#Unicode
Jennie သူမကို ဖွင့်ပြောပြီးနောက် Jennieနဲ့ မတွေ့မိအောင် Jisoo ရှောင်နေသည်
Jennie အပြင်ထွက်သွားမှ Jisoo သူမ အခန်းထဲက ထွက်လာပြီး Tv ကြည့်လိုက်သည်
ဒီနေ့ သူမကြိုက်တဲ့ Running manအစီအစဥ် လာမှာလေ... ဒါကြောင့်မို့ Jennie ဘယ်အချိန် အပြင်သွားမလည်းဆိုတာ အခန်းထဲကနေ ချောင်းကြည့်ရတာ အမော ...
Jennie အပြင်ထွက်သွားပြီဆိုတာ သေချာမှ Jisoo အခန်းထဲက ထွက်လာခဲ့သည်
တစ်ချိန်လုံး ကွမ်ဆူကို စနောက်နေတဲ့ ဂျယ်ဆော့ကြောင့် Jisoo တဟားဟားနဲ့ ရယ်နေချိန် ရုတ်တရက် Jennie ပြန်ရောက်လာသောကြောင့် Jisoo ဘယ်ကို ထွက်ပြေးရမှန်းမသိ ဖြစ်နေသည်
အခုမှ ထပြီး အခန်းထဲ ပြေးရင်လည်း အဆင်မပြေနိုင်ဘူးဆိုတာ Jisooသိလို့... Jennieကို မသိချင်ယောင်ဆောင်ပြီး Running Manကိုသာ ဆက်ကြည့်နေသည်
မသိမသာနဲ့ Jennieကို လှမ်းကြည့်တော့ Jennieက သူမကို မကြည့်ဘဲ ဖုန်းပြောနေသည်
"ငါလည်း နင့်ကို တကယ် အရမ်းအရမ်း သတိရပါတယ် Nayeonရ.... "
"ဒါပေါ့ ဘယ်နေ့တွေ့မလည်း မနက်ဖြန်လား...နင် အားရဲ့လား ငါတော့ အဆင်ပြေတာပေါ့...."
Jisooမှာ Running Manကိုတောင် အာရုံမစိုက်နိုင် Jennie ဖုန်းပြောနေတာကို ခိုးနားထောင်နေမိသည်
"Nayeonက ဘယ်သူလည်း"
Jennie နဲ့ ဖုန်းပြောနေတဲ့ Nayeonကို ဘယ်သူလည်းဆိုတာ Jisoo သိချင်နေတယ်
"အခုထိ ဆွဲကြိုးလေး သိမ်းထားတယ်ပေါ့ အား....အဲ့တာကြောင့် နင့်ကို ငါ သဘောကျတာ "
Jennieပြောရင်း Jisooကို လှမ်းကြည့်လိုက်သည်
"Wait what. ...သူဘဲ အရင်တစ်ပတ်က ငါ့ကို ချစ်တယ်လို့ ဖှငျ့ပွောပွိီး ခုက ဘာလား "
Jisooက သူ့ကိုကြည့်နေလို့ Jennieက ဘာလည်းဆိုပြီး မျက်နှာအမူအရာနဲ့ လှမ်းစလို့ Jisoo ထိုင်နေရာက ထရပ်ပြီး
"ဘာလည်း ငါ သဝန်တိုနေတယ်ထင်နေတာလား လဲသေလိုက်....."
Jisoo ရန်ထောင်လိုက်ပေမယ့် Jennieက ပခုံးတွန့်ပြီး
"မဟုတ်ပါဘူး Nayeonရ အိမ်က puppyလေးပါ..Jisooတဲ့ နာမည်က ငါ့ကို ရန်လုပ်နေတာ..."
![](https://img.wattpad.com/cover/242099045-288-k929157.jpg)