ရိပေါ်လဲ ရုံးခန်းထဲမှာ စာရင်းတွေးစစ်နေရင်း... ယမ်းပေးတဲ့ နာရီလေးကို ကြည့်ပီ ပြုံးလိုက်တယ်..
ညကတည်က.... အခုချိန်ထိ ဒီနာရီကိုကြည့်ပီ ကျနော်ဘယ်နှချိန်ပြုံးခဲ့မိတာလဲ မသိတော့ဘူး
ပီမှ ကိစ္စတခုကိုသတိရလာကာ..စာပွဲခုံးပေါ်က ကိရိယာတခုကိုနှိပ်လိုက်တယ်..
"ယွီပင်ကို ငါ့ဆီတချက်လာခဲ့လို့ပြောလိုက်”
ဟိုပြန်က ပြန်ဖြေသံတောင်မစောင့်တော့ပါ..
ခဏနေ
တောက်..တောက်..
"ဝင်ခဲ့”
ယွီပင်လဲ တခါလေးဖွင့်ကာ ဝင်လာပီ ရိပေါ်ရှေမှာရပ်လိုက်တယ်..
"ကျနော်ကိုခေါ်တယ်ဆို boss ခိုင်းစရာရှိလို့လာ”
ရိပေါ်လဲ ခေါင်ညိတ်ပီ
"ထိုင်အုံး”
"ရ ပါတယ်boss”
"ထိုင်ပါ ငါ့အခုပြောစရာက အလုပ်ကိစ္စနဲ့ သက်ဆိုင်သလို မသက်ဆိုင်ဘူးလို့လဲပြောလို့ရတယ်..”
ထိုအခါမှ ယွီပင်လဲ ထိုင်ချလိုက်တယ်.
ယွီပင်က ဝမ်ကုမ္ပဏီမှာအလုပ်လုပ်လာတာကြာပီ. ကျနော် ကုမ္ပဏီကိုဝင်မလာခင်ကတည်က... သူဒီမှာအလုပ် လုပ်နေတာ..သူက ကျနော်ထက်၂နှစ်ငယ်တယ်..ဒါပေးမယ်..ကျနော်စကားနည်းတာထက် သူက ပိုပြီစကားနည်းတယ်..ကျနော်နဲ့ ခင်လာတာကြာတော့..ကျနော်အတွက် လူယုံတယောက်လဲပြောလို့ရသလို ညီအစ်ကိုတယောက်လဲ ပြောလို့ရပါတယ်..
"ဟုတ် boss”
"အိမ်ခြံကိစ္စက ဘယ်လိုအခြေအနေရှိလဲ”.
"ရောင်းသူဘက်ကပြောတာတော့..၁၁လပိုင်း ၁၅ရက်နေ့ဆို စာချုပ်ချုပ်မယ်တဲ့”
"ဒီနေ့က ၁၀လပိုင် ၂၀ရက်နေ့မလာ”
"ဟုတ်တယ်boss”
"အာ့ဆို ငါ့က ၁၁လပိုင်း ၅ ရက်နေ့ကအာမေရိကန်မှာ ပရောဂျက်ကိစ္စနဲ့သွားဆွေးနွေးစရာရှိတယ်.. ၂ပတ်ကြာမှာ.”
"ဟို...အာ့ဒါဆို ဒီစာချုပ်ကိစ္စက ဘယ်လိုလုပ်မှာလဲboss ကျနော်တို့ တခြား အိမ်ခြံတွေး သွားရှာကြည့်မှာလာ”
VOCÊ ESTÁ LENDO
💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎