည့္၊
အေမ့ရဲ႕သြန္သင္မႈဟာ
အတုယူစရာ။

အေမဟာ အေဖနဲ႕စၿပီး
သားသမီးေတြနဲ႕ဆုံးတယ္
အိပ္ေတာ့မယ္ေနာ္ လို႔ေျပာၿပီးမွ
အိပ္ရာဝင္ရတယ္။
ပါးကိုနမ္းလိုက္၊ နဖူးကိုနမ္းလိုက္နဲ႕
အဲ့ဒီအမ်ိဳးသမီးဟာ တခါတေလေတာ့လည္း ခ်စ္စရာ။

ခ်စ္တယ္ လို႔မေျပာဘူး
ခ်စ္ေၾကာင္းသိတယ္
အေမျဖစ္ေနလို႔။
ေသခ်ာတာေတာ့အေမဟာ
အားလုံးကိုတန္းတူခ်စ္ရွာတယ္။

ဘာေတြလိုလဲ ေျပာစရာမလိုဘဲ
ျဖည့္စည္းေပးတတ္ေသာ
အမ်ိဳးသမီးဟာ အေမတဲ့။

သူ႕ဝမ္းမွာ ကိုးလေနခဲ့ရလို႔ထင္တယ္
ကိုယ့္အေၾကာင္းဆို အကုန္သိ
မ်က္ႏွာတစ္ခ်က္အပ်က္မခံေသာ
အမ်ိဳးသမီးဟာ အေမတဲ့။

ဘယ္အခ်ိန္ျပန္ျပန္ အိမ္ဟာအိမ္ပါပဲ
ဘယ္သူမွမရွိလည္း အေမေတာ့ရွိေနမွာ
ျပန္ခ်င္တဲ့အခ်ိန္ျပန္
ႏြေးေထြးတဲ့လက္တစ္စုံကေတာ့
ေထြးေပြ႕ဖို႔ေစာင့္ေနမွာပဲမဟုတ္လား။

#Meldian

Rechel's Where stories live. Discover now