Part 10

1.4K 173 3
                                    

#Unicode

"Ash ပန်းကန်တွေဆေးရတာလောက် မုန်းတာ မရှိပါဘူးဆို ပန်းကန်တွေ ဆေးနေရပြန်ပြီ"

Jennie မီးဖိုခန်းထဲ ပန်းကန်ဆေးရင်း ညည်းညူလိုက်သည်

ဖြစ်ပုံက ဒီလို Jennie သရဲကြောက်လို့ Jisoo အခန်းသွားအိပ်ပြီး နိုးလာတော့ အိပ်ချင်မူးတူးနဲ့ ထရင်း အားသွင်းထားတဲ့ laptop ကြိုးကိုမမြင်ဘဲ ခလုတ်တိုက်လဲမိလို့ Jisoo laptop စားပွဲခုံပေါ်ကနေ ကျကွဲသွားတယ်လေ

Jennieက laptop အသစ် ပြန်ဝယ်ပေးမယ် ပြောပေမယ့် ငလည်မလေး Jisoo က စည်းကမ်းတွေဖျက်ပေးပြီး တစ်ရက်ခြားတစ်ခါ ပန်းကန်ကူဆေးပေးဖို့ ပြောလို့ Jennie လက်မခံချင်သော်လည်း လက်ခံပေးလိုက်ရတယ်လေ

"Shit. ...လူလေးနှစ်ယောက်တည်းနေပါတယ် ပန်းကန်တွေက ဆယ်ချပ်လောက်ရှိတယ် ဆေးရတာ တော်တော်ကို စားနိုင်တဲ့ Jisoo. ...ဒီလောက် အသေစားတာကို ဘာလို့ ဝမလာတယ် မသိ "

Jennie ပန်းကန်တွေ ဆေးပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ သူမ အခန်းထဲ ဝင်သွားပြီး ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်

ထိုစဥ် ဖုန်းမြည်သံကြားလို့ ယူကြည့်တော့ Mino (Jisooရဲ့ အကို) ဖြစ်နေသည်

"Hello Mino Long time no see "

Minoကို Jennie သူငယ်ချင်းတစ်ယောက်လို စကားပြောတယ်......ဟုတ်ပါတယ် သူမတို့က သူငယ်ချင်းတွေပါ Jennie နယူးဇီလန်ကို မသွားခင်က club ခဏခဏ သွားရင်း Minoနဲ့တွေ့ပြီး ခင်ခဲ့ရင်းနှီးသွားခဲ့ သူငယ်ချင်းဖြစ်ခဲ့ခြင်း ဖြစ်သည်

"အေးအေး Long time no see jennie "

"ငါ့ဆီ ဖုန်းမဆက်တာကြာပေါ့ ခုမှ တရေးနိုးတာလား "

"ဟုတ်ဘူး ငါ အကူအညီတောင်းစရာရှိလို့ "

"နင် အကူအညီလိုမှ ငါ့ဆီဖုန်းဆက်တာပေါ့လေ ဟုတ်လား "

"အာ မဟုတ်ပါဘူး Jennieရယ် နင်ဘဲ ကူညီနိုင်မှာမို့ "

"ဘာများလည်း"

"Jisooနဲ့ ဖုန်းပြောလို့ ရလားဟင် သူ ငါ့ဖုန်းကို မကိုင်လို့ "

"Man... Jisooက ဘယ်သူလည်း ငါ မသိပါဘူး "

"Jennie ရူးချင်ယောင်မဆောင်နဲ့ Jisooက ရဲစခန်းရောက်တာအစ အကုန်လုံး င့ါကိုပြန်ပြောပြထားတယ် ကဲပါ မိန်းကလေးချင်း တစ်အိမ်ထဲနေတာကို ဘာတွေရှက်နေ ...ဘာလည်း ငါ့ ညီမကို သဘောကျနေလား "

JJ's House (ကိုယ်တို့အိမ်ကလေး Or ချစ်စံအိမ်)Where stories live. Discover now