#Unicode
ဒီနေ့ဟာ ဆိုးလ်မြို့လေးအတွက် နေသာပြီး လှပတဲ့နေ့လေး တစ်ရက်ဖြစ်နေသည်
ကလေးငယ်လေးတွေက ပန်းခြံက ကစားကွင်းထဲ ပြေးလွှားဆော့နေကြပြီး ငှက်ကလေးတွေကလည်း သစ်ပင်ပေါ်ကနေ သာယာတဲ့ တေးသီချင်းတွေကို သီကြူးနေကြသည်
လှပတဲ့ မိန်းမပျိုနှစ်ယောက်ကတော့ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်ရင်း စကားပြောနေကြသည်
" Jisoo နင် ဘာလို့ မကြိုးစားတာလည်း အနည်းဆုံး နင့်မိဘတွေလည်း ကျေနပ်ပြီး ပျော်နေကြမှာ "
Jisooရဲ့ အခင်ဆုံး သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Seulgiက ပြောတော့ Jisoo ပြုံးပြီး
"နင် နားမလည်ပါဘူး Seulgiရယ်.....ယောက်ကျားတိုင်းက ကောင်းတာ မဟုတ်ဘူး ပြီးကျ အိမ်ထောင်ဖက် သွားတွေ့တဲ့အခါ Jinwoo Oppaအတွက်လည်း မကောင်းဘူးလေဟာ "
Jisooရဲ့ မိဘတွေဖြစ်တဲ့ Degu က Kwon Sandaraတို့က Jisooကို အိမ်ထောင်ဖက် တွေ့စေချင်ပေမယ့် Jisooက သူမရဲ့ ရည်းစားကောင်လေးကို အားနာပြီး သွားမတွေ့လို့ သူမနဲ့ အလုပ်အတူတူလုပ်နေတဲ့ Seulgiက ပြောခြင်းဖြစ်သည်
"လာပြန်ပြီ Jinwoo Oppa ....နင် သူနဲ့လမ်းခွဲလိုက်စမ်းပါဟယ် LDRSက ကောင်းတာလည်း မဟုတ်ဘူး "
"Jinwoo Oppa ကို နာကျင်အောင် မလုပ်ရက်ပါဘူးဟာ ပြီးကျ ငါလည်း သူ့ကို သဘောကျနေတာကို "
Jinwooဆိုတဲ့ Jisooရဲ့ ရည်းစားကောင်လေးပါ....Jisooနဲ့ တွဲနေတာ နှစ်နှစ်ရှိပြီဆိုပေမယ့် Jinwooက UKမှာ အလုပ်လုပ်နေလို့ Jisooနဲ့ တစ်နှစ်မှ တစ်ခါနှစ်ခါသာ တွေ့ခွင့်ရသည် .....
LDRSဆိုလို့ သူများတွေလို နေ့တိုင်း လိုင်းပေါ် ဖုန်းတွေဆက် စကားပြောတယ် မထင်နဲ့ သူတို့နှစ်ယောက် နောက်ဆုံး ဖုန်းပြောခဲ့တာ နှစ်ပတ်လောက်တောင် ကြာပြီ....
Seulgiကတော့ Jisoo အပေါ် Jinwoက ဖောက်ပြန်နေတယ်လို့တောင် တွေးမိနေသည်....ဘာလို့ဆို Jinwoo ဘက်က Jisooကို ဖုန်းစခေါ်တာ ရှားတယ်လေ
"ငါ အကောင်းပြောနေတာ သူ နင့်ကို သစ္စာ ဖောက်သွားရင် ဘယ်လိုလုပ်မလည်း သူ နင့်ကိုနာကျင်အောင် မလုပ်ခင် နင်က သူ့ဘေးက ထွက်လာမှဖြစ်မှာ "