အဆိုးလေးကိုချော့သိပ်ရင်..အိပ်ပျော်သွားခဲ့တယ်..
ကားပေါ်မှာထားပီ..."ကျေးဇူးပါ ငါ့ညီတို့..အနှောက်အယှက်ဖြစ်စေပီ”
အားယွမ်းလဲ..
"မဟုတ်တာ အကို ရှောင်းကျန့်က ကျနော်တို့ငယ်ချင်းဘဲလေး”
"အကို..ကျနော်စကားနည်းနည်းပြောခြင်းလို့..အားယွမ်း မင်း ရှောင်းကျန့်အနားမှာစောင့်နေပေး”
"အေးအေး”
ကျင်းရီပြောပီ..တံတားဘက်ကိုလျှောက်သွားကာ..ရိပေါ်လဲ အနောက်ကနေလိုက်လာခဲ့တယ်..
"ကျင်းရီ..အကို ကိုဘာပြောစရာရှိလို့လဲ”
"ကျနော် အကိုရိပေါ်ကို အကူညီတောင်..အော်..မဟုတ်ဘူး..တောင်းဆိုစရာလေးရှိလို့”
"အမ်း..ပြောလေး”
"ရှောင်းကျန့်က အကိုကြောင့်နဲ့ ခံစာခဲ့ရတာတွေများပီ ဒီထက်ပိုမခံစာပါစေနဲ့တော့ဗျာ...”
ကျင်းရီစကားကြောင့်..ရိပေါ်တွေးဝေနေခဲ့တယ်..
ငါ့ ကလေးကိုဘယ်တုန်းကများ ခံစာအောင်လုပ်နေလို့လဲ..ငါ့မှတ်တာမမှားဘူးဆို ကလေးနဲ့စတွေ့နဲ့နေ့မှာတင်..ငါ့ကလေးကို အလိုလိုက်ခဲ့တာ..
"ငါ့ညီ..မင်းအထင်မှားနေပီ..အကိုက ကလေးကိုတခါမှခံစားအောင်မလုပ်ခဲ့ဖူးပါဘူး..ပီတော့အခုကိစ္စကလဲ အထင်လွဲတာပါ..ကလေးနဲ့လဲဖြေရှင်းပီပီလေး”
"ဟုတ်တယ်..အထင်လွဲတယ်..ဖြေရှင်းပီပီ..အကိုရှေမှာ ရှောင်းကျန့်က ခွင့်လွှတ်ပေးတယ်..နာလည်ပေးတယ်..အဆင်ပြေသလိုနေပြပေးတယ်.ဒါပေးမယ့် .သူရင်ထဲမှာတော့..သေချာပေါက်အဆင်မပြေနေဘူး”
"ကလေးက...”
"ကျနော်က အကိုထပ်အရင်သိလာခဲ့တဲ့သူပါ..အကိုနဲ့ပတ်သက်လာရင်..အာ့ကောင်က နည်းနည်းမှအမှားမခံတာ..အကိုကို ဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ ကျနော်တို့အသိဆုံးဘဲ”
". .........”
"အကိုသိလာ ရှောင်းကျန့်က ဒီနေရာမှာကို၂ခါလာဖူးတယ်..ဒီနေရာမှာဘဲအရက်၂ခါသောက်ဖူးတယ်..သူ့သောက်ခဲ့တဲ့အကြောင်းပြချက်ကလဲ အကိုကြောင့်ဘဲ”
YOU ARE READING
💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎