♥Part.7♥

9.4K 716 23
                                        

၂ပတ်ပြည့်တော့ ရိပေါ်လဲ  အာမေရိကန်ကနေပြန်လာတော့သည်
အလုပ်ပီပီခြင်းမှာ ပါးဖြစ်သူရော သူ့ရဲ့ရည်စားယမ်းလေးကိုပါသတိရတာကြောင့် ချက်ချင်းပြန်လာခဲ့သည်

အရေးထဲမှာလဲ ယွီပင်ဆီက စိတ်တိုစရာကောင်တဲ့ သတင်းတခုရထားပြန်သည်...

ပါး ပါး အရင်ကဆိုအမြဲပြောပါတယ်..မိန်းမယူဖို့ စိတ်ကူးရှိရင် ယူလိုက်တော့လို့....သူကဘဲ မယူတော့ဘူးတဲ့.

အခုတော့ ကျနော်အကြိမ်းကြိမ်းမှာထာရဲ့သာနဲ့ ကျနော်ထက်မိန်းမအရင်ယူလိုက်ပီ. ...

တွေ့မယ်  တွေ့မယ်အိမ်ရောက်မှ ကယ်ဖိုကို မွဲသွားတဲ့ထိတောင်းပြလိုက်မယ်...
ပါးက သပ်သပ်ညစ်ပတ်တာဘဲ 

တစ်ယောက်ထဲလေယာဉ်စီးရင် စိတ်ကူတွေးယဉ်နေတော့သည်

ဘာဘဲဖြစ်ဖြစ် ပါးက လက်ထပ်လိုက်ပီဆိုတော့..ငါနဲ့ ယမ်းက လက်ရှိဝယ်ထားတဲ့ အိမ်အသစ်လေးမှာ လက်ထပ်လိုက်ယုံပေါ့

လေဆိပ်ကိုဆင်းလာပါပီ... ကျနော်အတွက်အရမ်းကိုစိတ်လှုပ်ရှားနေသည်

"ရိပေါ်...”

ထူးထူးဆန်းဆန်းဒီတခါ ယွီပင်မဟုတ်ဘဲ ဟိုစောက်faကောင်က ကျနော်ကိုလာကြိုနေတယ်..

"မင်းဘာစိတ်ကူပေါက်ပီ..ငါ့ကိုလာကြိုတာလဲ”

"ဒီတိုင်းဘဲကွား..မင်းလိုအပ်မယ်ထင်လို့လေး”

ဒီနေ့မှ ဒီကောင်ဘာဆေးသောက်ထားလို့လဲ စကားတွေးကိုရုပ်တည်နဲ့ပြောနေတာ.

"မင်းရုပ်ကြီးက ဘာဖြစ်နေတာလဲ”

"ဘာမှမဖြစ်ပါဘူးကွား...လာပါပြန်ကြရအောင်. ယွီပင်က မအားလို့ငါလာကြိုရတာပါကွား”

"အေးပါ...အစကတည်ကိုအာ့လိုပြောပါလာ”

ရိပေါ်လဲ မျက်စောင်းလေးထိုးလိုက်ပီ ကားပေါ်တက်သွားတော့သည်..

"ကျန်းချန်း..ငါယမ်းဆီအရင်သွားခြင်းတယ်ကွား”

"မပူပါနဲ့...မင်းသူဆီသွားစရာမလိုပါဘူး”

သူ့ရဲ့စကားကိုနာမလည်တော့ဘူး...တကယ်ဘဲ ဒီကောင်က ရည်းစားမရလို့ အခုလိုဖြစ်နေတာလာ

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Место, где живут истории. Откройте их для себя