♥part. 39♥🌝

10.6K 701 43
                                    

ရိပေါ်လဲ ဖုန်းကိုကြည့်နေပီ ကျန့်ကျန့်က ရိပေါ်ပေါင်းပေါ်မှာကျောပေးထိုင်နေပီ မုန့်စားနေတော့သည်..

"ခလေး..ဒီနေ့ ကျင်းရီတို့ကျောင်းသွားလာ"

ကျန့်ကျန့်လဲမုန့်စားနေရင်..

"အမ်း..သွားတယ်လေး.."

ဒုတိယအကြိမ်း သူ့ခလေး သူ့ကို ပြန်လိမ်ခြင်း..

ရိပေါ်လဲ ဒီတခါမျက်နှာခပ်တည်တည်နဲ့ ထပ်မေးလာသည်..

"ခလေး တကယ်လို့ လိမ်ပြောတာနဲ့အမှန်ပြောတာ... လိမ်ပြောခဲ့ရင် အပြစ်ကြီးမယ်..အမှန်တိုင်းပြောရင် အပြစ်လျော့ပေးလို့ရတယ်..အာ့ဒါဆို ခလေးက ဘယ်ဒါကိုရွေးမှာလဲ"

သူ့ကိုကြီး သူ့ဖုန်းကိုကိုင်ထားတာ မေ့နေတဲ့ခလေးက

"ဟမ်း...ကျန့်ကျန့်ဆိုရင်အမှန်တိုင်းပြောပြမှာ"

ရိပေါ်နဲ့ကျောပေးထားပီထိုင်နေတာကြောင့် လက်ရှိရိပေါ် အခြေအနေကိုသူ့သတိမထားမိပေ

"အမ်း..အာ့ဆို ကိုကြီးပြန်မေးမယ် ဒီနေ့ ကျင်းရီနဲ့အားယွမ်းကျောင်းသွားလာ"

"သွာ........."

မုန့်စားနေရင်း ယောင်းပီခေါင်းညိတ်ပြမလို့..သူသတိထားမိတာက
သူ့ကိုကြီးရဲ့အသံက မူမမှန်းနေဘူး..

ကိုကြီးသိသွားပီလာ...

ကျန့်ကျန့်လဲ ရိပေါ်ဘက် မျက်နှာချင်ဆိုင်လှည့်လာပီ သူ့ခြေထောက်ကို ရိပေါ်ခါးမှာချိတ်ထားကာ သူ့လက်တွေကိုလဲ ရိပေါ်လည်ပင်မှာ ချိတ်ထားလိုက်တယ်..

အခုမှဘဲ သူ့ကိုကြီးရဲ့မျက်နှာကို သူသေချာမြင်ရတော့တယ်..

နူညံ့မှုမရှိဘဲ ခက်ထန်နေတဲ့မျက်နှာနဲ့..

"ဟိုလေး..ကိုကြီး.."

ရှင်းပြရခက်နေတဲ့ ကျန့်ကျန့်က နှုတ်ခမ်းလေးကိုကိုက်ထားအခက်တွေ့နေတဲ့ပုံစံလေးကြောင့် ချစ်ဖို့ကောင်းနေပြန်သည်..

"အမ်း..ပြောလေး နာထောင်းနေမယ်"

"ကျန့်ကျန့်ကိုကြီးကို မလိမ်ခဲ့သင့်ဘူး..အမှန်တော့လေး ဒီနေ့ ကျင်းရီနဲ့အားယွမ်း နှစ်ယောက်လုံးကျောင်းမလာဘူး..အာ့ဒါ"

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Nơi câu chuyện tồn tại. Hãy khám phá bây giờ