#Unicode
Jennie တစ်ယောက် Irene အိမ်မှာ အကြံဥာဏ်တောင်းလိုက် ဂဂျီဂဂျောင်လုပ်လိုက် မုန့်တွေယူစားလိုက်နဲ့ ညနေစောင်းသို့ ရောက်လာခဲ့သည်
"အာ ညနေရောက်နေပြီ ငါ အိမ်ပြန်တော့မယ် Irene "
"ကျေးဇူးတင်ပါတယ် ဘယ်ချိန် အိမ်ပြန်မလည်း ချောင်းနေရတာ...."
"Yah Unnieနော် တစ်ခါတစ်လေမှ ငါ အိမ်ကို လာတာလေးကို ကြည့် "
"တစ်ခါတစ်လေမှ လာပြီး ငါ့ကို ဆယ်နှစ်စာလောက် အိုစာသွားအောင် လုပ်နေတာလေ "
"ဟွန်း တော်ပြီ မနေဘူး ပြန်မယ် "
"အမလေး bye byeပါတော် "
Ireneကို ရန်လုပ်ပြီး Jennie သူမအိမ်သို့ ပြန်လာသည်
အိမ်ထဲဝင်ဝင်ချင်း သူမကို ခါးထောက်ကြည့်နေတဲ့ Jisooကြောင့် Jennie ကြက်သီးထလာသည်
"Hi "
Jennie သွားလေးစေ့ပြီး Jisoo ကို နှုတ်ဆက်လိုက်သည်
"ဘာ Hiတုံး တစ်နေကုန် ဘယ်သွားနေတာလည်း "
"Irene အိမ်....ဘာလို့လည်း "
"ဘာလို့လည်း ဟုတ်လား ...ဒီနေ့ နင် အိမ်ရှင်းရမယ့်နေ့လေ ဘာလို့ မရှင်းဘဲ သူများအိမ်လျှောက်လည်...."
အိမ်ပြန်ရောက်ရောက်ချင်း ပွစိပွစိ အပြောခံရသောကြောင့် Jennie သူမ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲကလို ပါးစပ်ပိတ်နည်း သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်
Jisooမှာ ရုတ်တရက် Jennieက သူမ နှုတ်ခမ်း လာနမ်းသောကြောင့် လန့်ပြီး မျက်လုံးပြူးသွားသည်
Jennieမှာ Jisooဆီက ပါးရိုက်ခံရလောက်မယ် တွေးမိပေမယ့် Jisooမှာ ဘာမှမလုပ်ဘဲ နောက်ဆုတ်သွားသည်
"Jisoo. ...နင့်ကို ငါ ချစ်တယ် ငါက စောင့်ရတာမျိုး မျိုသိပ်ထားရတာမျိုး မကြိုက်လို့ အခုလို ဖွင့်ပြောလိုက်တာ....."
"ဟင် "
Jennie စကားကြောင့် Jisoo တစ်ယောက် ထပ်ပြီး အံ့သြရပြန်သည်
"နင် လန့်သွားမယ်ဆိုတာ သိပါတယ် ဒါပေမယ့် ငါ မျိုသိပ်မထားနိုင်လို့ ခုလို ဖွင့်ပြောမိတာ.... ဘယ်ချိန်က နင့်ကို စချစ်မိတယ် မသိပေမယ့်....ငါ သိလိုက်တဲ့အချိန်မှာ နင်က ငါ့ရင်ဘတ်ထဲ ရောက်နေပြီ.... "
