♥Part.14♥

11.6K 791 29
                                        

နံနက်စာစားပီ အစည်းဝေးရှိတယ်ဆိုပီကိုကြီးနဲ့အတူ ကုမ္ပဏီကိုတန်းလာခဲ့ကြတယ်...

ကိုကြီးလဲ ကားပါကင်ထိုးပီ..

နှစ်ယောက်အတူလျှောက်လာတယ်...ကုမ္ပဏီပေါက်ဝကိုရောက်တော့..ကိုကြီးခဏရပ်လိုက်ပီ..

"ကိုကြီး.ဘာလို့ရပ်သွာတာလဲ”

ရိပေါ်လဲ ရှောင်းကျန့်ဘက်လှည့်လာပီ... လည်ပင်နားမှာ ဖွင်ထားတဲ့ ကြယ်သီးနှစ်လုံးကို တပ်ပေးလိုက်တယ်

"အခုမှ...သပ်ရပ်သွားတာ”

ရှောင်းကျန့်လဲ သူကိုယ်သူပြန်ကြည့်လိုက်ပီ...ရိပေါ်ကိုပြုံးပြလိုက်တယ်..

အမှန်က..ခလေးရဲ့ ညှပ်ရိုးလေးနဲ့အသားရောင်နုနုလေးကို ကျနော်မြင်တာ ကိစ္စမရှိပေးမယ့်...တခြားသူတွေးမြင်သွားမှာ..ကျနော်ကြောက်တယ်..

အာ့ဒါလဲ ခလေးကို ကိုယ့်ညီလေးတယောက်လိုသဘောထားလိုနေမှာပါ..(ကျမလဲ အာ့လိုဘဲထင်တယ်🙄)

ကိုကြီးက အူတိုနေတာများလာ...မဟုတ်လောက်ပါဘူးလေး..ရိပေါ်ရှေကသွားပီ...ရှောင်းကျန့်လဲ နောက်ကနေလိုက်သွားတော့တယ်..

အစည်အဝေး ခန်းရှေရောက်တော့..

"ကျန့်ကျန့်”

"ဗျာ..ကိုကြီး”

"ကိုကြီး တခါထဲဝင်တော့မယ်...ကျန့်ကျန့် ကိုကြီးရုံးခန်းထဲမှာဘဲနေမလာ
..အစည်းအဝေးခန်းထဲကို လိုက်ဝင်မလာ”

"ဟအင်း..မဝင်တော့ဘူးကိုကြီး...ကျန့်ကျန့်ဘာတလုံးမှနာလည်းတာမဟုတ်ဘူး...”

ရိပေါ်လဲ ခေါင်းညိတ်ပြပီ..

"ကိုကြီး...မားရော လာမှာလာ”

"ဟအင်း..ဒီအစည်အဝေးကို အန်တီက ကိုကြီးကိုဘဲအပ်ထားတာ..အန်တီက ဒီတလော အမေရိကန်ဘက်က စာချုပ် ချုပ်စရာရှိလို့ အလုပ်ရှုပ်နေတာ”

"အော်...အာ့ဆို ကျန့်ကျန့်သွားပီနော်”

"အမ်း”

ရိပေါ်လဲ အစည်းဝေးခန်းထဲဝင်..ရှောင်းကျန့်လဲ..ရုံးခန်းဘက်ကို ဝင်သွားတော့တယ်..

ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပီ..

"အော်..ညက ကိုကြီးအိမ်မှာအိပ်ခဲ့တယ်ဆိုတာ..ဟိုနှစ်ကောင်ကို ကြွားရအုံးမယ်”

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Donde viven las historias. Descúbrelo ahora