♥part. 33♥

10.8K 726 37
                                        

နောက်နေ့တွင် company သွားမယ်ရမယ်လို့ ကလေးကိုပြောထားပေးမယ့် အဆိုးလေးက ကျင်းရီတို့်ဆီသွားမယ်တဲ့

ကျနော်လဲ ကလေးပျော်ရွှင်တဲ့အရာထင်ရင် မတားတော့ပါဘူး..

အသွားတွင် ကလေးကိုသေချာမှာပီ companyကိုထွက်လာခဲ့သည်..

နေ့လယ်ဘက်တချိန်လုံးလဲ ကလေးနဲ့ စာပို့ဖြစ်ခဲ့တယ်

ရိပေါ်ဖုန်းကြည့်နေတုန်မှာ..

"ရိပေါ်”

ရုံခန်းတံခါးကိုဖွင့်ပီ ဝင်လာတဲ့ ကျန်းချန်း...

"ဘာလဲ”

"ငါ့နဲ့တနေရာကို ခဏလိုက်ပါအုံး”

"ဘယ်ကိုလဲ”

"ဟိုရောက်ရင်သိမှာပေါ့ကွာ...လာမြန်မြန်”

ကျန်းချန်းအတင်းဆွဲသွားတာကြောင့် ကလေးဆီလဲမပြောပြဖြစ်ခဲ့ပေး

တနေရာကိုရောက်ခဲ့တယ်..ကြည့်လိုက်တော့ နေကြာပန်ခြံ ရိပေါ်လဲ..

"ဘာကိစ္စနဲ့ ငါ့နေကြာပန်းခြံခေါ်လာရတာလဲ”

"မင်း ပန်းပင်တွေကြားမှာ လမ်းသွားလျှောက်ကြည့်ရင် သိမယ်”

"မင်းမသွားဘူးလာ”

"ဟအင်း..ငါ့ကားပေါ်မှာဘဲစောင့်နေမယ်”

ရိပေါ်လဲစကားမများခြင်းတာကြောင့် ကားပေါ်ကနေဆင်းသွားပီ နေကြာပန်းတွေကြား လျှောက်သွားတယ်..

ဒီနေရာက တိတ်ဆိတ်ပီအေးဆေးတယ်..နောက်ဆို ကလေးကိုခေါ်ပီ အတူလာလည်အုံးမယ်..

ရိပေါ်အတွေးထဲမှာတွေးနေစဉ်..

"ကို..”

ရုတ်တရက် ရိပေါ်ကိုအနောက်ကနေဖက်လိုက်ပီ..ကျောပြင်ပေါ်မျက်နှာအပ်လာတယ်..

"ယမ်း..မင်းဒါဘာလုပ်တာလဲ”

ရိပေါ်ရုန်းမလိုလုပ်ပေးမယ့် ယမ်းက အတင်းဖက်လိုက်တယ်..

"ခဏလေး ဖက်ပါစေကိုရယ်..ခဏလေးဘဲ”

"နေပါအုံး..မင်းကဘာလို့ဒီမှာရှိနေရတာလဲ”

ရိပေါ်လဲ ယမ်းဖက်ထားတဲ့လက်ကိုအတင်းလွတ်လိုက်ပီ မျက်နှာချင်းဆိုင်မေးလာသည်..

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Место, где живут истории. Откройте их для себя