♥part. 38♥

9.7K 684 53
                                        

နောက်နေ့ရောက်တော့ နံနက်စာစားပီ ကျန့်ကျန့်ကိုကျောင်းပို့ရင်း ကုမ္ပဏီကိုသွားရသည်..

ကျောင်းပေါက်ဝရှေ မှာ ကားရပ်ပီ..

"ခလေး..ကိုကြီးနေ့လယ်ကြရင် ပါးကိုသွားကြည့်မလို့ အာ့ဒါ ခလေးလိုက်မလာ”

"ဟင့်..နောက်မှလေးနော်ကိုကြီး..ကျန့်ကျန့် နေ့လယ်ကြ ထမင်းစားပီရင် ချက်ပြုတ်ဌာနဆီကိုသွားရမယ်လေး”

"ဟူး...ကိုကြီးခလေးကို နည်းးမှစိတ်မချဘူး..ပီတော့ ချက်ပြုတ်တဲ့သင်တန်းတေလဲ မတတ်စေခြင်းဘူး”

ညကတုန်း ကိုကြီးက ခွင့်ပြုထားသေးတယ်..အခုမှမရဘူး..

ကျန့်ကျန့်လဲ ရိပေါ်ပခုံလေးကို လှုပ်လိုက်ပီ..ပူဆာရတော့သည်

"မရဘူးနော်ကိုကြီး..ကျန့်ကျန့်တက်ခြင်းတယ်..ညက ကိုကြီးခွင့်ပြုထားပီသာလေး”

"ဒါပေးမယ့်..ခလေး ချက်ပြုတ်သင်နေရင် လက်အပူလောင်သွားရင်ဘယ်လိုလုပ်မှာလဲ..တခုခု ထိခိုက်မိရင်ဘယ်လိုလုပ်မှာလဲ..ကိုကြီးချက်တတ်ပါတယ်..ကိုကြီးခလေးကိုယူထားတာ ခိုင်းစားဖို့မဟုတ်ဘူး..အလှထိုင်ကြည့်ဖို့ဘဲ ယူထားဒါ ခလေးရဲ့တာဝန်က ကိုကြီးကိုချစ်နေပေးရင်ရပီ”

"အား..မရဘူး ကိုကြီးနော်..ကျန့်ကျန့်လဲ ချက်ပြုတ်တတ်ခြင်းဒါပေါ့..ကိုကြီးဘဲ အားလုံးလုပ်နေရရင်ဘယ်ဟုတ်မှာလဲ နော်လို့..ကိုကြီး”

မျက်တောင်လေးပုတ်ခတ်နေပီ နှုတ်ခမ်းဆူဆူနဲ့ပြောနေတဲ့ခလေးကို ရိပေါ်ဘယ်ငြင်းနိုင်ပါ့မလဲ..

"ကဲ..ဒီလိုလုပ် ခလေးက ကိုယ့်ကို ထိခိုက်မှုမရှိအောင်ဂရုစိုက်ရမယ်..ခလေးသာ တခုခုဖြစ်သွားရင် နောက်ဆို ကိုကြီးဘယ်တော့မှ ခွင့်ပြုမှာမဟုတ်တော့ဘူး”

ရိပေါ်ရဲ့စကားကြောင့်မျက်လုံးလေးတေတောက်ပလာပီ..

"ယေ..ကိုကြီးအကောင်းဆုံးဘဲ အာ့ဒါကြောင့် ကိုကြီးကိုချစ်တာ မွ”

ရိပေါ်ပါးကိုနမ်းလိုက်တဲ့ခလေးငယ်..ရိပေါ်လဲ ခလေးနှုတ်ခမ်းကို နမ်းလိုက်ပီ..

"နေ့လယ်စားကို ကျင်းရီတို့နဲ့ဘဲစားရမယ်နော်..ကိုကြီးက မဖြစ်မနေလို့သာသွားရတာ..ခလေးကိုစိတ်ချတာမဟုတ်ဘူး..”

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Место, где живут истории. Откройте их для себя