"အကို မင်းကိုcrushနေတုန်းက မင်းမှာချစ်တဲ့သူရှိနေပီလို့ ငြင်းလိုက်တာ မထင်ထားဘူး ဝမ်ဥက္ကဋ္ဌဖြစ်နေတာ "
ကျန့်ကျန့်လဲ ရှက်ပြုံး ပြုံးလိုက်ပီ
"အော် ကိုကြီး ဒါက ကျန့်ကျန့်တို့ အင်္ဂလန်တုန်းက ကျောင်းအတူတက်ခဲ့တဲ့ စီနီယာအကို ချန်းယောင်လုံ တဲ့"
ရိပေါ်လဲ မျက်နှာခပ်တည်တည်နဲ့ ခေါင်းညိတ်ပြလိုက်သည်
"အမ်း အထဲမှာ မားတို့စောင့်နေကြပီ ကိုကြီးတို့သွားရအောင်လေး ခလေး"
"အား ဟုတ်သာဘဲ စီနီယာ ကျနော်တို့ကို ခွင့်ပြုပါအုံး "
"အမ်း ကောင်ပီ အော်ရှောင်ကျန့် wechat အပ်ပေးပါအုံး နောက်ပြောစရာတွေးရှိခဲ့ရင် ပြောရအောင်"
"ဟုတ်.... "
ကျန့်ကျန့်လဲ သူ့ဘောင်းဘီအိတ်ထဲကို ရှာကြည့်တော့
"ဖုန်းမေ့ကျန်ခဲ့ပီ ကိုကြီးဖုန်းပါလာတာ"
"အမ်း ပါလာတယ်"
ရိပေါ်ထုတ်ပေးပီ ကျန့်ကျန့်လဲ ရိပေါ်ဖုန်းနဲ့ wechatအပ်ပေးလိုက်တယ်..
ဒါမှ ရိပေါ်က ခဏကလို မျက်နှာတင်ကြပ်မှုသိပ်မရှိတော့ဘဲ သူ့ခလေးကို နူးညံ့မှုပါတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်သည်
"ခွင့်ပြုပါအုံး စီနီယာ"
ကျန့်ကျန့်လဲရိပေါ်လက်ကို တွဲကာ ဆိုင်ထဲဝင်သွားတော့သည်
ရိပေါ်မသိတေတာက ဆိုင်းအပြင်ဘက်မှာ ကျန်နေတဲ့တစ်ယောက်က အဓိပ္ပါယ်ရှိရှိနဲ့ပြုံးနေတာကိုဘဲ
အမှန်က ချန်းယောင်က ဝမ်ချင်းနဲ့ ချစ်သူဖြစ်ပြီးကတည်က တခြားသူဆိုတာ သူ့အတွက် ဘာမှမဟုတ်တဲ့အရာတခုပါဘဲ
ခဏကလဲ ရိပေါ်က သူ့နဲ့ဝမ်ချင်ရဲ့ အခြေအနေကို မသိတာလဲ မဟုတ်ဘဲနဲ့ သဝန်တွေးတိုနေတာကြောင့် ချန်းယောင်တမင် စခြင်းတာနဲ့ wechatတောင်းလိုက်သည်
ကိုယ့်ရဲ့ ဂျူနီယာလေးလဲ တကယ့်ဟုတ်နေတာဘဲ ဖုန်းကို ဘောင်းဘီအိတ်ထဲမှာထည့်ထားတာ တွေ့ရဲ့သာနဲ့ သူ့ဖုန်းမပါလာဘူးဆိုပီ ပြောင်လိမ်သွားတာ လူကို
ESTÁS LEYENDO
💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎