#Unicode
Jisoo သရဲကားကြည့်ပြီးနောက် အိပ်ဖို့အတွက် သူမ အခန်းထဲ ဝင်လာသည်
ညအိပ်ဝတ်စုံလဲပြီးနောက် အခန်းတံခါးကို လော့ချကာ ကုတင်ပေါ်တွင် ပစ်လှဲလိုက်သည်
ရုတ်တရက် တံခါးက ပွင့်လာလို့ Jisoo လန့်သွားသည်
"ဟဲ့ ငါ လော့ချထားတာပါဟ ဘာဖြစ်လို့ ပွင့်လာတာလည်း "
Jisoo လန့်နေတုံး Jennie တစ်ယောက် ခေါင်းအုံးလေး ပိုက်ပြီး အခန်းထဲ ဝင်လာသည်
"တံခါးလော့ချထားတာကို နင် ဘယ်လိုဝင်လာ "
"ငါ့မှာ သော့အပိုရှိတယ်လေ "
Jennie သူ့ညအိပ်ဘောင်းဘီထဲက သော့ကိုထုတ်ပြလေသည်
"နေပါအုံး နင်က ငါ့အခန်းထဲ ဘာလာလုပ်တာလည်း "
"အဲ့တာ နင့်ကိုယ်နင် မေးရမှာ နင် ငါ့ကို သရဲကား ပြလို့ ငါကြောက်ပြီး တစ်ယောက်တည်းမအိပ်ရဲတော့ဘူး ဒါကြောင့် နင်နဲ့ လာအိပ်တာ "
Jennie စကားကြောင့် Jisoo မျက်လုံးပြူးသွားသည်
"ဘာ ငါနဲ့လာအိပ်တာ ဟုတ်လား ဟယ်....အိပ်လို့မရပါဘူး ကုတင်က သေးသေးလေး ပြီးကျ နင်နဲ့အတူ မအိပ်ချင်ပါဘူး ထွက်သွား "
"ဘာလို့ ထွက်သွားရမှာတုံး ငါ့အိမ်က အခန်း ငါနေလို့ရတာဘဲ "
Jennieပြောပြီး Jisoo ဘေးနား ခေါင်းအုံးလေး ချပြီး လှဲအိပ်လိုက်သည်
"Yah ငါ့အခန်းထဲက ထွက်သွားလို့ "
"မထွက်သွားချင်လို့တောင် ကုတင်ပေါ်ရောက်နေတာကို ဘာလို့ ဇွတ်နှင်ထုတ်နေတာလည်း Jisooရဲ့ "
"နင်က ငါ့အခန်းထဲ လာအိပ်တော့ ငါက ဘယ်သွားအိပ်ရမှာလည်း"
"ငါ့ဘေးမှာ အိပ်ပါဆို ဘာတွေ ခက်ခဲနေတာလည်း Jisooရဲ့ ........"
"ဟို "
"ငါရော နင်ရော မိန်းကလေးဘဲ အတူအိပ်လို့ ဗိုက်လည်း ကြီးမသွားဘူး ကြီးသွားအောင်လည်း ငါ့မှာ လုပ်စရာမပါဘူး "
Jennie စကားကြောင့် Jennieရဲ့ တင်ပါးကို Jisoo ဖြန်းခနဲ ရိုက်လိုက်သည်
"ဟဲ့ ဘာတွေလျှောက်ပြောနေတာလည်း "
"မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို ထိခြင်းက ဟိုစိတ်ကို ဖြစ်လာစေတယ်နော် Jisooသိလား "
